အိုမင်းရင့်ရော်မှုကို တိုက်ခိုက်ပေးမယ့် သဘာဝ
30-Nov-2019
Aniti-ageing Foods
Avocada (ထောပတ်သီး)
ထောပတ်သီးကတော့ အကောင်းဆုံးသဘာဝ Moituriser ကိုပေးနိုင်တဲ့ အသီးတစ်မျိုးဖြစ်တဲ့အပြင်
အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တဲ့ သဘာဝအာဟာရ ဓာတ်တွေဖြစ်သော ဗီတာမင်စီ၊
အီးနှင့် Omega 3 Fatty Acids တွေပါဝင်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါသည်။
ထောပတ်သီးမှာ အဆီဓာတ်တွေ ပါဝင်တယ်ဆို သော်ငြားလည်း ထိုအဆီဓာတ်တွေ ကျန်းမာရေးအတွက်
အသုံးဝင်တဲ့ Mono-Saturated Fats တွေဖြစ်ပြီး ကိုလက်စထရောတွေကို
နည်းပါးစေကာနှလုံးကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရ ထောပတ်သီးကို ပုံမှန်စားသုံးခြင်းအားဖြင့်
အရေပြားအရေးအကြောင်းတွေ စောစီးစွာဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပြီး အရေပြားချောမွတ်စေခြင်း၊
ပျော့ပျောင်းနူးညံ့ပေးနိုင်ခြင်း စတဲ့ အရေပြားကျန်းမာရေးကို ကူညီပေးနိုင်ပါတယ်လို့
ဆိုကြပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ထောပတ်သီးမှာ ဗီတာမင်အီး အများအပြား ပါဝင်တဲ့အတွက်ကြောင့်
အရေပြားကြည်လင် တောက်ပမှုကို အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။
Broccoli (ပန်းဂေါ်ဖီစိမ်း)
စိမ်းအားပြည့် antioxidant တစ်မျိုးဖြစ်တဲ့ Quercetin ဟာ ပန်းဂေါ်ဖီစိမ်းထဲမှာ
အများအပြားပါဝင်နေကြောင်း လေ့လာသူတွေက ရှာဖွေတွေ့ရှိထားပါတယ်။ အဆိုပါ Quercetin
အရေပြားဟာ နီမြဲရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိ၇ှိပြီး အသက်အရွယ်
အိုမင်းရင့်ရော်ခြင်းကို တိုက်ခိုက်ပေးနိုင်စွမ်းရှိပါတယ်။
Cucumber (သခွားသီး)
အိုမင်းရင့်ရော်ခြင်းကို အကောင်းဆုံးတိုက်ခိုက်ပေးနိုင်တဲ့ အသီးတွေထဲမှာ
သခွားသီးလည်း အပါအဝင်ဖြစ်ပါတယ်။ ရေဓာတ်အများအပြားပါဝင်တဲ့ သခွားသီးဟာ
အရေပြားရေဓာတ် ဆုံးရှုံးခြင်းကို ပြန်လည်ဖြည့် တင်းပေးပါတယ်။ ထို့အပြင် အရေပြားအတွင်း
ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပြီး အရေပြားချောမွေ့ တောက်ပမှုကို အထောက်အပံ့
ပေးနိုင်ပါတယ်။
Ref:
နေရည်ညို
Health For All Magazin
No.98, Pg.54-57,March 2015
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
