Print

အမျိုးသမီးများ အားလုံးလုပ်သင့်တဲ့ Kegels Exercises (or) Pelvic floor E...

  21-Apr-2019
Preview Image


ကိုယ်ဝန်ဆောင်သူ အမျိုးသမီးများဟာလည်း ကိုယ်ဝန် ၁၂ ပတ်လောက်မှစတင်ကာ တင်ပါးဆုံနှင့် အနီးတဝိုက် ကိုယ်ဝင်းကြွက်သားများ ကြံ့ခိုင်မူလျှော့ကျလာခြင်း၊ သန်မှာမှု လျှော့နည်းလာခြင်းတို့ကြောင် Pelvic floor လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ထို့အတူ ရိုးရိုးသဘာဝမွေးဖွားဖို့ ဆုံးဖြတ်ထားသူ မိခင်လောင်းများလည်းလေ့ကျင့် ထားသင့်ပါတယ်။ ကလေးမီးဖွားပြီးချိန်မှာလည်း အထူးပြန်လည်ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ တင်ပြပေးလိုက်ပါတယ်။ ထို့အတူ Dr. တင့်ဆွေရေးသားထားတဲ့ ဒီလေ့ကျင့်ခန်း အကြောင်းလေးနဲ့ပြုလုပ်ပုံကိုလည်း ထပ်မံဖြည့်စွပ်တင်ပြပေးလိုက်ပါတယ်။

“တသားမွေး တသွေးလှ” ဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်းအင်္ဂါတွေပါ ကျန်းမာသန်စွမ်းဘို့ လိုသေးတယ်။ အမျိုးသမီး ကြီး-ငယ်မဟူ၊ အပျိုရော အအိုပါ၊ တစ်ဒေါ်လာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း၊ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့ နည်းကို ရေးပါမယ်။ ကိုယ်ဝန် တစ်ခါဆောင်ရင် တစ်ခါ အတွင်းအင်္ဂါတွေ အားနည်းစေတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ဝင်နိုင်တယ်။ စားဆေး-ထိုးဆေးနဲ့ မရပါ။ နတ်ရေကန်ထဲလဲ ဆင်းမရ၊ Pelvic floor exercises လုပ်မှ ကောင်းတယ်။ တင်ပါးဆုံအောက်ခံလေ့ကျင့်ခန်းဖြစ်တယ်။ အိမ်ထောင် မကျသေးသူတွေလဲ တချို့ဖြစ်တတ်လို့ ငါန်းဇွန်နယ်မှာ တစ်ယောက်ခွဲတောင် ပေးရသေးတယ်။ သားအိမ်ကျ၊ ဆီးအိမ်ကျ၊ Rectocele အစာဟောင်းအိမ်ကျ၊ ဆီးမထိန်းနိုင်တာ။ ဒီလို ရောဂါတွေသာမက (ဗဂျိုင်းနား) ကြွက်သားတွေ အားပြော့နေတာလဲ ကျန်းမာရေး-လူမှုရေး ပြဿနာဘဲ။

တင်ပါးဆုံ-အရိုးကွင်းထဲမှာ အင်္ဂါတွေ အများကြီးရှိတယ်။ ယောက်ျား-မိန်းမ နည်းနည်းမတူကြဘူး။ လူတစ်ယောက်ကို တစ်ဖက် မျက်နှာမူခိုင်းပြီး ဘေးတည့်တည့်ကနေကြည့်ရင် ရှေ့ဆုံးမှာ ဆီးစပ်ရိုး၊ နောက်မှာ ဆီးအိမ်၊ နောက်မှာ မိန်းမတွေမှာသာရှိတဲ့ သားအိမ်၊ နောက်ဆုံးမှာ အစာဟောင်းအိမ်ရှိတယ်။ ယောက်ျားတွေမှာသာ ဆီးအိမ်အောက်ကပ်နေတဲ့ ဆီးကျိတ်ရှိတယ်။ မိန်းမတွေမှာ သားအိမ် အောက်က တစ်ဆက်တည်း မွေးလမ်းကြောင်းရှိတယ်။ အစာဟောင်းအိမ် အောက်ကဆက်နေတာက စအို။ ဒီအင်္ဂါတွေကို သူ့နေရာသူ ပုံမှန်ရှိနေအောင် ကြွက်သား၊ အရွတ်ပြားတွေကနေ ထိန်းပေး-တည့်ပေး-မ ပေးထားတယ်။ ထိန်း-တည့်-မ လုပ်ပေးတာတွေ အားနည်းလာရင် ပြောခဲ့သလို အမျိုးမျိုး ဖြစ်လာစေနိုင်တယ်။ သိတဲ့အတိုင်း ကြွက်သားဆိုတာ လေ့ကျင့်ပေးရင် သန်မာစေနိုင်လို့ လေ့ကျင့်ပေးရမယ်။ အရင်ဆုံး ဘယ်ကြွက်သားတွေကို လေ့ကျင့်ရမလဲ သိအောင်လုပ်ရတယ်။ ဆွဲကိုင်မပြနိုင်လို့ သင်ပြပေးရတယ်။ လွယ်ပါတယ်။ ကိုယ့်ဖါသာ ဆီးသွားနေရင်း ဆီးမကုန်ခင် ဆီးသွားတာ ရပ်သွားအောင် ကြိုးစားကြည့်ပါ။ ဘယ်နေရာကို Squeeze and lift ညှစ်၊ မ-တင်ပေးရင် ဆီးရပ်မလဲဆိုတာ ကိုယ်တိုင် သိလာလိမ့်မယ်။ စအိုနဲ့ မွေးလမ်းပေါက်တွေကို ပိတ်ပြီး ဆွဲတင်သလို လုပ်ရတယ် မဟုတ်လား။ အထက် နဲ့ အတွင်းထဲဆီကိုပါ။

သေချာအောင် စစ်မယ်။ လေ့ကျင့်နေတုံးမှာ တင်ပါးကို ဆွဲတင်တာ လှုပ်တာ မဖြစ်စေပါနဲ့။ ပေါင်-ခြေတွေလဲ ညှစ်တာမျိုး မလုပ်ရပါ။ အသက် အောင့်စရာမလိုပါ။ သိပြီဆိုရင် သက်တောင့်သက်သာ အနေအထား (လဲှနေရင်း) စလုပ်ပါ။ အဆင်ပြေလာတဲ့အခါ ထိုင်ရင်းလုပ်ပါ။ နောက်ဆိုရင် အလုပ်လုပ်နေရင်းလဲလုပ်ပါ။ အချိန်မရွေး လုပ်နိုင်ပါတယ်။ ကြွက်သားတွေကို ညှစ်ထိန်းထာတာကို အစမှာ ၂ စက္ကန့်၊ နောက် ၁ဝ စက္ကန့်ကြာအောင် ကြိုးစားပါ။ ကျွမ်းကျင်လာပြီဆိုရင် ထပ်အဆင့်မြင့်ပါ။ အသက် မှန်မှန်ရှူပါ။ ကြွက်သားတွေကို ဆွဲတင်ပြီးနောက် ပြန်လျှော့ချတာကို ဇတ်ကနဲ လုပ်လိုက်ပါ။ တင်းတာထက် ချတာက မြန်ပါစေ။ ၁ဝ ကြိမ် ဆက်တိုက် လုပ်ပါ။ တခါလုပ် ၈-၁ဝ ကြိမ်၊ တနေ့မှာ ၃ ခါလုပ်ပါ။ တကယ်လို့ ကိုယ့်က ချို့ယွင်းနေလို့ ပြုပြင်ရသူဆိုရင် ပိုလုပ်ရပါမယ်။ ချို့ယွင်းနေတယ်ဆိုတာ၊ သားအိမ်ကျချင်နေတာ၊ ဆီးအထိန်းရခက်တာ၊ (ဗဂျိုင်းနား) မှာ တစ်ဆို့ဆို့ဖြစ်နေတာ၊ (ဗဂျိုင်းနား) တင်းအားလျှော့နေတာ။ ဒီလေ့ကျင့်ခန်းဟာ ဆီးမထိန်းနိုင်တဲ့ရောဂါ Stress urinary incontinence ကိုပါ ကုနိုင်တယ်။ ပိုဆိုးတဲ့ Urge urinary incontinence ကိုတော့ မရနိုင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာပါ လုပ်သင့်တယ်။


အမျိုးသမီးတိုင်းမှာ သတိထားစရာတွေရှိတယ်။ ဝမ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင် မ-တာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတဲ့ အခါမျိုးတိုင်းမှာပါ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို ထိန်းပေးထားရမယ်။ လက်လွတ်စပယ် မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဆောင့်ကြောင့် မထိုင်ပါနဲ့။ Toilet သုံးတာမှာ ဒူးကို ၉ဝ ဒီ၈ရီ ထားလို့ရတာမျိုးသာသုံးပါ။ ပက်လက်အိပ်နေရင်း
ခြေထောက်မြှောက်တာကို ၂ ဖက်လုံး တပြိုင်နက် မလုပ်ပါနဲ့။ လုပ်ရရင်လဲ သတိရှိပါ။ မတ်တပ်ရပ်နဲ့ ခြေ ၂ ဖက် ဆန့်ပြီး ခါးကုံးတာမျိုး ဆင်ခြင်ပါ။ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို တွန်းထုတ်သလို မဖြစ်စေနဲ့။ ဆီးသွားတာကို တကယ် ဆီးအိမ်တင်းနေမှသာ သွားပါ။ ဝမ်းမချုပ်ပါစေနဲ့။ ဒါပေမဲ့ ဝမ်းနုတ်ဆေး ခဏခဏမသောက်ပါနဲ့။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်နဲ့ ဝမ်းသွားအောင် လုပ်ပါ။ ဝမ်း-ဆီး များများသွားရရင် ORS ဓါတ်ဆားရည်သောက်ပါ။ ရေနွေးကြမ်းသောက်ပါ။ အုန်းရည်သောက်ပါ။ ငှက်ပျောသီး၊ လိမ်မော်သီးစားပါ။


Ref:
Dr. တင့်ဆွေ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18