ကြက်သွန်ဖြူကို ဘာကြောင့် အစိမ်းလိုက် စားသင့်လဲဆိုတာ
12-Nov-2019ကြက်သွန်ဖြူဟာ အမွှေးအကြိုင်ကဲပြီး အစားအသောက်များနဲ့ ဟင်းလျာများကို အနံ့အရသာနဲ့
ပြည့်စုံစေတယ်ဆိုတာထက် ပိုပါတယ်။ ဒါကို ရောဂါဘယတွေ ကုသဖို့နဲ့ ကျန်းမာရေးထိန်းသိမ်းဖို့အတွက်လည်း
သုံးကြတယ်။ ကြက်သွန်ဖြူရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးအာနိသင်တွေဟာ နှလုံးသွေးကြောစနစ်အတွက်
ထိရောက်တဲ့အာနိသင်တွေဖြစ်တဲ့ allicin ခေါ် သူ့ရဲ့ သဘာဝပါဝင်ပစ္စည်းများကြောင့်
ဖြစ်ပါတယ်။
ကြက်သွန်ဖြူမှာ အရေးပါတဲ့ ဗီတာမင်ဓာတ်များ၊ အာဟာရဓာတ်များ၊ အင်ဇိုင်းများနဲ့
အမိုင်နိုအက်ဆစ်တို့လည်း ပါဝင်တယ်။ ကြက်သွန်ဖြူကို ကြော်လှော်၊
ချက်ပြုတ်လိုက်တဲ့အခါ သူ့ရဲ့ allicin အာနိသင် ပျက်ပယ်သွားပါတယ်။ Allicin ဟာ
ကျန်းမာရေး အကျိုးကျေးဇူးအများဆုံး ရရှိစေတဲ့ ကြက်သွန်ဖြူရဲ့ အရေးကြီး
ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်။ ကင်ဆာရောဂါလည်း ကာကွယ်ပေးတယ်။ ကြက်သွန်ဖြူကို
ဝါးလိုက်တဲ့အခါ သို့မဟုတ် လှီးလိုက်တဲ့အခါမှာ အင်ဇိုင်းအလီနစ်တွေ ထွက်ပါတယ်။ မစားခင်
ကြက်သွန်ဖြူကို အနည်းဆုံး ၅- ၁၀ မိနစ် နေရောင်နဲ့ ထိစေဖို့ အကြံပြုထားပါတယ်။
ကြက်သွန်ဖြူကို အစိမ်းလိုက် နေ့တိုင်းစားပေးပါက ရရှိမယ့် အကျိုးကျေးဇူးတွေမှာ -
၁။ ကင်ဆာရောဂါ ကာကွယ်ပေးတယ်။
၂။ ဦးနှောက်သွေးကြောကောင်းမွန်စေတယ်။
၃။ ကိုယ်ခံအား မြင့်စေတယ်။
၄။ အရိုးအဆစ်များ ကျန်းမာသန်စွမ်းစေတယ်။
၅။ အင်တီအောက်ဆီဒင့် ပမာဏများပြားလာစေပါတယ်။
Credit : Myawady Health
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။