Omega-3 Fatty acid ရဲ့ အကျိူးကျေးဇူးများ
06-Nov-2019
အဆီလို့ပြောရင် ဆိုးကျိုးပဲပေးတဲ့ အရာလို့ထင်နေကြပေမယ့် ကောင်းကျိုးပေးတယ့် အဆီလည်းရှိပါတယ် သူကတော့ OMEGA3 FATTY ACID ပါ OMEGA3 FATTY ACIDs တွေမှာ အဓိကဖြစ်တဲ့ DHA (decosahexaenoic acid) နဲ့ EPA (eicosapentaenoic acid) တို့ကိုငါးပါးနီ၊ ဆယ်လမွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါး၊ တူနာငါးတွေမှာ တွေ့နိုင်သလိ ုသစ်ကြားသီး၊ မုန်ညင်းဆီ၊ နှမ်းကြပ်ဆီစတဲ့ အစေ့အဆန်နဲ့ အသီးအရွက်ဆီများမှ စားသုံးရယူနိုင်ပါတယ်။
ကျန်းမာရေးမှာ ဘာတွေကောင်းစေလဲဆိုတော့ - သွေးထဲကမကောင်းတဲ့ အဆီဓါတ်ဖြစ်တဲ့( triglyceride) - ပမာဏကိုလျျှော့ချပေး့ခြင်းဖြင့် နှလုံးရောဂါ ဖြစ်နို်င်ချေကို လျှော့ချပေးပါတယ် - အဆစ်အမြစ် နာကျင်မှု၊ တောင့်တင်းမှုတို့ကို ပိုမဆိုးအောင်ဟန့်တားစေနိုင်ပါတယ် - စိတ်ကျရောဂါရဲ့ လက္ခဏာတွေကိုလည်းသက်သာစေပါတယ် - သတိမေ့ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းတွေအတွက်လည်း အသုံးပြုနိုင်ပါတယ် - ရင်ကြပ်ရောဂါမှာလည်း အထောက်အကူပြုတယ်လို့ နောက်ပိုင်းထပ်မံတွေ့ရှိလာပါတယ် - ကလေးတွေရဲ့ မျက်လုံးနှင့် အာရုံကြောဖွံ့ဖြိုးမှုအတွက် လည်းအထောက်အကူပြုပါတယ် ကောင်းကျိုးများတဲ့ omega3 fatty acids ပါတဲ့ ငါးနှင့် တခြားအစားအစာများကို တစ်ပတ်လျှင် ၂-၃ ကြိမ် စားပေးခြင်းဖြင့် အကျိုးများစေမှာဖြစ်ပါတယ် omega3 fatty acids ကိုဆေးအနေနဲ့ သောက်သုံးလိုလျှင်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီးသောက်နိုင်ပါတယ်။
Source: WebMD (omega-3 fatty acids Facts)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
