လူသိနည်းတဲ့ သကြားရဲ့ဆိုုးကျိုး
31-Aug-2019မြန်မာနှလုံုးဖောင်ဒေးရှင်း ဒီတစ်ပတ် ကျန်းမာရေးသတင်းတွေထဲမှာ သကြားဟာ အဆီထက်ကိုု
အန္တရာယ်များတဲ့ အကြောင်းတွေ တော်တော်လေးပါပါတယ်။ အဲဒါကြောင့် သကြားလွန်လွန်ကဲကဲ
စားသုံုးခြင်းရဲ့ ဆိုုးကျိုးအကြောင်း ၁ဝ မျိုးကိုု တင်ပြလိုုက်ပါတယ်။
(၁) သကြားက နှလုံုးကိုု ဒုုက္ခပေးတတ်တယ်။
American Heart Association ရဲ့ အဆိုုအရသကြားလွန်ကဲစွာ စားသုံုးခြင်းကြောင့် နှလုံုးညှစ်ခြင်းကိုု
ထိခိုုက်နိုုင်ပြီး နှလုံုးညှစ်အားနည်းရောဂါ ဖြစ်နိုုင်တယ်လိုု့ ဆိုုပါတယ်။
(၂) သကြားက အဓိကအားဖြင့် ဗိုုက်ကိုု ရွှဲစေပါတယ်။
တစ်ကမ္ဘာလုုံးမှာ အဝလွန်တဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ အတွင်း
အဆတော်တော်များများ တိုုးလာပါတယ်။ ၂ဝ၁ဝ ခုုနှစ်က ပြုလုုပ်ခဲ့တဲ့ ဆေးသုုသေနတစ်ခုုအရ
ကလေးတွေမှာ သကြားစားသုံုးမှုများတဲ့အတွက်ကြောင့် ကိုုယ်ခန္ဓာထဲက ကလီစာတွေ အဆီများလာပြီး
ဗိုုက်ရွှဲစေတယ်၊ နောက်တော့ နှလုံုးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်စေပါတယ်။
(၃) သကြားက တကယ့်ကိုု အသံတိတ်လူသတ်သမားပါ။
ဆားနဲ့ သွေးတိုုးရောဂါတွေနဲ့အပြိုင် သကြားက လူတွေကိုုသတ်ပါတယ်။ ၂ဝဝ၈ ခုုနှစ်က
လုုပ်ခဲ့တဲ့ ဆေးသုုသေသနတစ်ခုုအရ leptin resistance လိုု့ခေါ်တဲ့ ရောဂါကိုုရစေပါတယ်။
လူ့ကိုုယ်ခန္ဓာမှာ အစားစားတဲ့အခါ Leptin ဓာတ်က အာသာပြေတဲ့စိတ်ကိုု ဖြစ်စေပါတယ်။
leptin resistance ရတဲ့အခါ စားပြီးရင်းစားချင်ရင်းမိုု့ အဝလွန်စေပါတယ်။ ဝလွန်းတဲ့အခါ
ဘာမှမသိပဲ ရောဂါတွေကိုုရလာပြီး လူကိုု သေစေပါတယ်။
(၄) သကြားကြောင့် ကင်ဆာပိုုဖြစ်စေပြီး၊ ကင်ဆာကြောင့် သေနှုန်းကိုုလည်း များစေပါတယ်။
အူထဲမှာ သကြားဓာတ်တွေများရင် B-catenin ဆိုုတဲ့ ဓာတ်တစ်မျိုးထွက်လာပြီး
ကင်ဆာဖြစ်ပွားမှုကိုု အားပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာလိုုရောဂါတွေမှာ သကြားစားတာ
များတဲ့လူတာတွေရဲ့ သေနှုန်းက ပိုုပြီးများပါတယ်။
(၅) သကြားကြိုက်တာ မျိုးရိုုးလိုုက်တတ်ပါတယ်။
Ghrelin ဓာတ်များတဲ့ သူတွေဟာ သကြားနဲ့ အရက်ကိုုပိုုစွဲတတ်ပါတယ်။ Ghrelin ဓာတ်က
ကိုုယ်ခန္ဓာကိုု ဆာလောင်စေပါတယ်။
(၆) သကြားနဲ့ အရက်ဟာ အသည်းကိုု ဒုုက္ခပေးတာ အတူတူပါပဲ။
အရမ်းမဝတဲ့ လူတွေမှာတောင် သကြားက အရက်နဲ့အလားတူ အသည်းကိုု ပျက်စီးစေပါတယ်။ သကြားနဲ့အရက်ကိုု
ကိုုယ်ခန္ဓာက ချေဖျက်ရတဲ့ နည်းလမ်းတွေက အတူတူပါပဲ။
(၇)သကြားက ဦးဏှောက်ကိုု ဒုုက္ခပေးပါတယ်။
လွန်ကဲတဲ့သကြားဓာတ်က ကိုုယ်ခန္တာက ဆဲလ်တွေကိုု အိုုမင်းစေပါတယ်။ သကြားအရမ်းစားတဲ့
လူတွေမှာ သတိမေ့ခြင်း၊ ဦးဏှောက်အားလျော့ခြင်းတွေ ပိုုပြီးဖြစ်တတ်ပါတယ်။
(၈) သကြားဓာတ်က နေ့စဉ် စားသုံုးစရာတွေထဲမှာ ပြည့်နေခြင်း
သွားရည်စာတွေ အချိုရည်တွေထဲမှာ သကြားတွေ အများကြီးပါပါတယ်။ ဥပမာ-Coke တစ်ဘူးမှာ သကြား
၁ဝ ဇွန်းလောက်ပါဝင်ပါတယ်။
(၉) သကြားလွန်ကဲစွာ စားသုံုးမှုကြောင့် အသက်တိုုနိုုင်ပါတယ်။
၂ဝ၁၃ စစ်တမ်းတစ်ခုုအရ ကမ္ဘာတဝန်းမှာ တစ်နှစ်ကိုု ၁၈ဝဝဝဝ လောက် သကြားစားသုံုးမှု
လွန်ကဲလိုု့ သေကြေကြရပါတယ်။ ဆီးချို၊ နှလုံုးနဲ့ ကင်ဆာရောဂါတွေကြောင့် သေကြရတာ
ဖြစ်ပါတယ်။
(၁ဝ) သကြားကြောင့် အဝလွန်စေပါတယ်။
ဒီအချက်က လူတိုုင်း သိကြပါတယ်။သကြားစားပြီးရင် ဗိုုက်ပြည့်တယ်မရှိပါဘူး။
အဲဒါကြောင့် အချိုတွေ စားပြီးရင် အစားကိုု ထပ်ပြီး စားစေချင်စိတ် ဖြစ်စေပါတယ်။
Credit : ပိုပိုဇော်(သဘာဝအားအင်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။