အရက်ဖြတ်ခြင်းနှင့် အရက်ဖြတ်ဆေး
05-Sep-2019အရက်ဖြတ်သင့်သူများ
အရက်သောက်သူတိုင်း အရက်ဖြတ်ဖို့လိုသည် မဟုတ်ပါ။ လူမှုရေးအရ၊
တစ်ခါတစ်ရံ အပျင်းပြေအဖြစ်၎င်း အရက်သောက်သူများကို အတင်းအကြပ် မတိုက်တွန်းသင့်ပါ။
အရက်အလွန်အကျွံ သောက်သူများ၊ အရက်စွဲနေသူများနှင့် အရက်ကြောင့် လူမှုရေး စီးပွားရေး
ကျန်းမာရေး ပြဿနာတစ်မျိုးမျိုး တက်နေသူများသည် အရက်ဖြတ်သင့်သူများ ဖြစ်ကြ၏။ အရက်ကို
တစ်သက်လုံး အပြီးဖြတ်ရမှာလား၊ ထိန်းထိန်းသိမ်းသိမ်း လျှော့သောက်လို့ မရဘူးလားဟု အမေရှိခဲ့သော်၊
အရက်စွဲ၍ ပြဿနာတစ်မျိုးမျိုး ကြုံတွေ့နေရသူများအနေဖြင့် လုံးဝပြန်မသောက်သင့်ပါ။
အပြီးဖြတ်သင့်ပါသည်။ အရက်ကို မစွဲသေးဘဲ တစ်ခါတစ်ရံ များများစားစား
သောက်တတ်သူများအတွက်မူ
လျှော့သောက်သည့်နည်းကို စမ်းကြည့်လိုက စမ်းကြည့်နိုင်ပါသည်။ စမ်းကြည့်၍
မထိန်းနိုင်လျှင် အပြီးဖြတ်ရပါမည်။
အပြင်လူနာအဖြစ်ကုသခြင်း
ဆရာဝန် (သို့) တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးက စမ်းသပ်စစ်ဆေး၍ ဆိုးဆိုးဝါးဝါး
ကျန်းမာရေးပြဿနာ မတွေ့ခဲ့လျှင် အပြင်လူနာအဖြစ် အရက်ဖြတ်နိုင်ပါသည်။ သို့ရာတွင်
ကာယကံရှင် လူနာ၏ အရက်ဖြတ်လိုသော စိတ်ဆန္ဒရှိဖို့ လိုအပ်သကဲ့သို့၊ လူနာအိမ်ရှင်တို့၏
စောင့်ကြပ်ထိန်းမတ် ပေးနိုင်ဖို့လည်း လိုက်နာရန်လည်း အရေးကြီးပါသည်။
အတွင်းလူနာအဖြစ်ကုသခြင်း
အတွင်းလူနာအဖြစ် ဆေးရုံတက်ကုသရန် လိုအပ်သောသူများမှုာ အရက်ဖြတ်လိုစိတ် လုံးဝမရှိသူများ၊
မိသားစုမှ အတင်းအကြပ် ဆေးရုံခေါ်ခဲ့ရသူများ၊ အိမ်၌ လုံးဝမရှိသူများ၊ အပြင်မှာ
ကုသမရခဲ့သူများနှင့် အသည်းရောင်ခြင်း၊ ဖောသွပ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊
စိတ်ဖောက်ခြင်း၊ စိတ်ကျခြင်းစသည့် ဆိုးဆိုးဝါးဝါး ကျန်းမာရေးပြဿနာရှိနေသူများပင်
အရေးကြီးပါသည်။ ဆေးရုံဆိုရာ၌ အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ၊ အထွေထွေရောဂါဆေးရုံ၊
အထူးကုဆေးရုံ မည်သည့်ဆေးရုံတွင်မဆို ကုသပေးနိုင်ပါသည်။ ရံဖန်ရံခါ
ဖျားနာအထူးကုသမားတော်နှင့် စိတ်ရောဂါ အထူးကုဆရာဝန်တို့ ပူးပေါင်းကုသပေးရသော အခြေအနေများ
တွေ့ကြုံရတတ်၍ ဖြစ်ပါသည်။
အခြေခံကုထုံး
အရက်ဖြတ်သည်ဟု မြန်မာစကားအရ အလွယ်တကူ ပြောနေကြသော်လည်း ကုထုံးအဆင့်ဆင့် ရှိပါသည်။
ပထမအဆင့် ကုထုံးမှာ DETOXIFICATION ခေါ် အရက်၏ အဆိပ်အတောက်များကို ဖယ်ရှားပစ်ခြင်း
ဖြစ်ပေသည်။ ဤအဆင့်တွင် အဓိက အသုံးပြုသော ဆေးဝါးများမှာ စိတ်ငြိမ်ဆေး၊
ဗီတာမင်အားဆေး၊ ဂလူးကို့စ်ဆေးနှင့် အချို့အရက်စွဲလူနာများသည် အရက်ဖြတ်၍ ၄၈ နာရီအတွင်း
တက်တတ်သဖြင့် အတက်ရောဂါကာကွယ်ဆေးတို့ဖြစ်ပါသည်။ လက်တွေ့အသုံးပြုနိုင်သော
စိတ်ငြိမ်ဆေးမှာ ဒီဇက်ဟုဆေးလောကတွင် ခေါ်နေသော DIAZEPAM ဖြစ်၏။ သာမန်အားဖြင့်
တစ်နေ့လျှင် သောက်ဆေး ၄ဝ မှ ၆ဝ မီလီဂရမ်အတွင်း ပေးနိုင်သည်။ သုံးကြိမ်
ခွဲပေးသင့်ပြီး ညအိပ်ချိန်တွင် ပိုပေးသင့်၏။ အရက်ကြောင့် ကြောင်နေလျှင် (သို့)
ကယောင်ကတမ်းဖြစ်နေလျှင် မည်သည့်အချိန်မဆို ၁ဝ မီလီဂရမ် အကြောဆေးကို
အပိုဆောင်ပေးနိုင် ပါသည်။ လူနာကောင်းစွာ အိပ်စက်ငြိမ်သက်လျှင် ၂ ရက် တစ်ခါ ၁ဝ
မီလီဂရမ်နှုန်းဆေးလျှော့သင့်ပါသည်။ ညဆေးကို နောက်ဆုံး ချန်ထားသင့်သည်။ တစ်ပတ် ၁ဝ
ရက်အတွင်းဆေးပတ်လည်သွားပေမည်။ စီပီဇက်ခေါ် CHLORPROMAZINE ဆေးကို အလွယ်တကူ
မသုံးသင့်ပါ။ ဤဆေးကြောင့် သွေးပေါင်ကျခြင်း၊ အသည်းထိခိုက်တတ်ခြင်းနှင့်
အတက်ရောဂါလက္ခဏာ ပိုမိုရစေခြင်းတို့ ဖြစ်နိုင်ပါသည်။ လူနာ၌ စိတ်ဖောက်ပြန်သောလက္ခဏာများ
သိသိသာသာ တွေ့ရလျှင် (သို့) ထိန်းရသိမ်းရခက်လှသည့် အခြေအနေဖြစ်နေလျှင်မူ ရံဖန်ရံခါ
အရေးပေါ်အဖြစ် သုံးနိုင်ပါသည်။ အရက်ကြိုက်သူများသည်
အစားကောင်းကောင်း မစားတတ်ကြပါ။ အစာအာဟာရ ဓာတ်ချို့တဲ့နေတတ်ကြ၏။ ချို့ယွင်းချက်သည်
အရက်ဖြတ်သည့်အခါ ပြဿနာပေးတတ်ပါသည်။ ထို့ကြောင့်ရေဓာတ်၊ သတ္တုဓာတ်၊ ဂလူ့ကို့စ်ဓာတ်များကို
လိုအပ်သလို ပေးရပါသည်။ ထို့ပြင် သက်စောင့် ဗီတာမင်ဓာတ်များသည်လည်း ဤလူနာများအတွက်
အလွန်အရေးကြီး၏။ ဗီတာမင်ဘီအုပ်စုများ ပါဝင်သော အားဆေးများ ဥပမာ I.V BURPLEX
BURPLEX FORTE,TRANSVIT, PRINCI-B-FORTE စသည်တို့ိကို ထိုးဆေး၊ သောက်ဆေး
လိုအပ်သလို ပေးသင့်ပါသည်။ ဤကုထုံးတွင် ဒီဇက်ဆေး သုံးသဖြင့် အတက်ရောဂါ ကာကွယ်ဆေး
သီးခြားပေးရန် မလိုပါ။ အရက်ကြောင့်ဖြစ်သော အခြား ခန္ဓာကိုယ်ရောဂါများ
ယှဉ်တွဲနေလျှင်မူ သက်ဆိုင်ရာ ဆေးများကို တစ်ပေါင်းတည်း ပေးရန်လို၏။ ထို့အတူ
အရက်ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေလျှင်လည်း လိုအပ်သည့် ဆေးဝါးများကို
ပေးရသည်။ ထိုသို့ အရက်၏ အဆိပ်အတောက်များကို သုတ်သင်ပြီးသည့်နောက်၊ စိတ်ပိုင်းဆိုင်ရာ
လိုသေး၏။ မိသားစုကုထုံး စသည့် ကုထုံးအဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်ရန် လိုသေး၏။
ဤကုထုံးများကို အထူးက ဆေးရုံများ၌ စနစ်တကျ ဆောင်ရွက်ပေးနေပါသည်။
Credit : ဒေါက်တာဟန်စိန်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။