သစ်ကြားသီးအခွံကိုအသုံးပြုပြီး ငါးမိနစ်အတွင်း သွားချိုးချွတ်ရအောင်
01-Mar-2017
သစ်ကြားသီးကို ထုခွဲပြီး အတွင်းက အဆန်ကိုသာစားကာ အခွံကို လွှင့်ပစ်နေကြပါသလား။ အမှန်မှာတော့ သစ်ကြားသီးအခွံမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ သစ်ကြားသီးအခွံက မှိုပိုးကို တွန်းလှန်နိုင်တာ၊ ဆီးရွှင်တာ၊ ဘတ်တီးရီးယားကို သေစေနိုင်တာ၊ ပိုးသန့်စင်နိုင်တာ၊ သိုင်းရွိုက်ကို လှုံ့ဆော်မှုပေးနိုင်တာ၊ အနာကျက်ဖို့ ကူညီနိုင်တာ၊ ဓာတ်မတည့်မှုဖြစ်စဉ်ကို လျှော့ချနိုင်တာ၊ ရောင်ရမ်းမှုလျော့ကျနိုင်တာနဲ့ သွေးပေါင်ချိန်ကျဆင်းနိုင်တာ အစရှိတဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ သူ့ရဲ့ထိရောက်မှုအရှိဆုံးကတော့ သွားချိုးတွေကို ဖယ်ရှားရှင်းလင်းတာပဲ ဖြစ်ပါတယ်။
ရေတစ်ခွက်ထဲကို သစ်ကြားသီးအခွံနှစ်ခုကိုထည့်ပြီး မီးဖိုပေါ်မှာ မိနစ် ၂၀ ခန့် အပူပေးပါ။ အအေးခံပြီး သစ်ကြားသီးအခွံကို ညှစ်လို့ထွက်လာတဲ့ အရည်ကို ခွက်တစ်ခုထဲ ထည့်ပါ။ အဲဒီအရည်နှင့် စိမ်ထားတဲ့ သွားတိုက်တံနှင့်ငါးမိနစ်ခန့် သွားအနှံတိုက်ပေးပါ။ တစ်နေ့ကို သုံးကြိမ်ပြုလုပ်ရပါမယ်။ တစ်ပတ်မှနှစ်ပတ်အတွင်း သွားချိုးတွေ သိသိသာသာ သန့်စင်သွားပါလိမ့်မယ်။
Credit:
Arogyam magazine, August 2016, Pg. 4
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

