မျက်စိမထိခိုက်အောင် TV ဘယ်လိုကြည့်သင့်သလဲ
30-Jun-2019ငယ်ငယ်တုန်းကဆိုရင် TV လျှော့ကြည့်ဖို့ အမေတွေ မကြာခဏဆုံးမတာ ကြုံဖူးကြမှာပါ။ TV
ကြည့်တာကြောင့် မျက်လုံးကို တဖြည်းဖြည်း ထိခိုက်နိုင်တဲ့အတွက် ကြည့်တာလျှော့ဖို့
ပြောကြတာ ပါ။ ရုံးမှာ တစ်နေကုန် ကွန်ပျူတာနဲ့ အလုပ်လုပ်ပြီး
အိမ်ပြန်ရောက်ချိန်မှာလည်း TV အကြာကြီး ဆက်ကြည့်မယ်ဆိုရင် မျက်စိမလွဲမသွေ
ညောင်းညာပြီး ထိခိုက်စေတာကြောင့် လုပ်ဆောင်သင့်တာ လေးအချို့ကို
မျှဝေပေးလိုက်ပါတယ်။
မီးများဖွင့်ထားပါ-
အိပ်ရာထဲမှာ အိပ်ရင်း မီးလေးအမှောင်ချပြီး TV ကြည့်တဲ့ အမူအကျင့်ဟာ
မျက်စိကိုအဆုံးရွားဆုံး ထိခိုက်စေပါတယ်။ အမှောင်ထဲကနေ အာရုံစိုက်ပြီး
ကြည့်ရတာဖြစ်လို့ မျက်စိမပင်ပန်းရလေအောင် TV ကြည့်တဲ့အခါ မီးတွေကို
ဖွင့်ထားသင့်ပါတယ်။
အနားပေးပါ-
TV ဆီကို မျက်စိ မခွာဘဲအကြာကြီး ကြည့်နေမယ့်အစား ခဏထပြီး လမ်းလျှောက်တာမျိုး
လုပ်ပေးသင့်ပါတယ်။ ပြီးရင်လည်း အဝေးတစ်နေရာရာကို ခဏကြည့်ပေးတာမျိုး လုပ်ပေးရင်း
မျက်စိကိုအနားပေးသင့်ပါတယ်။
သင့်လျော်သည့် အကွာအဝေးမှ ကြည့်ပါ-
TV နဲ့အနည်းဆုံး ရှစ်ပေကနေ ဆယ်ပေအကွာလောက် ကြည့်သင့်ပါတယ်။ နောက်ပြီး TVကိုလည်း
ကိုယ်နဲ့တစ်တန်းတည်း သင့်လျော်တဲ့အမြင့်မှာ ရှိနေဖို့ လုပ်ထားရပါမယ်။ TV ကို
မော့ကြည့်ရတာမျိုး မဖြစ်သင့်ပါဘူး။
မျက်စိညောင်းညာသက်သာ အောင် လုပ်ပါ-
TV ကြည့်ပြီးပြီ ဆိုတာနဲ့ မျက်စိက သေချာပေါက် ညောင်းညာသွားတာမို့
မျက်စိတစ်ဝိုက်ကို ညင်သာစွာ နှိပ်နယ်ပေးတာမျိုး၊ မျက်စိလေ့ကျင့်ခန်း
လုပ်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ နောက်ပြီး ရှစ်နာရီလောက်ကြာအောင်
အိပ်စက်ခြင်းဖြင့် မျက်စိကို သေသေချာချာအနား ပေးသင့်ပါတယ်။
စူးရှလွန်းသော အလင်းများကို လျှော့ချပါ-
TV က ထွက်တဲ့ စူးရှလွန်းတဲ့ အလင်းရောင်တွေ အကြာကြီး မကြည့်မိစေဖို့
အထူးမျက်မှန်တပ်ပြီး ကာကွယ်လို့ရပါတယ်။
အလင်းလျှော့ TV သုံးပါ-
ခုနောက်ပိုင်းပေါ်လာတဲ့ မျက်နှာပြင်အပြား TV တွေက စူးရှလွန်းတဲ့ အလင်းတွေ
ထုတ်လုပ်မှုနည်းလာတဲ့အတွက် TV ပြောင်းသုံးတာမျိုး လုပ်သင့်ပါတယ်။ မျက်နှာပြင်
ကြီးလေလေ၊ မျက်စိ အာရုံစိုက်ကြည့်ရတာ နည်းလေလေဖြစ်တာကြောင့် မျက်နှာပြင်ကြီးတဲ့ TV
မျိုးသုံးစွဲသင့်ပါတယ်။
Credit : healthmeup
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။