Print

ကိုယ်ဝန်ရစေဖို့အကူ အညီဖြစ်စေမည့် နည်းလမ်းကောင်းများ

  03-May-2019
Preview Image

( ၁ ) အဟာရရှိပြီးကျန်းမာစွာ နေထိုင်ခြင်း

အဟာရရှိမည့် အစားအစာများကို ရွေးချယ်စားသောက်ခြင်းဟာ ကိုယ်ဝန်ရစေဖို့ အခွင့်အရေးကို အလျှင်အမြန် တိုးတက်စေမည့် နည်းတစ်နည်းဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ် ပေးခြင်းနှင့် ကျန်းမာစွာစားသောက်ခြင်းတွေဟာ သင့်ကိုယ်ခန္ဓာအား အကောင်းဆုံ ပုံစံရစေပြီး ကိုယ်ဝန်ရစေရန် အထောက်အကူပြု ပါလိမ့်မယ်။ မျိုးအောင်ဖို့အတွက်ကို အထောက်အကူပြုစေဖို ့သင်ဟာ သန့်ရှင်း လက်ဆပ်တဲ့ အသီးအနှံတွေ၊ အရောင်ပေါင်းစုံတဲ့ မတူညီတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးရပါမယ်။ ဘယ်ရီသီးအမျိုးမျိုး၊ ငရုတ်ပွ အနီရောင်၊ ခရမ်းချဉ်သီး၊ အစိမ်းရောင် အရွက်များစ သည်ဖြင့် အဟာရပြည့်ဝစာများကို မကြိုက်သော်လည်း စားသုံးသင့်ပါတယ်။ ထိုအတူ ဇင့်ဓာတ်ကြွယ်ဝသော ကမာကောင် ကဲ့သို့သော အစားအစာများ၊ ဖော်လစ်( Folic) ကြွယ်ဝသောအစားအစာများဖြစ်တဲ့ ထောပတ်သီး၊ Broccoli ၊ ဟင်းနုနယ်ရွက် ကဲ့သိုသော အစာများကိုလည်း စားသုံးသင့်ပါတယ်။ အဟာရဖြစ်စေမည့် အသီးများ၊ အသားများဟာ သင့်ကို အမေ တစ်ယောက်ဖြစ်လာစေဖို့ အထောက်အကူဖြစ်စေမှာပါ။ ဒီလို အစားအသောက် ပုံစံ သုံးမျိုးကို ပုံမှန် တစ်နေ့တာ အတွင်းပါဝင်အောင် စားသုံးပေးခြင်းဖြင့် သင့်လိုအင်ဆန္ဒများ ပြည့်ဝလာပါလိမ့်မယ်။ သင့်၏ အမျိုးသားကိုလည်း သုတ်ပိုးကို ကျန်းမာ သန်စွမ်းစေမည့် ဗိုက်တာမင် စီ၊ အီး ဓာတ်ပါသော ဖြည့်စွက်အစာများကို စားသောက်ဖို့တိုက်တွန်းပါ။ ထို့အတူ အမျိုးသားများအနေဖြင့် ပူအိုက်စေသည့် အတွင်းခံဘောင်းဘီများ ဝတ်ခြင်းဟာ သုတ်ပိုးထုတ်လုပ်မှူကို ထိခိုက်စေနိုင်သောကြောင့် ပွသော အတွင်းခံများကိုသာ ဝတ်ဆင်သင့်ပါတယ်။

( ၂ ) ဗိုက်တာမင် ဆေးများဖြည့်စွက် ပါ။

လိုအပ်သော ဗိုက်တာမင်ဆေးဝါးများ လည်းဖြည့်စွက်သောက်သုံးနိုင်ပါတယ်။ အလွန်အကျွံ မဖြစ်စေရန်ကိုတော့ သတိပြုပါ။
Vitamin E
Zinc
Copper
Panthothenic acid
Potassium
Vitamin A
Vitamin C
Vitamin D
Thiamin B6
Riboflavin
Niacin
အကောင်းဆုံးကတော့ အစားအသောက်များမှ ထိုဓာတ်များကို ရှာဖွေပါ။

( ၃ ) မှန်ကန်တဲ့ ကိုယ်အလေးချိန်။


ကိုယ်ဝန်ဆောင်ဖို့ အကောင်းဆုံး ကိုယ်ခန္ဓာဖြစ်စေရန် ဂရုပြုပါ။ ပိန်လွန်းခြင်း ဝလွန်းခြင်းတွေဟာလည်း သင့်၏က လေးရနိုင်ခြေ ကိုလျှော့နည်းစေပါတယ်။ ထို့အတွက်ကြောင့် ကလေးယူရန်ဆုံးဖြတ်ထားပါက မိမိကိုယ်ခန္ဓာကျန်းမာသော
ကိုယ်အလေးချိန်ဖြစ်စေရန် ကြိုးစားတည်ဆောက်ပါ။ အမြန် အလေးချိန် လျော့ကျစေနိုင်သော ဆေးများ၊ နည်းလမ်းများကိုတော့အသုံး မပြုသင့်ပါဘူး။ ထို့အတူ သင့်အမျိုးသားလည်း ထိုနည်းအတိုင်း ကျန်းမာသန်စွမ်းစေရန် နေထိုင်ဖို့ တိုက်တွန်းရပါမယ်။

( ၄ ) အရက်၊ ဆေးလိပ်ဖြတ်ပါ။

ကိုယ်ခန္ဓာအား ဆိုးကျိုးဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါများတွင် အဆိပ်အတောက်များ ကျန်ရစ်စေမည့် ဆေးလိပ် အရက်၊ မူးရစ်ဆေးဝါးများကို သင်ကော သင်၏ အမျိုးသားပါ လုံးဝဖြတ်တောက်ရပါမယ်။ ဒါတွေဟာ သင်တို့ ၂ ဦးစလုံးအတွက် မျိုးအောင်နိုင်ခြေကို များစွာကျဆင်းစေလို့ပဲဖြစ်ပါတယ်။ အရက်ဟာလည်း အမျိုးသား၏ သုတ်ပိုး အရည်အသွေးကို များစွာထိခိုက်စေပါတယ်။

( ၅ ) Caffeine

Caffeine ဓာတ်ဟာ အမျိုးသမီးများ၏ မျိုးဆက်ပွားခြင်းကို ဘယ်လိုမှ ကောင်းကျိုး မဖြစ်စေပါဘူး၊ caffeine ဓာတ်များသော ကော်ဖီ၊ ချောက်ကလက် အစရှိသည့် အရည်များကို တစ်နေ့ ၄ ခွက်ထက် ပိုမိုသောက်သုံးပါက အမျိုးသမီးများ မျိုးအောင်နိုင်ခြေကို ၂၆% ကျဆင်းစေပါတယ်။

( ၆ ) ပုံမှန် လိင်ဆက်ဆံခြင်းကိုပြုလုပ်ပါ။

အကောင်းဆုံး အကြံပြုချက်ကတော့ တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်ဖြင့် အပတ်တိုင်း ပြုလုပ်ခြင်းဖြင့် သင့်အား ကလေးရစေဖို အခွင့်အလမ်း ပိုများလာစေပါလိမ့်မည်။ လိင်ဆက်ဆံပြီးပါကလည်း ချက်ခြင်း ထပြီးရေချိုးခြင်း မျိုးထက် ၁ဝ မိနစ် ၁၅ မိနစ်ခန့် လှဲလှောင်းနေပေးပါ။ တချို့တွေကတော့ ခြေ ၂ ချောင်းကို လေထဲတွင် မြှောက်ထားလျှင် ပိုကောင်းသည်ဟု ဆိုကြသော်ငြားလည်း တကယ်တန်းတော့ မလိုအပ်ပါဘူး။ တင်ပါးအောက်တွင် ခေါင်းအုံးကဲ့သို့သော မြင့်တက်လာစေမည့် ပစ္စည်းတစ်ခု ခံထားလျှင်လည်း အဆင်ပြေနိုင်ပါတယ်။ အမျိုးသားများ၏ သုတ်ပိုးများဟာ ၇ ရက်လောက် ကူးခတ် အသက်ရှင်နိုင်တာကြောင့် နေတိုင်း ကလေးရစေရန်အတွက်တော့ ကြိုးစားဖို့မလိုအပ်ပါဘူး။ ကျန်းမာသော သုတ်ပိုးများ ရရှိစေဖို့ကို သာကြိုး စားကြစေလိုပါတယ်။ 

( ၇ ) ရာသီစက်ဝန်းကို နားလည်သိရှိခြင်း


အမျိုးသမီးများ အနေ့ဖြင့် ပုံမှန်၂၈ ရက် ရာသီစက်ဝန်းအတွက် ရာသီပေါ်ချိန် အစရက်မှ ( ၁၄ ) ရက်မြောက်နေ့တွင် မျိုးဥကြွေလေ့ရှိပါတယ်။ ထိုရက်တွေမှာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရစေမဲ့ အကောင်းဆုံး နည်းလမ်းပါ။ အမျိုးသား သုတ်ပိုးဟာ အမျိုးသမီး၏ ကိုယ်အတွင်း ၇ ရက်လောက် အသက်ရှင်နိုင်ပြီး အမျိုးသမီး၏ မျိုးဥများကတော့ ၁၂ နာရီမှ ၂၄ နာရီ အတွင်းသာ အသက်ရှင်နိုင်ကြတာပါ။ ထို့အတွက်ကြောင်း သင်တို့နှစ်ဦးအနေနှင့် အကောင်းဆုံးအချိန်မှာ အကောင်းဆုံးကြိုးစားခြင်းဖြင့်လည်း ကလေးရစေဖို့အခွင့်အလမ်းများ ဖြစ်ပေါ်စေပါလိမ့်မယ်။ ထို့ကြောင့် အမျိုးသမီးတိုင်း မတူညီနိုင်တဲ့ မိမိ ရက်တွေကို နားလည်တွက်ချက်နိုင်အောင် လုပ်ခြင်းဟာ အရေးကြီးဆုံးပါပဲ။

( ၈ ) ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

လူအများစု ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးဖို့အရမ်းနောင့်နှေးနေ တတ်ပါတယ်။ နီးစပ်ရာ ဆေးမှီးတိုများနဲ့ ကုသတာတွေ၊ စမ်းတဝါးဝါး လုပ်နေတာတွေကို အချိန်ကိုကြာစေသလို၊ မှားယွင်းတဲ့ ကုသမှူတွေကလည်း သင့်အား ဘေးဖြစ်စေနိုင်ပါတယ်။ ဒါမဖြစ်သင့်ပါဘူး။ အထူးကုများနှင့်ပြပါ။ မိမိ အခက်အခဲတွေကို ပွင့်လင်းစွာပြောပြပါ။
ဆွေးနွေးပါ။ အကူညီတောင်းပါ။ ဒါဟာ မိမိ ဘာဖြစ်နေလည်းဆိုတာ သိပ္ပံနည်းကျကျ တိကျစွာသိနိုင်မဲ့ နည်းတစ်ခုတည်းသော နည်းလမ်းပါ။ ဒါမှလည်း သင်၏ အားနည်းချက်လား၊ သင့် အမျိုးသား၏ အားနည်းချက်လား ဆိုသည်ကိုသိရှိပြီး အမြန်ဆုံး အကောင်းဆုံးသော နည်းလမ်းများဖြင့် ကိုယ်ဝန်ဆောင်နိုင်စေရန် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင် မှာဖြစ်ပါတယ်။ တစ်ဖက် ဖက်မှဖြစ်စေ ၂ ဦး လုံးမှဖြစ်စေ ချို့ယွင်းချက်ရှိသူများ အနေနဲ့ကတော့ အထူးကု ဆရာဝန်များနှင် ကုသ မှသာ အောင်မြင်နိုင်ဖို့နီးစပ်မှာပါ။

( ၉ ) စိတ်ဖိစီးမှုလျှော့ပါ။

စိတ်ဖိစီးမှူဟာ ကိုယ်ဝန်လိုချင်သော မိဘများဖြစ်တတ်သော အရာပါ။ ကလေ ရအောင်ကြိုးစားရင်း ထိုစိတ်ဖိစီးမှူကြောင့်ပဲ ကလေးရစေဖို့အဟန့်အတားဖြစ်စေပါတယ်။ ထို့အတွက် ၂ ဦးစလုံး စိတ်ဖိစီးမှူကို လျှော့ချနိုင်အောင် ကြိုးစားပါ။ ပေါ့ပါးတဲ့
လေ့ကျင့်ခန်းတွေ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများ ပြုလုပ်ခြင်းဖြင့်လည်း စိတ်ဖိစီးမှူတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ ၂ ဦးစလုံး လုပ်ရမဲ့ အရာပါ။

( ၁ဝ ) အချိန်ယူပါ။

ကိုယ်ဝန်ရဖို့လွယ်ကူသူတွေမဟုတ်တဲ့အတွက် ချက်ခြင်းကြီးဖြစ်လာဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ထို့အတွက် အချိန် ယူပြီးနေထိုင်ပါ။ ဆရာဝန်နဲ့ ပုံမှန်မဟုတ်တောင် အခွင့်သင့်သလိုပြသပြီး ကုသမှုခံယူပါ။ ထို့အတွက်ကြောင့်လည်း အမျိုးသမီးများ
အနေဖြင့် ကိုယ်ဝန်ဆောင်ရန် အကောင်းဆုံး အချိန်ဖြစ်တဲ့ ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အိမ်ထောင်ပြုပြီးပါက ကလေးယူသင့်သည်။ အသက် ၃၅ နှစ်အောက်တွေအတွက်ကတော့ အခက်ခဲမရှိသေးပေမယ့် အသက် ၃၅ နှစ်ကျော်လာပါက မျိုးဥအောင်ဖို့အတွက် ခက်ခဲလာနိုင်ပြီး ကိုယ်ဝန်ဆောင်နိုင်ဖို ့ရာခိုင်နှုန်းလည်း သူများနှင့် ယှဉ်လျှင်နည်း ပါးလာပါလိမ့်မည်။ မိခင်လောင်းများ ဘဝကို အမြန်ဆုံးပိုင် ဆိုင်နိုင်ကြပါစေ။

Credit : ရင်ခွင်လမ်းလေးထဲမှာ


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18