Print

မျက်စိထဲသို့ တစ်စုံတစ်ခုဝင်ပါက အန္တရာယ်မရှိအောင်လုပ်နည်း

  25-Jul-2019
Preview Image

''မျက်စိထဲကို တစ်စုံတစ်ခုဝင်သွားပြီဆိုရင် ဘယ်လိုလုပ်သင့်တယ်ဆိုတာ မသိကြဘူး။ အဲဒီလို အခါမျိုးမှာ အမြင်အာရုံကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိကြဖို့လိုပါတယ်''ဟု မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာတင်ဝင်း ကပြောကြားသည်။ 


ဓာတ်ဆီ၊ ရေနံဆီဝင်ရောက်ပါက

မျက်စိထဲသို့ဓာတ်ဆီ၊ ရေနံဆီ တစ်ခုခုဝင်သွားပါက ချက်ချင်းမျက်လုံးအား သန့်စင်သည့်ရေဖြင့် ဆေးကြောသင့်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသကာ ကုသမှုများကို ခံယူသင့်သည်။

အက်စစ်၊ ထုံးဝင်ပါက


အကယ်၍ ထုံးဝင်သည် ဆိုပါကလည်း ဝင်သွားသည့် ထုံးအစအနများပါမကျန်အောင် သင့်လျော်သည့် အရှိန်ပါသော ရေပိုက်တစ်ခုခုအောက်တွင်ခံ၍ မျက်စိကို ဆေးကြောခြင်း ပြုလုပ်ရမည်ဖြစ်သည်။

မျက်လုံးအတွင်းသို့ အက်စစ် ဝင်ရောက်သည် ဆိုပါက

ချက်ချင်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ပြသကြသော်လည်း ထုံးဝင်ရောက်ခြင်းကိုမူ အန္တရာယ်မရှိဟု ထင်မှတ်ကာ ပေါ့လျော့နေတတ်သည်။

''လူတွေရဲ့ ခံယူချက်က ဘာလဲဆိုတော့ ဘက်ထရီအက်စစ် မျက်လုံးထဲဝင်ရင် ချက်ချင်းပဲ ဆေးရုံကို ပြေးလာကြတယ်။ ဘက်ထရီ အက်စစ်က ပျော့တယ်။ မျက်လုံးကို ဘာမှဆိုးဆိုး ရွားရွားမဖြစ်ဘူး။ ထုံးကတော့ မျက်လုံးထဲကို စိမ့်ဝင်နိုင်တယ်။ အဲဒီအခြေအနေတွေမှာဖြစ်ပြီး တစ်ရက်လဲမရောက်၊ နှစ်ရက်လဲမရောက် နောက်ကျပြီးတော့မှ ရောက်လာကြတယ်''ဟု ယင်းကပြောသည်။ မျက်လုံးအတွင်းသို့ ထုံး ဝင်ရောက်သွားပြီ ဆိုပါက မျက်စိကို ရေသန့်သန့်နှင့် စင်ကြယ်အောင် သေသေချာချာ ဆေးကြောပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက် ပြသသင့်ပြီး ထုံးသည် ပါးစပ်နှင့်စား၍ ရသောအရာ ဖြစ်သော်လည်း မျက်စိအတွင်းသို့ ဝင်သွားပါက ယင်းထုံးသည် မျက်စိထဲရှိ ကလီစာများကို လှိုက်စားကာ မျက်စိကွယ်သည်အထိ ဖြစ်သွားနိုင်ကြောင်း ပါမောက္ခ ဒေါက်တာတင်ဝင်းက သတိပေးသည်။ ယင်းကြောင့် မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များအား ထုံး ဝယ်ယူ
ခိုင်းခြင်းများ မပြုလုပ်ကြရန်နှင့် ထုံးများကို ထုပ်ပိုးရာတွင်လည်း အလွယ်တကူ ပေါက်နိုင်သော ထုပ်ပိုးနည်းများဖြင့် မပြုလုပ်သင့်ပေ။

အမြင်အာရုံဆုံးရှုံးစေနိုင်သည့် အရာများ


မျက်စိထဲသို့ ထုံး၊ အက်စစ်၊ အမိုးနီးယား၊ ကော့စတစ်၊ အယ်လ်ကာလီ အပြင်း စသည်တို့ မျက်စိထဲသို့ ဝင်သွားပါက မျက်ကြည်လွှာတွင် အနာ ဖြစ်စေပြီး မျက်မြှေးပါးလွှာတွင် အနာဖြစ်ခြင်း မျက်လုံးအိမ်နှင့် မျက်ခမ်းကပ်တွယ်သွားကာ မျက်လုံးဖွင့်မရခြင်း၊ မျက်လုံးအတွင်း ရောင်ရမ်းခြင်း စသည့် နောက်ဆက်တွဲ ရောဂါများဖြစ်ကာ အမြင်အာရုံပင် ဆုံးရှုံးစေနိုင်ကြောင်း သိရသည်။ မျက်စိထဲသို့ ယင်းပစ္စည်းများဝင်လျှင်ဝင်ချင်း ရှေးဦးသူနာပြုစုနည်း တချို့ကို ပြုလုပ်နိုင်ပါက အမြင်အာရုံ ဆုံးရှုံးစေသည့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ရောဂါများကို အတော်အသင့် ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

Credit : Yangon Media Group


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18