Botulism
20-Jul-2019
အမျိုးအစားများ
၁။ အစားအစာထဲ ပိုးဝင်ခြင်း
- အသင့်စားသံဗူးများ
- အသင့်စား အသားပြားများ
- မီးခိုးကြပ်တိုက်ထားသော ငါးများ၊ ငါးစိမ်းများ
၂။ အနာတွင်းပိုးဝင်ခြင်း
၃။ အသက်၂ လမှ ၈ လကြားကလေးများ၏ အူလမ်းကြောင်းတွင် ပိုးဝင်ခြင်း
- Botulinum ပိုးပါသော ပျားရည် (သို့) ပြောင်းဖူးနှင့်
ပြုလုပ်ထားသည့် ဖျော်ရည်များကို စားမိခြင်း
ရောဂါလက္ခဏာများ
ဖြစ်ပွားနိုင်သည့်အချိန် - အဆိပ်ပါသော အစားအစာကို စားမိပြီး
၈နာရီမှ ၃၆ နာရီအတွင်း ဖြစ်နိုင်ပါတယ်။
လူကြီးများတွင် တွေ့ရသော ရောဂါလက္ခဏာများ
- ဗိုက်ရစ်ပြီး နာခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- တံတွေးမြိုရ၊ စကားပြောရခက်ခြင်း
- အမြင်နှစ်ထပ် ဖြစ်လာခြင်း
- ပျို့အန်ခြင်း
- ပျော့ခွေ အားနည်းလာခြင်း
ကလေးများတွင် တွေ့ရသော ရောဂါလက္ခဏာများ
- ဝမ်းချုပ်ခြင်း
- သွားရည်ကျခြင်း
- နို့မစို့နိုင်ခြင်း၊ အစာမစားနိုင်ခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- ငိုသံမထွက်တော့ခြင်း
- ပျော့ခွေခြင်း
တွေ့ရှိနိုင်သော ရောဂါလက္ခဏာများ
- စမ်းသပ်သည့်အခါ အာရုံကြော တုန့်ပြန်မှုအား နည်းနေခြင်း
- မျက်ခွံကျလာခြင်း
- ခန္ဓာကိုယ် အပေါ်ပိုင်းမှစ၍ တဖြည်းဖြည်း ကြွက်သားများ
အားနည်းလာခြင်း
- စကားမပြောနိုင်ခြင်း
- ဆီးမသွားနိုင်ခြင်း၊ ဝမ်းမသွားနိုင်ခြင်း
- အမြင်ဝါးလာခြင်း
စစ်ဆေးမှုများ
- သွေးစစ်ခြင်း
- ဝမ်းစစ်ခြင်း
- အစားအစာများကို ဓာတ်ခွဲခန်းပို့၍ စစ်ဆေးခြင်း
ကုသမှု
- အဆိပ်ဖြေဆေးပေး၍ ကုခြင်း
- အောက်ဆီဂျင်ပေးခြင်း
- အစာပိုက်သွင်းခြင်း(အစာ မမြိုနိုင်သူများတွင်)
နောက်ဆက်တွဲ ဆိုးကျိုးများ
- အစာအိမ်လမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်း ပိုးဝင်ခြင်း
- ပျော့ခွေအားနည်းလာခြင်း
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြသနာများ ဖြစ်နိုင်ခြင်း
- အသက်ရှူရ ခက်ခဲခြင်း
အချိန်မှီ ကုသမှုခံယူရန် လိုအပ်ပါတယ်။ ကုသမှုမပြုလျှင် အသက်အန္တရာယ်
ရှိနိုင်ပါတယ်။ ရောဂါဖြစ်လျှင်ဖြစ်ချင်း နီးစပ်ရာ ဆေးရုံရှိ အရေးပေါ်ငှာနသို့သွားရန်
အရေးကြီးပါတယ်။
ကာကွယ်နည်းများ
- အသက် ၁ နှစ်အောက်ကလေးများကို ပျားရည်သို့ ပြောင်းဖူးဖျော်ရည်များကို
တိုက်ကျွေးခြင်း မပြုလုပ်ရပါ။
- အသင့်စား သံဗူးများ ဖောင်းကြွနေပါက၊ တာရှည်ခံ အစားအစာများ
အနံ့ဆိုးထွက်နေပါက စားသုံးခြင်းမပြုဘဲ လွှင့်ပစ်ပါ။
- အသင့်စားသံဗူးများကို အနည်းဆုံး ၂၅ဝ ဒီဂရီ ဖာရင်ဟိုက်ရှိ
မီးဖိုပေါ်တွင် မိနစ် ၃ဝ ခန့်ကြာအောင် အပူပေး၍ ပိုးသတ်ခြင်းဖြင့် ရောဂါ ဖြစ်ပွားမှုကို
လျှော့ကျစေနိုင်ပါတယ်။
Credit : Dr. Myat Noe
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။