Print

ရာသီဥတုပြောင်းလဲခြင်းနှင့် ကျန်းမာရေး

  01-Mar-2017
Preview Image

ရာသီဥတု ပြောင်းလဲခြင်းက ၂၀ ရာစု အလယ်ပိုင်းမှစ၍ ဖြစ်ပေါ်လျက်ရှိသည်။ ကမ္ဘာမြေပေါ်တွင် ရာသီဥတုရေရှည်ပြောင်းလဲခြင်းဖြစ်ပေါ်မှုကို ဆိုလိုပါသည်။ ရာသီဥတုဖြစ်ပေါ်ရာတွင် ဖြစ်ပေါ်လေ့ရှိသော အဖြစ်အပျက်များတွင် 

 

• လေမုန်တိုင်းတိုက်ခတ်ခြင်း
• အပူပိုင်း စီးဆင်းဖြတ်သန်းခြင်း
• လေထုညစ်ညမ်းခြင်း
• ရေခဲတောင်များ ပျော်ခြင်း
• မြေပြိုခြင်း
• မိုးကြိုးပစ်ခြင်း
• မိုးသီးထန်ခြင်း
• ရေကြီးရေလျှံခြင်းနှင့် ရေရှားပါးခြင်း
• ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ 
• ဆားငန်ရေဝင်ရောက်ခြင်း စသည့်ဖြစ်ပျက်မှုများကို ကြံူတွေ့ရမည် ဖြစ်ပါသည်။

 

ဤပြောင်းလဲ ဖြစ်ပေါ်မှုအလိုက် လူနှင့် ပတ်ဝန်းကျင်ကို သက်ရောက်မှုရှိပါသည်။ မုန်တိုင်းဒဏ်၊ ရေကြီးမှုများက သက်ရှိသက်မဲ့များကို ထိခိုက်ပျက်စီးမှု ဖြစ်စေပါသည်။ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးပျက်စီးမှုများ ရှိပါမည်။ ထိခိုက်မှု၏ အတိုင်းအတာပေါ် မူတည်၍ လူများတွင် မသန်စွမ်းမှုများအထိ ရှိနိုင်သည်။ အသက်ငယ်လွန်းသူ၊ အသက်အရွယ်အိုမင်းသူများတွင်ပူပြင်းသောဒဏ်ကို ခံနိုင်ရည်နည်းမည်။ အသက်ငယ်လွန်းသော ကလေးများတွင် ခန္ဓာကိုယ်အပူချိန် မြင့်ခြင်းကြောင့် “အတက်” ရောဂါရပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်။

 

လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ရနိုင်သည်။ အစာရေစာ၊ ရေပြဿနာများက အစားအစာ ရေနှင့် ဆက်နွယ်နေသော ရောဂါ (ဝမ်းပျက်ဝမ်းလျှော၊ အူရောင်ငန်းဖျား) အူလမ်းကြောင်းနှင့် ဆိုင်သောရောဂါများ ဖြစ်နိုင်ပါသည်။ ရေကြီး၊ ရေလျှံ၊ မုန်တိုင်းဒဏ်များကြောင့် အသက်မွေးလမ်းကြောင်းများ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်စေခြင်းက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း ဖြစ်နိုင်ပါသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ရောဂါပိုးသယ်ဆောင်သော ပိုးမွှားကောင်မှ တစ်ဆင့် ကူးစက်သောရောဂါများလည်း ဖြစ်နိုင်ပါသည်။

 

ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ထိခိုက်မှုများက အသက်မွေးမှုလုပ်ငန်းများ ကိုပါ ထိခိုက်နိုင်၍ ဆင်းရဲနွမ်းပါးမှု ပို၍ တိုးလာနိုင်ပါသည်။ သို့ပါ၍ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍတိုင်းကို ထိခိုက်မှုရှိနိုင်သော ရာသီဥတုပြောင်းလဲခြင်းနှင့်ဆိုင်သော အသိပညာဗဟုသုတများကို လူထုတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေအသိ တိုးစေခြင်း၊ အကယ်၍ ရာသီဥတု ပြောင်းလဲမှုများအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းရမည် ဆိုသည်များကို သတိရှိစေရန် နည်းမျိုးစုံဖြင့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ရာသီဥတု ပြောင်းလဲမှုကို ကြ့ံကြ့ံခံ တွန်းလှန်နိုင်မည်ဟု ယုံကြည်စွာဖြင့် တင်ပြအပ်ပါသည်။


Credit:
ဒေါက်တာခင်
Health for all magazine, July 2016, Pg.60



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18