Print

နေ့လယ်ဘက် (၄၅) မိနစ်လောက် တရေးအိပ်ပါက မှတ်ဉာဏ်ငါးဆ ပိုကောင်းလာ

  24-May-2019
Preview Image

ကျောင်းမှာ၊ ရုံးမှာ နေ့လယ် ထမင်းစားပြီး (၄၅) မိနစ်လောက် ဖြစ်ဖြစ် တရေးအိပ်ခြင်းသည် ဦးနှောက်အတွက် ပိုကောင်း၏။ ဂျာမနီနိုင်ငံ ဆားလန်းတက္ကသိုလ် သုတေသန အဖွဲ့၏ လေ့လာမှုအရ (၄၅) မိနစ်မှသည် တစ်နာရီဝန်း ကျင်လောက်ထိ တစ်ရေးအိပ်လိုက်သူများသည် မှတ်ဉာဏ် ငါးဆပို ကောင်းလာကြောင်း တွေ့ခဲ့ရသည်။ ကျောင်းသား (၄၁) ဦး၏ အကူအညီဖြင့် လက်တွေ့စမ်းသပ်ထားခြင်းဖြစ်သည်။ သုတေသန အဆင့်ဆင့်ကို Neurobiology of Learning and Memory ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

ကျောင်းသား (၄၁) ဦးကို စာလုံးသစ် (၉၀)၊ အဆက်အစပ်မရှိသောစာလုံးတွဲ (၁၂၀) ပေးကာ မှတ်သားစေသည်။ ထို့နောက် နှစ်စု ခွဲလိုက်သည်။ တစ်စုကို (၄၅) မိနစ်ခန့် တရေးအိပ်ခိုင်းသည်။ နောက်တစ်စုကို ရုပ်ရှင်ထိုင်ကြည့်စေသည်။ နောက် တစ်နာရီခန့်ကြာသောအခါ နှစ်စုလုံး၏ စကားလုံးများ မှတ်မိနိုင်စွမ်းကို စစ်ဆေးသည်။ တရေးအိပ်သော အစုသည် စကားလုံး မှတ်မိစွမ်းငါးဆလောက်ထိ သိသိသာသာမြင့်မားကြောင်း တွေ့ခဲ့ရသည်။ ကျောင်းမှာဖြစ်ဖြစ်၊ ရုံးမှာ ဖြစ်ဖြစ်နေ့လယ်ဘက် တစ်ရေးလောက် အိပ်ခွင့်ရခြင်းဟာ သင်ယူမှုဖြစ်စဉ်အတွက်ရော၊ လုပ်ကိုင်နိုင်စွမ်းကိုပါ တိုးတတ်စေပါတယ်”” ဟု သုတေသနအဖွဲ့ကို ဦးဆောင်သည့် ပါမောက်္ခ အိပ်ဇဲမက်လင်ဂါက ပြောသည်။

Credit : Myawady Health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18