အသားရေထိန်းပစ္စည်းများကို မှန်ကန်စွာလိမ်းခြယ်နည်း
23-Sep-2019ပီးမှ မိတ်ကပ်လိမ်းပါ။ ရက်တီနောပါတဲ့ နေရောင်ကာနိုင်တဲ့
အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးရင် အရေးအကြောင်းပါးပါးတွေကိုပါ လျော့ကျစေပါတယ်။
အိုင်းခရင်မ်
အိုင်းခရင်မ်လိမ်းတဲ့အခါ လက်သူကြွယ်ကို သုံးပြီးလိမ်းပါ။
ဒါမှမဟုတ် လှိမ့်ပြီးသုံးလို့ရတဲ့ Roll on ပုံစံ အိုင်းခရင်မ်ကို သုံးပါ။ မျက်ဝန်းအပြင်ထောင့်ကနေ
နှာခေါင်းဆီဆွဲပြီး လိမ်းပေးပါ။ ရက်တီနော (Retinol) ဗီတာမင်စီပေါများစွာပါဝင်တဲ့ အိုင်းခရင်မ်ကို
လိမ်းပေးရင် ကျီးကန်းခြေထောက်နဲ့ မျက်ခွံတွဲကျတာတွေကို သက်သာစေနိုင်ပါတယ်။
ညလိမ်းခရင်မ်
ညဘက်မှာ မျက်နှာကို စင်ကြယ်အောင်ဆေးကြောပြီး မျက်နှာသုတ်ပုဝါနှင့်
အသာအယာသုတ်ပေးပါ။ သင့်အသားအရေက ထိလွယ်ခိုက်လွယ်တဲ့အသားအရေဖြစ်ရင် မျက်နှာကို လုံးဝခြောက်သွေ့အောင်သုတ်ပြီး
နှစ်မိနစ်လောက်စောင့်ပြီးမှ ညလိမ်းခရင်မ်ကို လိမ်းပေးပါ။ ညလိမ်းခရင်မ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေက
ထိလွယ်ခိုက်လွယ်တဲ့ အသားအရေရှိသူတွေမှာ အရေပြားစိုနေတုန်းလိမ်းရင် စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်လို့ဖြစ်ပါတယ်။
ညလိမ်းခရင်လိမ်းပြီး အိပ်ရင်နံနက်ခင်း အိပ်ရာနိုးချိန်မှာ အသားအရေနုပျို ကျန်းမာနေပါလိမ့်မယ်။
ခန္ဓာကိုယ်လိမ်း အစိုဓာတ်ထိန်းခရင်မ်
ရေချိုးပြီး စိုထိုင်းဆရှိနေတုန်းမှာပဲ ကိုယ်လိမ်းလိုးရှင်းကို
နှိပ်နယ်ကာ လိမ်းပေးတာက အရေပြားကို ပိုမိုစိုပြည်စေပါတယ်။ ဗီတာမင်အီနဲ့ နိုင်ယာစင်နမိုက်တို့ပါတဲ့
ကိုယ်လိမ်းလိုး၇ှင်းကို သုံးပေးရင် အရေပြား လျှော့တွဲအိုမင်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မျက်နှာကြေးချွတ်ခြင်း
ကြွေးချွတ်ပေးတာက အရေပြားဆဲလ်တွေရဲ့ ဖြစ်ပျက်နှုန်းကို
မြန်စေကာ ဆဲလ်အသစ်ဖြစ်စေပါတယ်။ ချွေးပေါက်မှာ ပိတ်ဆို့နေတဲ့ အဆီတွေနဲ့ အရေပြားဆဲလ်သေတွေကို
ကင်းစင်စေပါသည်။ ဒါပေမယ့် မျက်နှာကြွေးချွတ်ခရင်မ်ကိုသုံးပြီး ကြွေးချွတ်တာကို တစ်ပတ်မှာ
တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ သုံးသင့်ပါတယ်။
ခေါင်းလျှော်ခြင်း
ဆံပင်သား သန်စွမ်းကျန်းမာစေဖို့ ခေါင်းလျှော်ရာမှာ ဆံပင်ကို
ကြက်သီးနွေးရေနဲ့ အရင်စိုစွတ်အောင်လုပ်ပါ။ ပြီးရင် သီးရေပြားကို ရှမ်ပူအနည်းငယ် သုတ်လိမ်းပြီး
နှိပ်နယ်ကာ ရေနဲ့ဆေးချလိုက်ပါ။
ကွန်ဒီရှင်နာသုံးခြင်း
ခေါင်းလျှော်ပြီးချိန်မှာ လက်ချောင်းတွေကြားထဲ ကွန်ဒီရှင်နာထည့်ပြီး
ဆံပင်အဖျားနေရာတွေမှာ များများလိမ်းပေးပါ။ အနည်းဆုံး နှစ်မိနစ်လောက်ကြာမှ ရေအေးနဲ့
ဆေးကြောပေးပါ။ ဦးရေပြား အဆီပြန်တဲ့အခါတိုင်း ခေါင်းလျှော်ပေးနိုင်ပါတယ်။ ဆံပင်သားခြောက်သွေ့ပျက်စီးတာကလည်း
ရှိရင်းစွဲအသက်ထက် ပိုကြီးသယောင်ထင်ရစေပါတယ်။ ဒါကြောင့် သင့်ဦးရေပြားနှင့် အလွန်အမင်း
ခြောက်သွေ့နေတယ်လို့ထင်ရင် ပုံမှန်လုပ်ရမယ့် အဆင့်သုံးဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဆံပင်သားကို အစိုဓာတ်ထိန်းနိုင်တဲ့ အဆီလိမ်းပေးပါ။
(၂) ဆံပင်သားကြမ်းတမ်းမှု မဖြစ်အောင် ကွန်ဒီရှင်နာသုံးပါ။
(၃) အလွန်အမင်းခြောက်သွေ့နေတဲ့ ဦးရေပြားနေရာတွေကို အထူးဂရုစိုက်ပြီး
ထိန်းသိမ်းပါ။
Credit : Arogyam Magazine
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။