ယောကျာ်းလေးများနဲ့ အလှအပ
11-May-2019အလှအပဆိုတာ မိန်းကလေးတွေအတွက်ပဲ အရေးကြီးတာ မဟုတ်ဘူးနော်။ အလှအပကို ဦးစားပေးလာတဲ့
ဒီခေတ်ကြီးမှာ ယောကျာ်းလေးတွေလည်း အမြဲဆွဲဆောင်မူအပြည့်နဲ့ ခံညားတဲ့ပုံဖြစ်နေအောင်
ဂရုစိုက်ရမှာပါ။ ဘယ်လိုတွေ ဂရုစိုက်ရမယ်ဆိုတာကို သိသလောက်ပြောပြပေးမယ်နော်။
- ယောကျာ်းလေးတွေမှာ နူတ်ခမ်းမွေး၊ မှုတ်ဆိတ်မွေးရေးရေးလေးတွေ ရှိတာကလည်း
ဆွဲဆောင်မူတစ်မျိူးပဲလေ။ ဒါပေမယ့် အမွှေးတွေက ပေါက်တာမညီမညာနဲ့
ကျိူးတိုးကျဲတဲဖြစ်နေမယ်ဆိုရင်၊ အရောင်မတူရင်တော့ ပြောင်ရှင်းနေအောင် ရိတ်ထားတာပဲ
အကောင်းဆုံးနော်။
- တကယ်လို့ မျက်နှာမှာ အပြစ်အနာအဆာတွေရှိနေရင် Concealer လေးသုံးပေးနိုင်တယ်နော်။
ယောကျာ်းလေးမို့လို့ သုံးရမှာမတွန့်ပါနဲ့။
- ယောကျာ်းလေးတွေလည်း မိန်းကလေးတွေလိုပဲ အသက်ကြီးလာရင် အရေးအကြောင်းတွေ
ဖြစ်လာတတ်တာပဲလေ။ အဲဒီတော့ အသားအရေကို ကောင်းကောင်းဂရုစိုက်ပေးရမှာပါပဲ။
အစိုဓာတ်ထိန်းခရမ် Moisturizer တွေကို နေ့တိုင်းလိမ်းပေးသင့်တယ်နော်။
- အိပ်ရေးပျက်ရင် မျက်ကွင်းညိုမျက်တွင်းကျပြီး ကြည့်ရတာလည်း
လန်းလန်းဆန်းဆန်းမရှိနိုင်ဘူး။ အသားအရည်ကိုလည်း ထိခိုက်နိုင်တယ်ဆိုတာ
ရင်နှင်းခဏခဏပြောနေလို့ သူငယ်ချင်းတို့လည်း သိပြီးလောက်ပြီ။ လန်းဆန်းတက်ကြွနေတဲ့
ပုံစံကလည်း ယောကျာ်းလေးတွေရဲ့ ဆွဲဆောင်မှုတစ်မျိူးပဲဆိုတော့ တစ်ရက်ကို ၈
နာရီလောက် အိပ်နိုင်ရင် အကောင်းဆုံးပဲပေါ့။
- ယောကျာ်းလေးတွေက ထီးဆောင်းရမှာ ပျင်းတတ်တယ်နော်။ နေရောင်ခြည်က
အသားအရေကိုပျက်စီးစေပြီး ရုပ်ရင့်စေတယ်၊ အရေးအကြောင်းတွေလည်း
မြန်မြန်ပေါ်စေတယ်ဆိုတော့ ဇရာကို အံတုချင်တဲ့ သူငယ်ချင်းတို့ အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊
နေကာမျက်မှန်တို့ကိုမမေ့နဲ့နော်။
- နူတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ ရိတ်တဲ့အခါလည်း Shaving Cream ကောင်းကောင်း၊
ရိတ်စက်ကောင်းကောင်းကိုသုံးပေးရင် အသားအရေကို ထိခိုက်မူမရှိနိုင်တော့ဘူးပေါ့။
- ယောကျာ်းလေးတွေက မျက်နှာသစ်ရင် ဆပ်ပြာကိုပဲ သုံးတတ်ကြတာက မကောင်းဘူးနော်။
မျက်နှာသစ်ဆေး ကောင်းကောင်းကို သုံးတဲ့အခါ အသားအရေလည်း ပိုကြည့်ကောင်းလာပြီး ဝက်ခြံတွေလည်း
နဲသွားပါလိမ့်မယ်။
- နားတွေ နှာခေါင်းပေါက်တွေထဲက အမွှေးတွေထွက်နေရင်လည်း ကြည့်ရဆိုးတာမို့
ဂရုစိုက်ဖယ်ရှားပေးပါ။
- အသက် ၂ဝ ကျော်လာပြီဆိုတာနဲ့ Eye Cream သုံးတာ အကောင်းဆုံးပဲနော်။ ဒါမှ
အရေးအကြောင်းတွေ
စောစောဖြစ်လာတာကို ကာကွယ်နိုင်မှာလေ။ Eye Cream လိမ်းရင် အားအပျော့ဆုံးဖြစ်တဲ့
လက်သူကြွယ်နဲ့ လိမ်းပါ။ အားနဲ့ကြမ်းကြမ်းကြီး ဖိလိမ်းရင် အရေးအကြောင်းတွေ
ပိုပေါ်နိုင်တယ်လေ။
- အသားအရေကို တင်းရင်းသန့်စင်စေတဲ့ Toner ကို သုံးပေးဖို့လည်း မမေ့နဲ့နော်။
- နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး မရိတ်ခင်မှာ ရေနွေးနဲ့ မျက်နှာသစ်ပါတဲ့။
အမွှေးထွက်တဲ့ ပုံစံအတိုင်းရိတ်ပေးပါ။ အရေပြားကိုတင်းနေအောင်ဆွဲပြီး မရိတ်ရဘူးနော်။
ချွတ်ထက်နေတဲ့ အမွှေးလေးတွေက မွှေးညှင်းပေါက်ထဲကို ပြန်ဝင်သွားပြီး အပြင်ကို
ရှည်ထွက်မလာပဲ အထဲမှာပဲ ခွေပြီး ဝက်ခြံလိုအဖုတွေ ဖြစ်လာတတ်လို့ပါ။ ရိတ်ပြီးရင်တော့
ရေအေးနဲ့ပဲဆေးပါ။
- ရိတ်တဲ့အခါ ကပ်စီးနည်းပြီး ဓားတုံးတုံးကြီးကိုပဲ ထပ်တလဲလဲမသုံးနဲ့နော်။ အရေပြားကို
ဒဏ်ဖြစ်စေတယ်လေ။ အလျှင်စလိုနဲ့ မြန်မြန်ရိတ်မိရင်လည်း ဓားရှနိုင်တာမို့ စိတ်မလောဘဲ
ဖြည်းဖြည်းချင်းရိတ်ပါ။
- နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ရိတ်ပြီးတဲ့အခါ
အကုန်လုံးပြောင်ရဲ့လားဆိုတာ မှန်ထဲမှာ သေချာကြည့်ပါအုံး။ မရိတ်မိဘဲ
ကျန်ခဲ့တဲ့ အမွှေးတွေရှိရင် နှာခေါင်းရူံ့စရာ ဖြစ်လာနိုင်တယ်လေ။
- ယောကျာ်းလေးတော်တော်များများဟာ အဆီပြန်ပြီး ဝက်ခြံထွက်တတ်ကြတယ်။ အဲဒီအတွက်
အသားအရေကိုရော အစားအသောက်တွေကိုရော သေချာဂရုစိုက်ဖို့လိုတယ်။
ဒါကတော့ သူငယ်ချင်းတို့အတွက် မျက်နှာပိုင်းဆိုင်ရာ အသားအရေထိန်းသိမ်းမှုအတွက်ပါ။
တကယ်က အားလုံးသိပြီးသားတွေပါပဲ။ ဒါပေမယ့် ဂရုမပြုမိတဲ့သူတွေကို သတိပေးတာပါ။
သူငယ်ချင်းလေးတွေ အမြဲလှပကျန်းမာပျော်ရွှင်ကြပါစေ....
Credit : ဖိုးသူတော်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။