Anthrax ဒေါင့်သန်းရောဂါ
08-May-2019
• ဒေါင့်သန်းရောဂါဖြစ်ပါမယ်။ Bacillus anthracis ပိုးကနေ
ကူးစက်တယ်။ တိရစ္ဆာန်တွေမှာဖြစ်တယ်။ လူကိုလည်း ကူးစက်နိုင်တယ်။ ဆိုးတယ်။ သေနိုင်တယ်။
ရှားတော့ရှားပါတယ်။ လူ-လူချင်းတော့ ကူးစက်တယ်လို့ မတွေ့သေးပါ။
• ရောဂါဖြစ်နေတဲ့ အကောင်ရဲ့အသားကို ကိုင်မိရာကနေဖြစ်တာများတယ်။ ထိကိုမိတဲ့ရောမှာ
အနာတွေပေါက်မယ်။ အနာက အလယ်မှာမဲနေမယ်။ ဘေးမှာရဲဖေါင်းကြွနေတယ်။ ဘေးမှာ ရောင်မယ်။ သိပ်မနာပါ။ တက်စေ့တွေရောင်မယ်။
• စားမိရာကနေ အစာလမ်းမှာလဲ ဖြစ်မယ်။ ပျို့-အန်ချင်မယ်။
ဗိုက်နာမယ်။ ခေါင်းကိုက်မယ်။ အစားပျက်မယ်။ ဖျားမယ်။ သွေးဝမ်းသွားမယ်။ လည်ချောင်းနာမယ်။
လည်ပင်းရောင်မယ်။
• ပိုးရဲ့ (စပိုး) ကို ရှူမိလို့ဖြစ်ဖြစ်ကနေ ကူးစက်တယ်။
ရှူမိလို့ အဆုပ်ထဲရောက်တာက အကုရခက်ခဲ့တယ်။ သေနိုင်တယ်။ ဖြစ်ကာစမှာ တုပ်ကွေးလိုခံစားရာကနေစမယ်။
နောက် ဖျား၊ အားယုတ်မယ်။ ကြွက်သားတွေ နာမယ်။ ရင်ပတ်အနေရခက်မယ်။
အသက်ရှူခက်မယ်။ ပျို့အန်မယ်။ မြိုချရင်နာမယ်။ ချောင်းဆိုးမယ်။ သွေးပါနိုင်တယ်။ ပိုဆိုးလာရင်
အဖျားပိုကြီးလာမယ်။ အသက်ရှူပိုခက်လာမယ်။ (ရှော့ခ်) ရမယ်။ ဦးနှောက်အဖုံးလွှာရောင်မယ်။
• မူးယစ်ဆေးထိုးသုံးသူတွေ ဆေးထိုစရာထဲကနေ ဒေါင့်သန်းရောဂါကူးတာလည်းတွေ့လာရတယ်။
ဆေးထိုးတဲ့နေရာမှာ နီရဲရောင်လာမယ်။ (ရှော့ခ်) ရမယ်။ အထဲအင်္ဂါတွေ အလုပ်မလုပ်နိုင်ဖြစ်လာမယ်။ ဦးနှောက်အဖုံးလွှာရောင်မယ်။
• ကုသနည်း = ပိုးသေဆေး ရက်ပေါင်း ၆ဝ ပေးရတယ်။
Ciprofloxacin (Cipro) or Doxycycline (Monodox, Vibramycin) တမျိုးမျိုးသုံးတယ်။
levofloxacin (Levaquin) ဆေးလည်းသုံးတယ်။ လိုအပ်ရင်
ဆေးတမျိုးမက ပေးတယ်။
• ၂ဝဝ၁ ကစပြီး ယူအက်စ်မှာတော့ Antitoxin အဆိပ်ဖြေဆေးသုံးတယ်။
• Anthrax vaccine ကာကွယ်ဆေးပေါ်နေပြီ။ ကလေးတွေနဲ့ အသက်ကြီးသူတွေကို
ထိုးမပေးပါ။
• မြို့သာမှာ တာဝန်ကျတုံးက အဲလိုလူနာတွေကို ကုသပေးခဲ့ရတယ်။
အခုပြောတဲ့ဆေးတွေ မပေါ်သေးလို့ Injection Streptomycin ထိုးဆေးနဲ့သာ ကုပေးရမယ်။ ရှင်ကြပါတယ်။
Ref:
ဒေါက်တာတင့်ဆွေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့်
ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄
နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။