Print

နှလုံးရောဂါနှင့်ပတ်သက်၍ သတိပြုရမည့် လက္ခဏာများ

  13-May-2019
Preview Image

နှလုံးဆိုသောအရာသည် နေစဉ်မရပ်မနား လှုပ်ရှားပေးနေသောကြောင့် အံ့သြဖွယ် စက်ကလေးနှင့် တူသည်။ ထို့အတူ ချိန်ကိုက်ဗုံး တစ်လုံးနှင့်လဲတူပါသည်။ အန္တရယ်ကို ကြိုမမြင်နိုင်။ တစ်ခါတစ်ရံ ထထဖောက်နိုင်သည်။ အချိန်လွန်မှသိလျှင် အသက်ဆုံးရှုံးနိုင်ချေပိုများသည့်အတွက် အောက်ဖော်ပြပါ လက္ခဏာများ ခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့သွား၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့်ပါကြောင်း တိုက်တွန်းအကြံပြုပါတယ်။

1- ရင်ဘတ်ထဲတွင်အောင့်၍ မူးဝေအော့အန်ခြင်း၊ ချွေးစေးများထွက်ခြင်း
2- ရင်ထဲတွင် တစ်ခုခုဖြင့် အဖိခံထားရသလို လေးလံတင်းကျပ်နေခြင်း
3- နောက်ကျောအပေါ်ဘက်ခြမ်းတွင် စုတ်ဖြဲနေသကဲ့သို့နာခြင်း
4- နေ့စဉ်အလုပ်များ လုပ်ရာ၌ ပင်ပန်းလွယ်ခြင်း
5- သာမန်လမ်းလျှောက်ရုံဖြင့် မောပန်းလွယ်ခြင်း
6- ရင်ဘတ်မှစ၍ ဘယ်ဘက်လက်မောင်းတစ်လျှောက် ထုံကြင်၍ နာခြင်း
7- အစာမကြေ သလိုရင်ခေါင်းထဲ ပြည့်နေခြင်း
8- နှလုံးခုန်မမှန်ခြင်း၊ နှလုံးခုန်မြန်ုခြင်းတို့နှင့်အတူ မူးဝေသတိလစ်ခြင်းများဖြစ်လျှင် နှလုံးနှင့်ပတ်သက်၍ အရေးကြီးသော လက္ခဏာများ ဖြစ်သည့်အတွက် ပေါ့ပေါ့ဆဆမနေဘဲ ဆေးစစ်မှုခံယူကြပါရန် အသိပေးဝေမျှလိုက်ပါတယ်။

Credit : Dr.Marie

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18