Print

Breast Cancer (ရင်သားကင်ဆာ)

  01-Nov-2019
Preview Image


ရင်သား ကင်ဆာ ဆိုသည်မှာ ရင်သားဆဲလ်များမှ ကင်ဆာ ဖြစ်ခြင်း ဖြစ်သည်။

လက္ခဏာများ

- ရင်သား အလုံးအကျိတ် ပေါ်လာခြင်း
- နို့သီးခေါင်းမှ သွေး အရည်ထွက်ခြင်း
- ရင်သား၏ ပုံစံ ပြောင်းလဲလာခြင်း
- ရင်သား အရေပြား ပြောင်းလာခြင်း။ ဥပမာ- အရေပြားပေါ်တွင် အချိုင့်များ ပေါ်လာခြင်း
- နို့သီးခေါင်း ချိုင့်ဝင်သွားခြင်း
- နို့သီးခေါင်းနှင့် အရေပြား ပတ်လည်တွင် အဖတ်များ ကွာခြင်း
- ရင်သား အရေပြား နီရဲခြင်း၊ ချိုင့်ဝင်ခြင်းတို့ကြောင့် လိမ္မော်သီး အခွံ ကဲ့သို့ ဖြစ်နိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားစေသော အကြောင်းရင်းမှာ ရှင်းလင်း တိကျစွာ မရှိပါ။ မျိုးရိုး ဗီဇပါပါ က ဖြစ်ပွားနိုင်ချေ ရှိသည်။

ဖစ်နိုင်ချေ များသူမျာ


- အမျိုးသမီးများ
- အသက်ကြီးခြင်း
- ရင်သား ကင်ဆာ တစ်ဖက် ဖြစ်ဖူးလျှင် နောက်တစ်ဖက်လည်း ဖြစ်နိုင်သည်။
- မျိုးရိုးရှိခြင်း
- မွေးရာပါ ရင်သား ကင်ဆာ ဖြစ်စေနိုင်သည့် မျိုးရိုးဗီဇ ပါလာခြင်း
- ဓာတ်ရောင်ခြည် ထိတွေ့နေရသူများ
- အဝလွန်ခြင်း
- အပျိုဖော်ဝင်ချိန် စောခြင်း
- သွေးဆုံးချိန် နောက်ကျခြင်း
- ကိုယ်ဝန် မဆောင်ခြင်း
- အသက်ကြီးမှ ကလေးရခြင်း
- ကလေးနို့ မတိုက်ခြင်း
- သွေးဆုံးပြီးနောက် ဟော်မုန်း ကုသမှု ခံယူနေခြင်း
-အရက်သောက်ခြင်း

စစ်ဆေးမှုများ

- ဆရာဝန်မှ ရင်သားအား စမ်းသပ်ခြင်း
- ရင်သား ဓာတ်မှန်ရိုက်ခြင်း ( Mammogram)
- ရင်သား အာထရာဆောင်း ရိုက်ခြင်း ( Breast ultrasound)
- အကျိတ်ရှိရာ နေရာကို အသားစ ယူ၍ စစ်ဆေးခြင်း
- ရင်သား သံလိုက် ဓာတ်မှန်ရိုက်ခြင်း
- ရင်သား ကင်ဆာ အဆင့်ခွဲ စမ်းသပ်နည်းများ ပြုလုပ်ခြင်း

ကုသခြင်း

Surgery - ရင်သား အကျိတ်အား ခွဲစိတ် ကုသခြင်း( ရင်သား ကင်ဆာ ၏ အဆင့်ပေါ် မူတည်၍ ခွဲစိတ်မှု ကွာခြားနိုင်သည်)
Chemotherapy - ကင်ဆာဆေး သွင်း၍ ကုသခြင်း
Radiation therapy - ဓာတ်ကင် ကုသခြင်း
Hormonal therapy - ဟော်မုန်းဆေးများဖြင့် ကုုသခြင်း

Dr.hp
Ref: Mayo clinic


မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18