သားဆက်ခြားသောက်ဆေးတွေက
09-Oct-2019တချို့သောကင်ဆာအမျိုးအစားများ ဖြစ်နိုင်ချေလျော့နည်း စေတယ်ဆိုတာ သင်သိပါသလား။
သားဆက်ခြားသောက်ဆေးတွေက သန္ဓေတားရုံအပြင်
တခြားကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေရှိပါတယ်။ သားအိမ်တွင်း အမြှေးပါးကင်ဆာနဲ့
သားဥအိမ်ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်းစေခြင်းတွေဟာ အဲဒီကောင်းကျိုးတွေထဲက
တစ်ခုဖြစ်ပါတယ်။
သားဆက်ခြားသောက်ဆေးကို တစ်နှစ်အသုံးပြုပြီးနောက်
သားဥအိမ်ကင်ဆာဖြစ်ပွားခြင်းလျော့နည်းလာတာဟာ ၁၀% ကနေ ၁၂% ထိဖြစ်ပြီး၊
ငါးနှစ်ကြာသုံးပြီးနောက်မှာတော့ ခန့်မှန်းခြေ ၅၀ % ထိလျော့နည်းလာတယ်လို့
သုတေသနပညာရှင်များက ဆိုထားပါတယ်။ သားဆက်ခြားသောက်ဆေးကို နှစ်ရှည်လများ
သောက်သုံးလာတဲ့ အမျိုးသမီးတွေမှာဆိုရင် သားအိမ်တွင်း အမြှေးပါးကင်ဆာဖြစ်နှုန်းဟာ
သိသိသာသာကျဆင်းခဲ့ပြီး၊ သားဆက်ခြားဆေးသောက်ခြင်း ရပ်တန့်လိုက်ပြီးတဲ့
နှစ်အတော်ကြာကြာအထိကို အဲ့ဒီအကျိုးကျေးဇူးကို ဆက်လက်ရရှိနေနိုင်ကြောင်း
သုတေသနပြုလုပ်ခြင်းများအရ တွေ့ရှိရပါတယ်။
Credit : Lydia Myanmar