ဝမ်းလျှောရောဂါကို အိမ်တွင် ကုသရန်အတွက် အချက် (၄) ချက်
16-Apr-2019၁။ ကလေးအားခါတိုင်းထက် အရည်ပိုတိုက်ပါ။ ဓာတ်ဆားရည်၊ ထမင်းရည်၊
ဆန်ပြုတ်၊ စွပ်ပြုတ်၊ လတ်ဆတ်သော သစ်သီးဖျော်ရည်၊
ရေနွေး ကြမ်း (သို့) ရိုးရိုးသောက်ရေ၊ အုန်းစိမ်းရည်တိုက်ကျွေးနိုင်သည်။ အသက် (၆) လအောက်
ဖြည့်စွက်စာ မကျွေးရသော ကလေးအား ဓာတ်ဆားရည် (သို့)
မိခင်နို့တိုက်ပါ။ ကလေးသောက်နိုင်သမျှ ဝမ်းရပ်သည်အထိ အရည်ဆက်တိုက်ရန်လိုသည်။
၂။ အစာဆက်ကျွေးပါ။
• မိခင်နို့မကြာခဏတိုက်ပါ။
• မိခင်နို့မတိုက်သော ကလေးဖြစ်ပါက တိုက်နေကျနို့ ဆက်တိုက်ပါ။
• ၆ လနှင့်အထက်ကလေးများအား
- ထမင်းပျော့ပျော့ကျွေးပါ။ အသား၊ ငါး၊ ပဲနှင့် အသီးအရွက်တို့ကို
ရောကျွေးပါ။
- ထမင်းတစ်ခါကျွေးတိုင်း ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း (သို့)
နှစ်ဇွန်း ရောကျွေးပါ။
- လတ်ဆတ်သော သစ်သီးရည် (သို့) ငှက်ပျောသီးချေ၍ ကျွေးပါ။
- အစာကိုနူးနပ်စွာချက်ပါ။
- တစ်နေ့ (၆) ကြိမ်ကျွေးပါ။
- ဝမ်းရပ်သွားသော်လည်း ပုံမှန်ထက် တစ်နေ့တစ်ကြိမ်ပို၍
နှစ်ပတ်ခန့်ဆက်ကျွေးပါ။
၃။ ဇင့်ဆာလဖိတ်ဆေးပြားကို ၁ဝ ရက် (သို့) ၁၄ ရက်တိုက်ပါ။
တိုက်ကျွေးရမည့်
ဇင့်ဆာလ်ဖိတ်ဆေးပြားပမာဏ (ဆေးပြားတစ်ပြား = ၂ဝ mg)
၄။ ကလေးငယ်အား ကျန်းမာရေးဌာနဝန်ထမ်းများထံ ခေါ်သွားရမည့်အခြေအနေ
• အစာမစားနိုင် (သို့) ရေမသောက်နိုင်လျှင်
• ကလေးပို၍ နေမကောင်းဖြစ်လျှင် (ဝမ်းပိုသွားခြင်း၊ မကြာခဏအန်ခြင်း၊
ရေအလွန်အမင်းငတ်ခြင်း)
• ဖျားလာလျှင်
• ဝမ်းတွင်သွေးပါလျှင်
အန္တရာယ်လက္ခဏာများစောင့်ကြည့်၍ တွေ့ရှိပါက ကျန်းမာရေးဝန်ထမ်းများနှင့်
ပြသခြင်း အဓိကသတင်းစကားများ
• အရည်မသောက်နိုင်ခြင်း (သို့) နို့မစို့နိုင်ခြင်း
• စားသောက်သမျှအန်ခြင်း
• တက်ခြင်း
• မှိန်း၍ အနှိုးရခက်ခြင်း၊ သတိလစ်ခြင်း
• ပို၍ နေမကောင်းဖြစ်ခြင်း
• အဖျားတက်လာခြင်း
Credit : အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။