လက်သည်းကိုက်တဲ့အကျင့်ကို ဘယ်လိုဖျောက်မလဲ
11-Apr-2019လက်သည်းကိုက်တဲ့အကျင့်ဟာ ကလေးဘဝကတည်းကပါလာတဲ့ အကျင့်ဆိုးတစ်ခုဖြစ်ပြီး
လက်သည်းကိုက်တာကို ကလေး ၆၀ ရာခိုင်နှုန်း၊ ဆယ်ကျော်သက် ၄၅ ရာခိုင်နှုန်းလောက်ပြုလုပ်လေ့ရှိပါတယ်။
ငယ်ငယ်ကတည်းက အကျင့်ပါလာလို့ လက်သည်းကိုက်တာအပြင် စိတ်ခံစားမှုကြောင့်လည်း ကိုက်လေ့ရှိကြပါတယ်။
သရဲကားကြည့်နေတဲ့အခါ၊ ထိတ်လန့်စရာ အခြေအနေ ကြုံတဲ့အခါ၊ စိတ်လှုပ်ရှားနေတဲ့အခါ၊ ဆုံးဖြတ်ချက် ကြီးကြီးမားမားချရတော့မယ့်
အခြေအနေမျိုးနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် တစ်ခုခုရှိနေရင်လည်း လက်သည်းကိုက်မိလေ့
ရှိကြပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဒါဟာအကျင့်ဆိုးတစ်ခုဖြစ်တာမို့ လက်သည်းကိုက်တဲ့
အကျင့်ဖျောက်နိုင်မယ့်နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
လက်သည်းကို ခပ်တိုတို ညှပ်ထားတာမျိုး လုပ်ထားနိုင်သလို
လက်သည်းကိုက်လိုက်ရင် အရမ်းခါးတဲ့အရသာဖြစ်စေမယ့် လက်သည်းဆိုးဆေးမျိုးလည်း သုံးနိုင်ပါတယ်။
နောက်ပြီး လက်သည်းမကိုက်မိအောင် လက်သည်းကို တစ်ချိန်လုံးသနေပြီး သန့်ရှင်းရေးပိုင်းကိုပဲ
အာရုံထား လုပ်ဆောင်တာမျိုး လုပ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် လက်သည်းမကိုက်မိအောင်လည်း
တရားထိုင်တာမျိုး၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်တာမျိုး၊ ယောဂလေ့ကျင့်တာမျိုးတွေလည်း လုပ်ပေးနိုင်သလို
လက်အိတ်စွပ် ထားပြီးတော့လည်း ကာကွယ်နိုင်ပါတယ်။ ဒါတင်မက လက်သည်းထိပ်တွေမှာ ပတ်တီးလေးတွေ
စည်းတာမျိုး၊ တိပ်ပတ်ထား တာမျိုးနဲ့လည်း အကျင့်ဖျောက် နိုင်ပါတယ်။ နောက်တစ်ချက်က လက်သည်းကိုက်ချင်စိတ်ပေါ်လာတဲ့အခါ
ဘောင်းဘီ၊ အကျႌအိတ်ထဲ လက်ထည့်ထားတာမျိုးလုပ်နိုင်သလို လက်သည်းတုတွေတပ် ခြင်းဖြင့်လည်းလက်သည်း
မကိုက် မိအောင် ကာကွယ်နိုင်ပါတယ်။
Credit : 7Day Daily
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။