Print

ဆန်ကို တအားဖြူအောင် မဆေးရပါ

  12-Jul-2019
Preview Image

ဒီဆန်ထဲက အမှိုက်တွေ၊ ခဲတွေ၊ စပါးလုံးတွေ ရွေးထားရပါမယ်။ ရွေးချယ်ပြီးလို့ရှိရင် ဆန်ကို ကျွန်မတို့က တအားဖြူအောင် ကြိတ်ထားတဲ့ဆန်ဆိုရင် ဘီဝမ်းဓာတ်တွေ အများကြီး လျော့ပါးသွားပါတယ်။ အဲဒီကြားထဲမှာ ဖြူသွားအောင် အရည်ကြည်လာတဲ့အထိ အထပ်ထပ် ဆေးကြောကြသည်။ ဆေးတဲ့အခါမှာ လက်တွေနဲ့ မတရားကြီး
ပွတ်တိုက်ပြီးတော့ ဆေးကြတယ်။ အဲ့ဒီလိုဆေးတဲ့အခါကျတော့ ရေမှာပျော်ဝင်နိုင်တဲ့ အာဟာရဓာတ်တွေ ပါသွားတယ်။ အထူးသဖြင့် ဗီတာမင် B1 ဓာတ်ပေါ့၊ B12၊ B2 စတဲ့ B အုပ်စုတွေက ဆေးရင်းဆေးရင်း ရေထဲပါသွားတယ်။ ကျွန်မတို့ချက်ပြုတ်ထားတဲ့ ဒီအစားအသောက်က ဆိုလိုရှိရင် ကစီဓာတ်တစ်မျိုးတည်း ရသွားပြီးတော့ ဗီတာမင်တွေ ဆုံးရှုံးသွားတယ်။ ဒီလိုဆုံးရှုံးသွားလို့ရှိရင် သူငယ်နာရောဂါတွေဖြစ်မယ်။ နို့တိုက်မိခင်တွေမှာ ထုံနာကျင်နာနှင့် ချိနဲ့သွားတာရှိတယ်။ တခြားသူတွေမှာလည်း ကိုက်တယ် ခဲတယ်။ ခါးနာတယ် ကြွက်သားနာတယ် ခြေလက်မသယ်ချင် နှလုံးတုန်တယ်။

 

မောတယ်။ အဲ့လိုဖြစ်တာတွေဟာ B1 ဓာတ်ချို့တဲ့လိုဖြစ်ပါတယ်။ အစားအစာထဲမှာ B1 ဓာတ်မပါဝင်လို့ ဖြစ်တယ်။ ကျွန်မတို့က ဆန်ထဲမှာ ရေထည့်ပြီး (၂) ကြိမ်လောက် ဖွဖွလေးဆေးထည့်ပါတယ်။ ရေဆေးလိုက်တော့ ဆန်ထဲမှာပါတဲ့ အမှုန်အမွှားတွေ ဖွဲခွံတွေ ရေထဲပါသွားပါတယ်။ ဗီတာမင်ဘီဝမ်းကတော့ အများကြီး ပါမသွားနိုင်ပါဘူး။ နည်းနည်းလေးပဲ ပါသွားမှာပါ။ ဒါကြောင့် အာဟာရတန်ဖိုးဆုံးရှုံးမှုနည်းတဲ့ ချက်ပြုတ်နည်းထဲမှာ ဆန်ဆေးခြင်းဟာလည်း အရေးတကြီးပါဝင်ပါတယ်။ ပြီးလို့ရှိရင် ရေကိုနည်းနည်းထည့်မယ်။ ရေကို
နည်းနည်းပဲထည့်တော့ ရေကုန်လည်းသက်သာတယ်။ မီးကုန်လည်းသက်သာတယ်။

 

အချိန်ကုန်လည်းသက်သာတယ်။ ရေအများကြီးထည့်ပြီး ဆူအောင်စောင့်နေရင် ရေလည်းကုန်တယ်၊ မီးလည်းကုန်တယ်။ အချိန်လည်းကုန်တယ်။ အဓိကတော့ သူ့မှာပါတဲ့ အာဟာရတန်ဖိုး ဆုံးရှုံးသွားတယ်။ အရည်ငဲ့လိုက်တဲ့အခါ အဲဒီအရည်ကို ပြန်သောက်ကြပါသလား။ သောက်တဲ့လူလည်းရှိမှာပေါ့။ မသောက်တဲ့ လူလည်းရှိမှာပေါ့။ တချို့ကျတော့ သွန်ပစ်ကြတယ်။ တချို့ကျတော့ ကျွဲနွားတွေကို တိုက်တယ်။ တကယ်တမ်း ထမင်းရည်ငှဲ့ချက်တယ်ဆိုရင် ကိုယ်အပါအဝင် ကိုယ့်ရဲ့မိသားစုဝင်အားလုံး ဒီထမင်းရည်ကို ပြန်သောက်ရမယ်။ ဒါမှ သူ့မှာပါတဲ့ အာဟာရတန်ဖိုး ဆုံးရှုံးမှုမရှိတော့ပဲ B1 ဓာတ်ချို့တဲ့မှုနည်းသွားမယ်။

ထမင်းကို ရေခန်းချက်ပါ။

ဆန်ကိုဖွဖွလေးနဲ့ နှစ်ထပ်ပဲဆေးပြီး ရေခန်းချက်လိုက်ရုံနဲ့ ဘာအကျိုးကျေးဇူး ရပါလဲဆိုတော့ ခုနကပြောတဲ့ B1 ချို့တဲ့ပြီး ကလေးတွေ ရပ်ကွက်ထဲမှာ ကြားဖူးမှာပဲ၊ မြင်ရင်လည်း မြင်ဖူးမှာပဲ။ ကိုယ်တိုင် မဖြစ်ဖူးရင်တောင်မှ ကလေးအကောင်းကြီးကနေ ဖျားတာ နာတာမရှိဘဲ ရုတ်တရက် သေဆုံးသွားတယ်။ ဘာမှန်းမသိလိုက်ဘူး။ ရပ်ကွက်ထဲက လူတွေက မသိလိုက်ဘူး။ အချို့က သူငယ်နာကျဗဟုံးဆိုပြီး ဆေးရုံတောင်မရောက်ခင် သေသွားတာ အမေတို့ကြားဖူးမှာပေါ့။ အဲ့ဒီလိုသူငယ်နာတွေ နို့စို့ကလေးမှာဖြစ်တယ်။ အဲ့ဒါအမေ့နို့မှာ B1 ဓာတ် မပါလို့ပါ။ အမေစားတာ ထမင်းရည်ငှဲ့ပြီးစားတယ်။ တခြားစားတဲ့အာဟာရကလည်း မပြည့်စုံဘူးဆိုတော့ အမေ့နို့မှာ B1 ဓာတ်မပါဘူး။ အဲ့ဒီတော့ ဒီနို့စို့ကလေးက B1 ဓာတ်ချို့တဲ့ပြီးတော့ ရောဂါရနိုင်တယ်။ အမေမှာလည်း ထုံနာကျင်နာဖြစ်ပြီး ချိနဲ့သွားနိုင်တယ်။ ဒါကြောင့် ကျွန်မတို့ ကိုယ်တိုင်လည်း စားတယ်။ ကျန်တဲ့လူတွေကိုလည်း ချက်ပြုတ်စားသောက်ဖို့ တိုက်တွန်းပါတယ်။

Credit : အမျိုးသား အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာန ကျန်းမာရေးဦးစီးဌာန

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18