သွားနှင့်ပတ်သက်သော အယူအဆအမှားများ
06-Nov-2019
၁။ သွားနုတ်လျှင် မျက်စိထိခိုက်တတ်သည်၊ မမှန်ပါ။ မျက်စိနာလျှင် သွားမနာ၊
မျက်စိထုတ်သော်လည်း သွားမပြုတ်ပါ။
၂။ သွားကြောထုတ်လျှင် ပါးကြောလိုက်သည်၊ ပါးရွဲ့သည်။ မမှန်ပါ။
၃။ သွားပိုးချလို့ကျသည်၊ မမှန်ပါ။ ပါးစပ်ထဲတွင် မျက်စိဖြင့် မြင်နိုင်သော
ပိုးမွှားတစ်ကောင်တမြီးမှ မရှိပါ။ ပိုးချခြင်းမှာ လိမ်ညာနေခြင်းသာ ဖြစ်သည်။
၄။ ကွမ်းစားပါက သွားကောင်းသည်၊ လူအများလက်ခံ ယုံကြည်နေသည်။ အလွန်မှားသော
အယူအဆဖြစ်သည်။ ကွမ်း၊ ဆေးလိပ်တို့ကြောင့် သွားဖုံးသား၊ ပျက်စီးစေသည်။
သွားများပျက်စီးလာသည်။ ခံတွင်းကင်ဆာအကြိုနာ အဖြူကွက်၊ အနီကွက်များ ဖြစ်ပေါ်စေသည်။
ခံတွင်း ကင်ဆာဖြစ်နိုင်ခြေတို့ မြင့်မားစေပါသည်။
အရပ်ဒေသအလိုက် အယူအဆမှား အမျိုးမျိုးရှိနိုင်သည်။ တတ်ကျွမ်း နားလည်သူ ဆရာဝန်များ၏
အကြံပြုပြောပြသည်များကိုသာ မှတ်သားနာယူ သင့်သည်။
Ref:
The Myanmar Healthcare Directory 2015 စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
