သွားပိုးစားတာနဲ့သွားဖုံးရောဂါတွေ မဖြစ်စေဖို့ ဘယ်လိုနေထိုင် စားသောက်သင့...
01-Mar-2017
သွားနှင့် ခံတွင်းကို ကာကွယ်ဖို့ဆိုရာမှာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာကို စားရမယ်။ နွားနို့၊ ကြက်ဥ ၊ ငါးသေးသေးလေးတွေနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးလို့ရတယ်။ အစာကိုလည်း ကြေညက်အောင် စားပေးရမယ်။ နောက်ပြီး သွားကို ပုံမှန်သန့်ရှင်းနေအောင် ထားရမယ်။ သွားတိုက်ပေးမယ့် စနစ် မမှန်တဲ့ သွားတိုက်နည်းနဲ့ဆိုရင်လည်း သွားသန့်ရှင်းမှာ မဟုတ်ဘူး။
ဒီတော့ စနစ်မှန်ကန်တဲ့ သွားတိုက်နည်းနဲ့ သွားတိုက်ပေးဖို့ လိုတယ် ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို သုံးပြီး မနက်တစ်ကြိမ်၊ ညအိပ်ရာ မဝင်ခင် တစ်ကြိမ် သွားတိုက်ပေးရမယ်။ နောက်ပြီး ခံတွင်းဆေးတဲ့အရည်ကို ငုံထွေးတာကလည်း သွားချေးတွေကို ပါးသွားစေတဲ့အတွက် ငုံပေးသင့်တယ်။ ဖြစ်နိုင်ရင်တော့ သွားကြားပွတ်ကြိုးကိုလည်း သုံးပေးရင် ပိုကောင်းပါတယ်။
မှန်ကန်တဲ့ သွားတိုက်နည်းလို့ ဆိုရာမှာ သွားပွတ်တံကို သွားနေရာကို တစ်ချက်ချင်း တိုက်ပေးရမယ်။ အပေါ်အောက် သွားတွေနှံ့အောင် တိုက်ပေးရမယ်။ ဒါဆိုရင်တော့ သွားနဲ့သွားဖုံးရောဂါတွေကို ကာကွယ်ရာ ရောက်ပါတယ်။
Credit : သဲသဲဦး
Page. 54. No 258, Arogyam , January 2014.
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

