Print

သံကောင် တုုတ်ကောင် လျော့မတွက်စေလိုု

  14-Apr-2019
Preview Image

ခန္ဓာကိုုယ်ထဲမှာရှိနေတတ်တဲ့ တုုတ်ကောင်သန်ကောင်တွေနဲ့ ပတ်သတ်သမျှဟာ အမေရိကန်မှာတော့ ကူးစက်ရောဂါအဆင့်အထိ သတ်မှတ်ထားပါတယ်။ အမေရိကန်လူမျိုး ၈၅% ရဲ့ ဝမ်းထဲမှာ တုုတ်ကောင်သန်ကောင် ပိုုးများကူးစက်ခံနေရပါတယ်။ ဒါကြောင့်မိုု့ ဆေးပညာရှင်တွေက ခြောက်လတစ်ခါ သံချဘိုု့၊ စားသောက်ဆိုုင်ရွေးစားဘိုု့နဲ့ အိမ်မွေးတိရစ္ဆာန်လေးများကိုု ကိုုင်တွယ်ပြီးတဲ့အခါတိုုင်း သေချာဆေးကြောဘိုု့ အကြံပေးထားပါတယ်။ ဖြစ်ချင်တော့ ခန္ဓာကိုုယ်ထဲက ကပ်ပါးပိုုးကောင်တွေနဲ့ပတ်သတ်လိုု့ ဆရာဝန်တော်တော်များများ သေသေချာချာ မလေ့လာထားကြပါဘူး။ အလွန်အရေးကြီးတဲ့ အဆင့်ရောက်ပြီး ကပ်ပါးကောင် သန်ကောင်တွေကိုု မျက်စေ့နဲ့ တတ်အပ်မြင်ရလောက်တဲ့ အခြေနေကျမှသာ သိကြရတာပါ။ လူတိုုင်းဟာ နေ့စဉ်ဘဝ လူနေမှုမှာ ကပ်ပါးကောင်များ ခန္ဓာကိုုယ်တွင်း ဝင်ရောက်ကူးစက်နိုုင်ခွင့်နဲ့ အမြဲကြုံတွေ့ နေကြရပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ပုံမှန်ပဲလိုု့ မှတ်ယူတတ်ကြပါတယ်။ ကပ်ပါးကောင်သံကောင်တွေကြောင့် မအီမသာဖြစ်တာတွေကိုုလဲ နေ့စဉ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမာန်နေမကောင်းတာတွေလိုု့ပဲ မှတ်ယူခဲ့ကြပါတယ်။

ကပ်ပါးကောင်သံကောင်တွေကြောင့် ကိုုယ်တွင်းအခြေအနေ ပျက်စီးခြင်းက အတိုုင်းအဆမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုုတော့ သံကောင်အမျိုးအစား တော်တော်များများရဲ့ အရွယ်ပမာဏဟာ အလွန်သေးငယ်ပြီး ခန္ဓာကိုုယ်ရဲ့ ဘယ်နေရာမျိုးမဆိုု အသားငံရေ သွေးတိုု့ကတဆင့် ခရီးပေါက်နိုုင်ကြပါတယ်။ ကပ်ပါးသံကောင်တွေဟာ လူတွေရဲ့ အာဟာရတွေကိုုလဲ စားသုံးကြပါတယ်။ အရေပြားရောင်ရမ်းယားနာခြင်းတွေကလဲ ကပ်ပါးသံကောင်တွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုုယားယံမှုမျိုးတွေဟာ ကပ်ပါးသံကောင်တွေကိုု မနှိမ်နင်းပဲနဲ့ မပျောက်နိုုင်ပါဘူး။ တချို့ကတော့ ကုုသမရဘူးလိုု့ ထင်မြင်ယူဆကြပြီး autoimmune disorder ခုုခံအားစနစ် ယိုုယွင်းခြင်းလိုု့ ခေါင်းစဉ်တတ်ကြပါတယ်။

Heart worms: ဒီလိုုသံကောင်အမျိုးစားကတော့ လူ့ခန္ဓာကိုုယ်ထဲမှာ တွေ့ရဘိုု့ အလွန်အမင်းရှားပါးပါတယ်။ တကယ်လိုု့ တွေ့ရပြီဆိုုရင်လဲ နှလုံးထဲမှာထက် အဆုုတ်ထဲမှာ တစ်ကောင်ထဲတွေ့ရလေ့ရှိပါတယ်။ ဒီလိုုကောင်တွေဟာ လူတစ်ယောက်ကနေတစ်ယောက်ကိုု မကူးတတ်ပါဘူး။ ခြင်ကိုုက်ခံရတာကနေ ကူးစက်နိုုင်ပါတယ်။Tape worms: ဒီလိုု သံကောင်တွေကတော့ အမဲသား ငါး ဝက်သားစတဲ့ အသားတွေ ကိုု စားသုံးရာကနေ ကူးတတ်ပါတယ်။ အထူးသဖြင့် သေချာစွာ မကျက်ရင် ပိုုဖြစ်နိုုင်ပါတယ်။ အောက်ဘက်ရှိ အူတွေထဲမှာ နေကြတာများပါတယ်။ မကူးစက်နိုုင်အောင် အသားငါးတွေကိုု လက်အိပ်နဲ့ ကိုုင်တွယ်ဆေးကြောပြီး လက်ကိုု ဆပ်ပြာနဲ့ပြောင်စင်အောင် ပြန်ဆေးသင့်ပါတယ်။

Pin worms: တုုတ်ကောင်လို့ ခေါ်ပြီး အူတွေနဲ့ အဆုုတ်ထဲမှာ ခိုုအောင်းနေလေ့ရှိပြီး ညအချိန်ကြရင် စအိုုဝကိုု ဥများဥချဘိုု့ ဆင်းလာလေ့ရှိပါတယ်။ ဥကပြန်ပေါက်တဲ့ အကောင်သေးလေးတွေက စအိုုထဲကနေ ခန္ဓာကိုုယ်ထဲပြန်ဝင်ကြပါတယ်။ ညအခါ စအိုုဝယားလိုု့ လက်နဲ့ ကုုတ်မိတဲ့အခါ လက်သည်းထဲမှာ ဥတွေပါလာတတ်ပြီး ထိုုလက်နဲ့ထိတဲ့ မည်သည့်နေရာမဆိုု ဥများ ပြန့်နှံ့ကျန်နေတတ်ပါတယ် ။ လေထဲမှာ လွင့်နိုုင်လောက်တဲ့ အထိဥများကသေးမွှားပါတယ် ။အသက်ရှူတဲ့ အခါလဲ ဝင်ရောက်ပါသွားနိုုင်ပါတယ်။ ဒါကြောင့် အဆုုတ်ထဲအထိ ရောက်နိုုင်ပြီး အသက်ရှင်နိုုင်ပါတယ်။ Hook worms and thread worms: ဒီအမျိုးအစားကတော့ သောက်ရေမသန့်ရှင်းတာကနေ ကူးစက်တတ်ပါတယ်။ ဒါမှမဟုုတ်ခြေထောက်ကနေ တဆင့်ကူးစက်လာတတ်ပါတယ်။ အရွယ်အားဖြင့် အလွန်သေးငယ်ပြီး ခြေဗလာရဲ့ အရေပြားကနေ ခန္ဓာကိုုယ်ထဲအထိ အရေပြားမှာ
ပြတ်ရှရာမရှိဘဲနဲ့ကိုု ဝင်ရောက်နိုုင်ပါတယ်။ ဒါကြောင့်မိုု့ သန့်ရှင်းတဲ့ဖိနပ်ကိုု အမြဲဝတ်ထားဘိုု့ လိုုအပ်ပါတယ်။ ဒီကပ်ပါးသံကောင်အမျိုးအစားက နှစ်ပေါင်းများစွာ အသက်ရှင်နေနိုုင်ပါတယ်။ ဥများကိုုလဲ ဆယ်နှစ်အထိ ဥချနိုုင်ကြပါတယ်။

Symptoms of Parasite Infection ( ကပ်ပါးကောင်ကူးစက်ခံရပြီဆိုုရင် )

- ဝမ်းဆက်တိုုက်လျှောခြင်း ဒါမှမဟုုတ် ဝမ်းချုပ်ခြင်း Repeated diarrhea or constipation
- အကြောင်းမဲ့ ပျို့ခြင်း တစ်ခါတစ်ရံအန်ခြင်း Chronic, unexplained nausea, often accompanied by vomiting
- အလွန်တရာ ပင်ပန်းလွယ်ခြင်း အားနည်းလွယ်ခြင်း Fatigue and weakness
- အူအောင့်ခြင်း ဗိုက်အောင့်ခြင်း Intestinal cramping
- အာရုံများ မူးနောက်တတ်ခြင်း Unexplained dizziness
- အာပုုတ်နံ့နံခြင်း Foul-smelling gas
- အစာမကြေခြင်း Indigestion
- လေပွခြင်း လေပူထခြင်း Bloating
- အစားအသောက် ဓာတ်မတည့်ခြင်းများ Multiple food allergies
- ခံတွင်းပျက်ခြင်း Loss of appetite
- စအိုုဝယားယံခြင်း အထူးသဖြင့် ညအခါ Itching around the anus, especially at night
- အိပ်ပျော်ရန်ခက်ခဲခြင်း Difficulty sleeping
- ကျန်းမာသော ခန္ဓာကိုုယ်အလေးချိန် ထိန်းထားရန်ခက်ခဲခြင်း (ဝခြင်းနှင့် ပိန်ခြင်း) Difficulty maintaining a healthy weight (over or underweight)
- ခြေဖဝါးများယားယံခြင်း Itching on the soles of the feet, often accompanied by a rash
- အလွန်များလာလျှင် ချောင်းဆိုုးသည့်အခါ သွေးပါလာခြင်း Coughing blood (severe cases)
- နှလုံးခုုန် အလွန်မြန်လာခြင်း Palpitations (hook worms)
- သွေးအားနည်းခြင်း Anemia
- မျက်လုံးတဝိုုက် ယောင်အမ်းခြင်း Facial swelling around the eyes (round worms)
- ကြက်ညှာချောင်းဆိုုးခြင်း အန်ခြင်း အစာအိမ်အောင့်ခြင်း လေပူပွထခြင်း Wheezing and coughing, followed by vomiting, stomach pain and bloating (suggesting round worms or thread worms)

Allopathic Treatments

ဆရာဝန်က သံကောင်တုုတ်ကောင်ရှိပြီဆိုုရင် anti-parasitic ဆေးပေးပါလိမ့်မယ်။ ထိုုဆေးများဟာ အမြဲအဆိပ်အတောက်ရှိတဲ့အတွက် အရည်ကျိတ်များ ယောင်ယမ်းခြင်း ခြေလက်များ ယောင်ခြင်းတိုု့ အနည်းငယ်ဖြစ်နိုုင်ပါတယ်။ မျက်စေ့ဝါးခြင်း ဝေသီခြင်း အကျောတက်ခြင်းဖြစ်တတ်ပါတယ်။ ဝမ်းလဲ လျှောတတ်ပါတယ်။ ကပ်ပါးကောင်များ
သေသွားသောအခါ အသေကောင်များ ပုုတ်ခြင်းမှထွက်လာသော အညစ်အကြေးများအဖြစ် လူ၏ခန္ဓာကိုုယ်တွင်းတွင် ကျန်ရှိနေသည်။ သန်ကောင်တချို့က အူအောက်ဆုံးပိုုင်းအထိ ထွက်ပြေးခြင်းများ ရှိတတ်သောကြောင့် ရုုတ်တရက် ဝမ်းဗိုက်စူးအောင့်ခြင်းများ ကြုံတွေ့ရနိုုင်သည်။ သံကောင်များ သေဆုံးသွားသော်လည်း ပုုတ်သိုုးသွားသော သံကောင်အကြွင်းအကျန်များ ရှင်းလင်းရန် ကျန်နေသေးသည်။ ဤဖြစ်စဉ်တစ်ခုုလုံးကြောင့် သင်၏ခန္ဓာကိုုယ်သည် သံမချခင်ကထက်ပိုုပြီး နေမကောင်းဖြစ်နိုုင်သည်။ သိုု့သော်လည်း ယာယီသာဖြစ်သည်။ ကိုုယ်တွင်းအင်္ဂါသန့်ရှင်းရေး ပြယုုက်ဖြစ်သည်။ ဤဖြစ်စဉ်ကိုု Herxheimer reaction သေသွားသော သံကောင်များ၏ အဆွေးများကြောင့် ထွက်လာသော အဆိတ်အတောက်များကြောင့်ဖြစ်သော မအီမသာဖြစ်ခြင်းဟုု ခေါ်သည်။ ပင်ပန်းခြင်း ရွံခြင်းများ ဖြစ်ပေါ်နိုုင်သည်။ ကျန်သည့် နေ့စဉ်ဘဝကတော့ ပုံမှန်အတိုုင်းသာ လည်ပတ်နိုုင်ပါသည်။ ဝမ်းအများကြီး မလျှောသင့်ချေ။ အင်အားတိုုးပွားမည့်ခုုခံအား ကောင်းစေမည့် အစားအသောက်များ ရွေးချယ်စားသောက်သင့်သည်။ သင့်အူမကြီး သံကောင်များ ကပ်ပါးကောင်များ ကင်းစင်သွားသောအခါ လန်းဆန်းရွင်လန်းပြီး အားအင်များ ပြည့်ဖြိုးလာပါလိမ့်မည်။ မကြာခဏဖျားနာ နေမကောင်းခြင်းများလည်း မဖြစ်တော့ချေ။

Credit : Kai

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18