Print

အူပိတ်ခြင်း

  13-Jul-2019
Preview Image

အူပိတ်တာ ဘယ်နှမျိုးရှိပါသလဲ


အူရယ်လို့ပြောလိုက်ရင် ပုံမှန်အားဖြင့်တော့ အခွေ၊ အခွေတွေကိုပဲ မျက်လုံးထဲမြင်မိကြမယ် ထင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းက ဒီအခွေအခွေတွေကိုပဲ အူသိမ်ပိုင်း Small Bowel နဲ့ အူမကြီး Large Bowel ဆိုပြီး နှစ်ပိုင်းပြန်ခွဲထားရပါတယ်။ ဖွဲ့စည်းပုံ Anatomically အရနဲ့ လုပ်ဆောင်မှုတာဝန်တွေလည်း သူ့အပိုင်းနဲ့ သူရှိတာမို့ ဒီလိုနှစ်ပိုင်းခွဲပြီး ပြောမှနည်းလမ်းပို မှန်မှာပါ။ ဒီလိုမှမဟုတ်ရင် ကိုယ့်မှာရောဂါရှိတယ်၊ ဘာရောဂါလဲမေးခံရရင်၊ အူမှာဘာဖြစ်တယ်တော့ ပြောတာပဲဆိုတာလောက်နဲ့ ရပ်ထားလိုက်ရင် ပညာရှိမဆန်ရာ ကျနေမှာစိုးလို့ပါ။ ဒါကြောင့် အူပိတ်တယ်ဆိုတာမှာလဲ Small Bowel ကိုပိတ်တာ (Small Bowel Obstruction) နဲ့ Large Bowel ကိုပိတ်တာ (Large Bowel Obstruction)ရယ်ဆိုပြီး နှစ်မျိုးကွဲနိုင်ကြောင်း ကိုတော့ အခြေခံသိထားသင့်ပါတယ်။ ဒီ့ထက်ပိုပြီး တိကျရရင်တော့ ဥပမာပြောရ ရင် ဘယ်လောက်အချိန်အတွင်းမှာ ပိတ်သွားတာလဲ (Rate of Onset)၊ အူရဲ့ဘယ်နေရာမှာပိတ်တာလဲ (Site along the bowel) နဲ့ နည်းနည်းပဲပိတ်သလား (Partial Obstruction)၊ လုံးဝပိတ်သလား (Complete obstruction) အစရှိသည်ဖြင့် ထပ်ပြီးတော့ ခွဲခြားရပါ တယ်။ ဒါတွေပေါ်မူတည်ပြီး ကုသမှုပိုင်းဆိုင်ရာမှာကွာ ခြားမှုလေးတွေ ရှိနိုင်ပါတယ်။

အူဘာကြောင့်ပိတ်ရသလဲ

အူပိတ်ရတဲ့အကြောင်းရင်းမှာ အူလမ်းကြောင်း အခေါင်းပေါက်နဲ့ပတ်သက်တဲ့ ပိတ်ဆို့မှုတစ်ခုခု Mechanical Obstruction ကြောင့်ဖြစ်တာဖြစ်သလို အူတွေလှုပ်ရှားမှုမရှိတဲ့ Non-mechanical Obstruction ကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဖြစ်များတတ် တာတွေကတော့

- အူကျွံခြင်း၊ အူထပ်ခြင်း (Intussusception)

- အူမကြီးကင်ဆာဖြစ်ခြင်း

- မွေးရာပါအူလမ်းကြောင်းကျဉ်းရောဂါများကြောင့် ဖြစ်ခြင်း သို့မဟုတ် အူလမ်းကြောင်းဒဏ်
ရာနှင့် ရောင် ရမ်းမှုများကြောင့်ဖြစ်ခြင်း

- အူလိမ်ခြင်း (Volvulus)တို့ကြောင့်ဖြစ်ပါတယ်။+

အူပိတ်ရင် ဘယ်လိုလက္ခဏာတွေနဲ့ ပြတတ်ပါသလဲ

အူပိတ်ရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေ ကတော့

- အော့အန်ခြင်း (Vomiting)
- ဗိုက်ရစ်ရစ်နာခြင်း (Colic)
- ဝမ်းဗိုက်တစ်ခုလုံးဖောင်းတင်းနေခြင်း (Abdominal Distension)
- လေချုပ်၊ ဝမ်းချုပ်ဖြစ်ခြင်း (Absolute Constipa-tion)

အထက်ပါလက္ခဏာတွေဟာအရေးကြီးတဲ့ လက္ခဏာတွေဖြစ်ပေမယ့် အူပိတ်တဲ့နေရာနဲ့ ပိတ်ဆို့ မှုဘယ်လောက်ဆိုးသလဲ၊ ဥပမာ အူလမ်းကြောင်းအ ခေါင်းပေါက်မှာ နည်းနည်းပဲပိတ်တာနဲ့ လုံးဝလမ်းကြောင်း ပိတ်သွားတာစတဲ့ Completeness of Obstructionမှာမူတည်ပြီးရောဂါလက္ခဏာပြတာ အတန်ငယ် ပြောင်း လဲသွားနိုင်ပါတယ်။ ဥပမာ ထပ်ပြရရင်တော့ အူမကြီး လိုမျိုးမှာပိတ်တယ်ဆိုရင် အူသိမ် Small Intestine တွေမှာ ပိတ်သလောက် မြန်မြန်လက္ခဏာမပြတတ်တာ မျိုးပါ။ ပျို့အန်တယ်ဆိုတဲ့လက္ခဏာကတော့ အူအထက်ပိုင်းဖြစ်တဲ့ အူသိမ်ပိုင်းမှာပိုပြီးဖြစ်တတ်တာမျိုးကိုတွေ့ရပါတယ်။

အူပိတ်တာကို ဘယ်လို ကုသကြရသလဲ

အူပိတ်တယ်လို့သံသယရှိတဲ့သူ တစ်ယောက်ကို ဝမ်းဗိုက်ဓာတ်မှန် Plain Abdominal X-Ray ရိုက် ကြည့်ရင် အများအားဖြင့်သိနိုင်ပါတယ်။ ဒါပေမဲ့ တချို့ရှားရှားပါးပါးမှာတော့ ဒီလိုမျိုးရိုးရိုးဓာတ်မှန်နဲ့ မပေါ်တတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အူ ပိတ်တဲ့ဖြစ်နိုင်ခြေရောဂါတွေကို ရှာဖွေနိုင်ဖို့ အခြေခံသွေးစစ်မှုတွေ ကိုလည်း ပြုလုပ်ရပါတယ်။ စစ်ဆေး မှုရလဒ်၊ ရောဂါသဘာဝနဲ့ လူနာ ရဲ့အခြေအနေပေါ်မူတည်ပြီး ချက် ချင်းခွဲစိတ်ရတာမျိုးရှိနိုင်သလို မခွဲ စိတ်သေးဘဲ စောင့်ကြည့်ကုသရ တဲ့ Conservative Treatment ဆိုပြီး ကွဲပြားသွားနိုင်ပါတယ်။ နာကျင်မှုသက်သာအောင် သင့်တော်တဲ့ဆေးပေးတာမျိုးနဲ့ Infection မဝင်စေနိုင်အောင် ပိုးသတ်ဆေးတွေနဲ့ကြို တင်ကာကွယ်ရပါတယ်။

ဘယ်လိုအခါမျိုးမှာ အရေး ပေါ်ခွဲစိတ်ရတတ်သလဲဆိုတာကတော့-

ဗိုက်အောင့်တာ၊ နာကျင်တာ တဖြည်းဖြည်း နဲ့ ပိုပိုဆိုးပြီး မခံနိုင်ဖြစ်လာမယ်။

* ဝမ်းဗိုက်အမြှေးပါး ပိုးဝင်တဲ့ လက္ခဏာတွေ ပြလာမယ်။
* အူလမ်းကြောင်းရဲ့ သွေးကြောတွေဖိမိတဲ့ အတွက် အူသွေးငတ်တဲ့ Ischemia နဲ့ နောက်ဆက်တွဲ အူပေါက်တာ (Perforation) ဖြစ်မယ်။

* အူကျရောဂါဖြစ်တာကနေ အူပိတ်တာဖြစ် မယ်။

* စောင့်ကြည့်ကုသရင်းနဲ့မှ လူနာအခြေအ နေမသက်သာဘဲ ဝမ်းဗိုက်အထိ မခံနိုင်အောင်ဖြစ်ပြီး သွေးခုန်နှုန်းတွေပါ မြန်လာတာဖြစ်မယ်အစရှိတဲ့ လက္ခ ဏာတွေမှာ ချက်ခြင်းခွဲစိတ် ကုသရတာမျိုးဖြစ်တတ်ပါ တယ်။ အူပုပ်ခြင်းနဲ့ အူပုပ်ခြင်းမှတစ်ဆင့်ဖြစ်
တတ်တဲ့ အူပေါက်ခြင်း၊ အူအတွင်းမှ ရောဂါပိုးမွှားတွေ ဝမ်းဗိုက် တစ်ခုလုံး ပျံ့နှံ့သွားခြင်း
နဲ့ သွေးဆိပ်တက်ခြင်း ကိုကာ ကွယ်လိုလို့ဖြစ်ပါတယ်။ ဒါကြောင့် အနှစ်ချုပ်ပြောရရင်တော့ အူပိတ် တာဟာကလေး၊ လူကြီး မရွေးဖြစ်တတ်ပါတယ်။ အလွန် နုငယ်သေးတဲ့ ကလေး
လေးတွေမှာ ဆိုရင်တော့ လူကြီး တွေရဲ့ ဖြစ်ရခြင်းအကြောင်းအရာချင်း သိပ်မတူတတ် ပါဘူး။ ဘယ်အရွယ်ဖြစ်ဖြစ် အူပိတ်တာဟာ အချိန်မီ ခွဲစိတ်ကုသရင်ဖြစ်ဖြစ်၊ သင့်တော်
တဲ့ကုသမှုခံယူရင်ဖြစ် ဖြစ် သက်သာပျောက်ကင်းသွားတတ်ပေမယ့် ပေါ့ဆ မိရင်တော့ အသက်အန္တရာယ်ရှိနိုင်တာမို့ အူလမ်းကြောင်း ရောဂါတစ်ခု အနေနဲ့ ဗဟုသုတအကျဉ်းချုံး
မိစေရန်ရည် ရွယ်ပြီး ဒီဆောင်းပါးကနေတစ်ဆင့် ပြန်လည်မျှဝေ ဖော် ပြလိုက်ရပါတယ်။

Credit : နေခြည် | ဆေး-၁

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18