အမျိုးသမီးများ မျိုးပွားအင်္ဂါနှင့် သန္ဓေအောင်ခြင်း
09-Apr-2019ကလေးသန္ဓေတည်မွေးဖွားသည့် အမျိုးသမီး မျိုးပွားအင်္ဂါတွင် အတွင်းမအဂါင်္များ (သားအိမ်၊
သားဥအိမ်၊ သားဥပြွန်)နှင့် ပြင်ပအင်္ဂါများ(သားအိမ်ခေါင်း၊ မွေးလမ်းကြောင်း၊ မိနိးမကိုယ်)
တို့ပါဝင်သည်။ မိနိးကလေးတစ်ဦးသည် ၁၀-၁၃ နှစ် အရွယ်ခန့်တွင်
အပျိုဖြစ်လာသည့်အတွက် သားဥအိမ်မှ သားဥများ စတင်ထုတ်လုပ်ပါသည်။ လစဉ် သားဥအိမ်တွင် သားဥတစ်ခုဖြစ်ပေါ်လာပါသည်။
မိန်းမတစ်ဦးသည် ဤအချိန်ကာလအတွင်း လိင်ဆက်ဆံပါက ယောကျ်ားအင်္ဂါမှ သုတ်ကောင်များသည်
သုတ်ရည်နှင့်အတူ သားအိမ်အတွင်းသို့ ရောက်ရှိလာပြီး ထိုမှတဆင့် သားဥပြွန်ထဲရှိ
သားဥအတွင်းသို့ သုတ်ကောင်ဝင်ရောက သွားသည့်အခါ သန္ဓေတည်သွားပြီး မိန်းကလေးမှာ
ကိုယ်ဝန်ရှိလာနိုင်ပါသည်။ ကိုယ်ဝန်ရှိပြီး ၉ လကြာသောအခါ ကလေးမွေးဖွားပါသည်။
အမျိုးသမီးမျိုးပွားစနစ်အကြောင်း သိရှိပြီးလျှင်
ရာသီသွေးပေါ်ခြင်းအကြောင်းကို သိရှိရန် လိုအပ်ပါသည်။ လစဉ်မိန်းကလေးတစ်ဦး၏ သားဥအိမ်မှ
သားဥတစ်လုံး ကြွေဆင်းလာပြီးနောက် သန္ဓေတည်ခဲ့ပါက အဆင်သင့်ဖြစ်ရန် သားအိမ်၏ အတွင်းသားများကို
တိုးပွားပြင်ဆင်မှုများ ဖြစ်ပေါ်လာပါသည်။ သားဥသည် သုတ်ကောင်နှင့် မထိတွေ့ပါက
သန္ဓေတည်ခြင်း မရှိသောကြောင့် သားအိမ်အတွင်းသားများ တိုးပွားပြင်ဆင်မှုများ
ပျက်ပြယ်ပြီး သွေးများနှင့်အတူ ကြွေကျလာပါမည်။ ၎င်းသွေးများသည် သားဥနှင့်အတူ
မိန်းမအဂါင်္မှတဆင့် ကျဆင်းလာပါမည်။ ဤ ဖြစ်စဉ်ကို ရာသီသွေးဆင်းခြင်းဟု ခေါ်ပါသည်။
ရာသီသွေး လာခြင်းမှာ ၂ ရက်မှ ၇ ရက်အထိလာနိုင်ပါသည်။ ရာသီသွေး အနည်းအများနှင့်
ရာသီသွေးလာသည့် အချိန်ကာလတို့မှာ မိနိးမတစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ အချို့မှာ
ရာသီလာချိန်တွင် နာကျင်မှုကို ခံစားရသော်လည်း အချို့မှာ မခံစားရပါ။ သားဥ၏ သက်တမ်းမှာ
၄၈ နာရီခန့်ရှိပါသည်။
ရာသီသွေးလာခြင်း၏ အကြောင်းအရင်းဖြစ်သော
သုတ်ကောင်နှင့် သားဥမပေါင်းစည်းရခြင်းမှာ မိန်းမတစ်ဦးအနေဖြင့် လိင်ဆက်ဆံမှု
မပြုခြင်းကြောင့်လည်းကောင်း၊ ပဋိသန္ဓေ တားဆေးကို အသုံးပြုခြင်းကြောင့်လည်းကောင်း၊
လိင်ဆက်ဆံသည့်အချိန်တွင် ကွန်ဒုံးကို စနစ်တကျသုံးခြင်းကြောင့်လည်းကောင်း
ဖြစ်နိုင်ပါသည်။ ကလေးရရန်ပါဝင်ဆောင်ရွက်သည့် အမျိုးသားအင်္ဂါ အစိတ်အပိုင်းများတွင်
ယောကျ်ားအဂါၤ (လိင်တံ)၊ နှင့် ဝှေးစေ့တို့ပါဝင်သည်။ ဝှေးစေ့မှ သုတ်ပိုးကို
ထုတ်လွှတ်၍ သုတ်ရည်ကြည်အိတ်မှ သုတ်ရည်ကြည်များ ထုတ်လွှတ်ပါသည်။ သုတ်ကောင ်၏သက်တမ်းမှာ
၇၂ နာရီခန့်ရှိပါသည်။ ယောကျ်ားလေးတစ်ဦးသည် လိင်ဆက်ဆံသည့်အခါ သုတ်ကောင်မြောက်မြားစွာတို့ကို
သားအိမ်အတွင်းသို့ ရောက်ရှိစေပါသည်။ သုတ်ရည်အတွင်းရှိ သုတ်ကောင်များစွာထဲမှ
တစ်ကောင်သာ သားဥတစ်ဥနှင့် တွေ့ဆုံလေ့ရှိပါသည်။ ထိုအခါ မိန်းမတွင် ကိုယ်ဝန်
ရှိလာပါမည်။ ကိုးလအကြာတွင် ကလေးမွေးဖွားပါသည်။
Credit : ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။