Contraceptives and breastfeeding နို့တိုက်မိခင်များအတွက် ကိုယ်ဝန်တားဆေ...
03-Aug-2019
ဟော်မုန်းတွေဆိုတာ Estrogen (အီစထိုဂျင်) နဲ့
Progestin (ပရိုဂျက်စတင်) တွေ ဖြစ်တယ်။ ကလေးနို့တိုက်သူတွေနဲ့ သိပ်မကိုက်ဘူး။ ဒီဆေးမျိုးထဲမှာပါတဲ့
Estrogen က နို့ထွက်နည်းစေမယ်။ ကလေးတစ်လခွဲရှိတဲ့အထိ တားဆေးမသုံးဘဲလဲ နေနိုင်တယ်။ ကလေးနို့ဖြတ်ပြီးရင်
ကြိုက်တဲ့ နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာသုံးရင်
နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေးရဘို့ ဝေးတတ်တယ်။
ဒါမျိုးကို ဆေးစာမှာ Lactational amenorrhea ခေါ်တယ်။ ရာသီမဆင်း၊ ကလေးမရတာမျိုး ဖြစ်တယ်။
ကလေးမွေပြီးတဲ့နောက် အမျိုးသမီးများဟာ ခင်ပွန်းနဲ့ အတူပြန်နေတာမှာ မြန်ကြတာများတယ်။
၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။
ကလေး နို့တိုက်တုံးသုံးနိုင်တဲ့ ကိုယ်ဝန်တားဆေးများ
- Depo-Provera ၃ လခံထိုးဆေးလဲ သုံးနိုင်တယ်။
- Progestin-only pill (POP) တစ်မျိုးထဲပါတဲ့ တားဆေးမျိုးက
ပိုအဆင်ပြေတယ်။ ဒီဆေးမျိုးကို Mini pill လို့လဲ ခေါ်တယ်။ တားဆေးထဲက ဟော်မုန်းဟာ မိခင်နို့ရည်ထဲ
မရောက်နိုင်လို့ ကလေးကို ဒုက္ခမပေးပါ။ Progestin-only pill အမျိုးအစားဟာ ဟော်မုန်း ၂
မျိုးတွဲထက် ကိုယ်ဝန်တားရာမှာ ထိရောက်မှု ရာနှုန်းနည်းတယ်။ ဆေးကို နေ့တိုင်းမှန်မှန်
နဲ့ အချိန်လဲ မှန်မှန်သောက်ဘို့ အထူးသတိကြီးရမယ်။
- Progestin-only implants အရေပြားအောက်မှာ ထည့်ထားရတဲ့
အချောင်းမျိုးသုံးနိုင်တယ်။ ဥပမာ Norplant ဖြစ်တယ်။
- Contraceptive implant အရေပြားအောက်မှာ ထည့်ထားရတဲ့
ဟော်မုန်းပါ ဆေးချောင်းထည့်နည်း Norplant and
Jadelle (Norplant II), Implanon, Sino-implant (II) marketed as (Zarin, Femplant
and Trust), Nexplanon တွေကို သုံးနိုင်တယ်။
- Barrier methods အဖုံး-အကာ-အစွပ်နည်းတွေထဲက Condom
(ကွန်ဒွမ်) က ပိုအဆင်ပြေနိုင်တယ်။
- Intrauterine devices (IUD) သားအိမ်ထဲ (ကောပါး-တီ) ထည့်နည်းမှာ
ဘာဟော်မုန်းမှ မပါလို့ နို့ထွက်တာကို သက်ရောက်မှု မရှိပါ။
- Intrauterine system (IUS), IUD with progestogen,
IntraUterine Contraceptive (IUC) လို့ ခေါ်တာက သားအိမ်အဝမှာ (ပရိုဂျက်စတင်) တမျိုးထဲသာ
ပါလို့ နို့ထွက်တာကို မသက်ရောက်စေဘူး။
- Diaphragm (ဒိုင်ယာဖရမ်) နည်းကတော့ ကလေးမွေးပြီးစမှာ
အရွယ်အစား ရင်စားပြန်မရသေးလို့ အနေမတော် ဖြစ်နိုင်တယ်။
- NuvaRing ထဲမှာလဲ ဟော်မုန်း ၂ မျိုးတွဲပါလို့ နို့ထွက်နည်းမယ်။
- Contraceptive patch = Transdermal patch (Evra,
Ortho Evra) ထဲမှာ Estrogen နဲ့ Progestin hormones တွေပါလို့ နို့ထွက်နည်းစေမယ်။
Credit : Dr.Tint Swe
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။