ကိုယ်ဝန်ဆောင်မိခင်များ Ultrasound (တယ်လီဗွီးရှင်းဓာတ်မှန်) ဘာကြောင့်ရိ...
15-Apr-2019- Ultrasound တယ်လီဗွီးရှင်းဓာတ်မှန်လို့ ပြောလိုက်တာနဲ့
မိခင်လောင်းတိုင်းက ကိုယ့်ရင်သွေးလေး ယောကျာ်းလေးလား မိန်းကလေးလား သိချင်စိတ်နဲ့ ရိုက်ကြည့်ချင်ကြတာပါ။
- Ultrasound ရိုက်သင့်သော အခြေအနေများ
- ရာသီပေါ်ရက် မမှတ်မိသူများ
- ကိုယ်ဝန် ၁၁ ပတ်မှ ၁၃ ပတ်တွင်း ၁ ကြိမ်
- ကိုယ်ဝန် ၁၈ ပတ်မှ၂၁ ပတ်တွင်း ၁ ကြိမ်
- ၂၀ ပတ် ဝန်းကျင်ရိုက်သော USG တွင် အချင်းအနေထားမမှန်ပါက
ကိုယ်ဝန် ၈ လကျော်တွင် ထပ်ရိုက်ရန်လိုသည်
- လရင့်ကိုယ်ဝန် ကလေးအနေထားမမှန်ပါက
- ဝလွန်းသောကြောင့် ကလေးအနေထား ကောင်းစွာစမ်းသပ်မရသည့်အခါ
- ကလေး အလှုပ်နည်းပါက
- အမြွှာပူး ကိုယ်ဝန်ဆောင်များ
အခြား အကြောင်းအရာ များစွာရှိသည့်အနက် အကျဉ်းသာဖော်ပြထားပါသည်။
မိမိနှင့်ပြထားသော ဆရာဝန် OG မှ လိုအပ်ပါက ညွှန်ကြားသည့်အတိုင်း
လိုက်နာသင့်ပါသည်။
USG ရိုက်ခြင်းဖြင့် ဘာတွေသိနိုင်သလဲ
-------------------------------------------
- ကိုယ်ဝန် လ ခန့်မှန်းမွေးရက် ခန့်မှန်းသိရှိနိုင်
- ၁ ယောက်တည်းလား အမြွှာပူးလေးလား
- ကိုယ်ဝန်က ပုံမှန်တိုင်း ရှိရမည့်နေရာတွင်ရှိမရှိ
- ကလေးအနေအထားမှန်မမှန်
- အချင်းအနေအထား
- သားအိမ် သားဥအိမ် စသည့်နေရာများတွင် အခြားရောဂါရှိမရှိ
- ရေမွှာရည် အနည်းအများ
- ကလေး ကျန်းမာရေး ကောင်းမကောင်း
- မွေးရာပါ ကိုယ်လက်အင်္ဂါစုံမစုံ
- ယောကျာ်းလေး မိန်းကလေးစသည့် အချက်အလက်များစွာသိရှိနိုင်သည်။
အကြမ်းဖျဉ်းအားဖြင့် USG ရိုက်ခြင်းဖြင့် မိခင်ရော သန္ဓေသားပါ
ကျန်းမာရေး မထိခိုက်နိင်ပါ ။
Credit : အမျိုးသမီး မိခင်လောင်းများအတွက် မှတ်ဖွယ်မှတ်ရာ အဖြာဖြာ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။