Print

ထမင်းလုံးတစ္ဆေခြောက်ခြင်း (Hypnogogic jerk)

  23-Aug-2019
Preview Image

ငယ်ငယ်တုန်းက အိပ်ယာဝင်တဲ့အချိန်ကျရင် အိပ်ပျော်ခါနီးဖြစ်နေတဲ့အချိန် အိပ်မက်လိုလိုနဲ့ တစ်ခုခုထဲ ကျသွားသလိုဖြစ်ပြီး ရင်ထဲမှာအေးခနဲဖြစ်သွား၊ ပြီးရင် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက် ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားတာမျိုး ခဏခဏဖြစ်ဖူးပါတယ်။ အခုထက်ထိလည်း တစ်ခါတစ်လေ အိပ်မောကျခါနီးဆို ဖြစ်တတ်ပါသေးတယ်။ အရင်တုန်းကတော့ ထမင်းလုံးတစ္ဆေခြောက်တာလို့ မိဘတွေက ပြောတတ်ပါတယ်။ အိပ်ခါနီး ထမင်းစားပြီး ထမင်းလုံးနင်းထားမိလို့ ဖြစ်တာဆိုပြီးပြောလို့ နောက်ပိုင်း
အိပ်ခါနီးတိုင်း ခြေထောက်ဆေးတဲ့အကျင့် ရသွားရော။ ပာုတ်တာမပာုတ်တာထက် ကောင်းတဲ့အကျင့်လေးတော့ ဖြစ်သွားတာပေါ့လေ။ ကျနော့်လိုပဲ သူများတွေလည်း ကြုံဖူးမယ် ထင်ပါတယ်။ အခုမှသိပ္ပံနည်းကျ ဖြေရှင်းချက်လေးတွေ ဖတ်မိလို့ ထပ်ဝေမျှပေးလိုက်ပါတယ်။

 

 အိပ်ပျော်ခါနီးအချိန်မှာ ပြုတ်ကျသလိုခံစားရပါတယ်။ အဲဒီနောက် တစ်ကိုယ်လုံး ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားပါတယ်။ အဲလိုမျိုးအဖြစ်အပျက်ကို Hypnogogic jerk လို့ခေါ်ပါတယ်။ ဖြစ်နိုင်ချေရှိတာတော့ စိတ်ဖိစီးမှုတွေ၊ ကဖင်းနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မအိပ်ခင် လုပ်ထားရတာတွေနဲ့ သက်ဆိုင်ပါတယ်။ သူလည်းလူဦးရေရဲ့၇ဝ ရာခိုင်နှုန်းလောက်ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အိပ်ပျော်ခါနီးအချိန်မှာ တစ်ကိုယ်လုံးမှာရှိတဲ့ လူရဲ့ကြွက်သားတွေပာာ ဖြေလျော့သွားပါတယ်။ အနားယူသွားတယ်ပေါ့လေ။ အဲဒါကိုဦးနှောက်က နားလည်မှုလွဲသွားပါတယ်။ ဦးနှောက်က အဲလိုကြွက်သားတွေ ဖြေလျော့ပြီး အနားယူသွားတယ်လို့မထင်ဘဲ တင်းတင်းရင်းရင်းရှိမနေတော့တဲ့အတွက် ခန္ဒာကိုယ်ကြီးပြုတ်ကျသွားတယ်လို့ ဘာသာပြန်လိုက်ပါတယ်။ အဲလိုဘာသာပြန်ရုံတင်မကဘဲ ခန္ဒာကိုယ်ကိုလည်း တုန့်ပြန်မှုတွေလုပ်ဖို့ စေခိုင်းလိုက်ပါတယ်။ အဲဒီအတွက် ခန္ဒာကိုယ်ကကြွက်သားတွေကလည်း balance ကိုထိန်းဖို့အတွက် ဦးနှောက်ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ပါတယ်။

အဲဒီအတွက်ကြောင့် ကျွန်တော်တို့ပြုတ်ကျသလို ရင်ထဲမှာအေးသွားပြီး ကြွက်သားတွေ
အလုပ်ပြန်လုပ်သွားတဲ့အတွက် ဆတ်ခနဲ့တုန်ပြီး လန့်နိုးသွားတတ်တာဖြစ်ပါတယ်။ သာမန်ဖြစ်တတ်ပေမယ့် မူးယစ်ဆေးတွေဖြစ်တဲ့ မော်ဖင်း၊ ပာီရိုအင်း၊ မက်သဒုန်း စတဲ့ဆေးဝါးတွေ အသုံးပြုသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီလိုမျိုး Hypnogogoic jerk ပာာ အိပ်ပျော်ဖို့ခက်တဲ့သူတွေ၊ အိပ်ယာသက်တောင့်သက်သာမရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အထူးသဖြင့် မအိပ်မနေ အလုပ်လုပ်နေရတဲ့သူတွေ (စာမေးပွဲနီးလို့ စာကျက်နေရတာမျိုး၊ အလုပ်ပြီးအောင် လုပ်နေရတာမျိုး) မှာဆိုရင် ပြန်အိပ်တဲ့အခါ အိပ်ပျော်ခါနီးအချိန်မှာ ဖြစ်တတ်ပါတယ်။ အဲလိုဦးနှောက်ကို အနားမပေးဘဲ အချိန်ကြာကြာခိုင်းထားတဲ့အခါ ဦးနှောက်ကပိုပြီး အမှားအယွင်းတွေ ဘာသာပြန်လို့ပါ။

 

ငယ်တဲ့အချိန်မှာ ပိုဖြစ်တတ်ပြီး အသက်ကြီးလာတာနဲ့အမျှ နည်းသွားတတ်ပါတယ်။ သူ့ရဲ့အကြီးဆုံးဆိုးကျိုးကတော့ အိပ်ရေးပျက်တာဖြစ်ပါတယ်။ ကျနော်လည်း တစ်ခါတလေအရမ်းအိပ်ချင်လို့ အိပ်ပျော်ခါနီးမှာ အဲလိုမျိုး Hypnogogoic jerk ဖြစ်သွားရင် လန့်နိုးသွားပြီး ပြန်အိပ်ရခက်သွားတတ်ပါတယ်။ အမြဲတမ်းတော့ မပာုတ်ပါဘူး။ ဒါပေမယ့် တချို့သူတွေမှာတော့ ခဏခဏဖြစ်တဲ့အခါ နောက်ပိုင်း အိပ်ရမှာကို ကြောက်လာပြီး စိတ်ရောဂါလိုမျိုး ဖြစ်သွားတတ်ပါတယ်။ ဒီလောက်ဆို ထမင်းလုံးတစ္ဆေခြောက်တာ ဘယ်လိုမျိုးဖြစ်တာလဲဆိုတာ နားလည်လောက်ပြီထင်ပါတယ်။ သားသမီးတွေရှိရင်တော့ ခြေထောက်ရေဆေးပါစေဦး။ ပာုတ်တာမပာုတ်တာထက် သန့်သန့်ရှင်းရှင်းရှိတာပေါ့။

Credit : Dr. Thurein Hlaing Win


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18