ဘဝနေထိုင်မှုဟန်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ပြုပြင်နေထိုင်နိုင်...
01-Mar-2017ဆီးချိုသွေးချိုရောဂါအပါအဝင် အခြားကူးစက် မဟုတ်သောရောဂါများကို ကာကွယ်နိုင်မည် ဖြစ်သဖြင့် အမှန်တကယ်တွင် ကုန်ကျစရိတ်စကနှင့် ရရှိမည့် အကျိုးဆက်များကို နှိုင်းယှဉ်ကြည့်လျှင် တွက်ခြေအကိုက်ဆုံး၊ အသက်သာဆုံးနှင့် အကျိုးအရှိဆုံးဟု ဆိုနိုင်ပါသည်။ လူ့ဘဝနေထိုင်မှုဟန်များ ပြောင်းလဲလာခြင်းကြောင့် အချို၊ အငန်နှင့် အဆီဓာတ်များသော အစားအစာများ စားသုံးမှုများပြား လာခြင်း၊ လူအများ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာကြခြင်းများကြောင့် လူတို့တွင်ရှိသင့်သော ကိုယ်အလေးချိန်ထက်ပို၍ ရှိလာကြခြင်းနှင့် အဝလွန်ကဲလာကြခြင်းများ ဖြစ်ပေါ်လာရပါသည်။
လူ့ဘဝနေထိုင်မှု ဟန်များပြောင်းလဲရာတွင် လူတို့၏ စားသောက်သည့် အစားအသောက်၊ အစားအစာအမျိုးအစား၊ ပမာဏနှင့် စားသောက်မှုပုံစံများကိုလည်းကောင်း၊ ကိုလက်လှုပ်ရှားမှု ပိုမိုတိုးတက်ပြုလုပ်ထာကြရန်နှင့် လူတို့၏ ကိုယ်အလေးချိန်ကို ကျန်းမာရေးနှင့်ညီညွတ်အောင် ထားရှိရမည့်ပမာဏတွင် ထိန်းသိမ်းထားရှိနိုင်ရေးတို့ကို လုပ်ဆောင်ရန်လိုအပ်ပါသည်။ ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ ပိုများသူများကို အထက်ဖော်ပြပါအတိုင်း ရှာဖွေဖော် ထုတ်ကြည့်ပြီး ၎င်းတို့၏ လူ့ဘသနေထိုင်မှု ဟန်တွင် ပြုပြင်ပြောင်းလဲသင့်သည် များကို ဆရာဝန်၊ ဆရာမများက အခွင့်အရေးရတိုင်း၊ ကြုံတိုင်း ကျန်းမာရေးပညာပေးရန် လိုအပ်ပါမည်။
လူ့ဘဝနေထိုင်မှုဟန်များ ပြုပြင်ပြောင်းလဲလင့်ကစား မျှော်မှန်းထားသော အကျိုးဆက်များ မျှော်မှန်းထားသလောက်မရသူများတွင် ဆေးဝါးများ အသုံးပြု၍ ဆီးချိုသွေးချိုရောဂါ ကာကွယ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။ ဆေးဝါးများ သုံးစွဲနေလင့်ကစား လူ့ဘဝနေထိုင်မှုဟန် ပြောင်းလဲလိုက်ရေးမှာ အပြောလွယ်သလောက် အလုပ်ခက်သည့် အမျိုးအစားထဲတွင် ပါဝင်ပါသည်။ လူတစ်ဦး၏စားသောက်ခြင်းနှင့် နေထိုင်ခြင်းများ ပြောင်းလဲရန်မှာ ၎င်းလူ၏အမူအကျင့်များ ပြောင်းလဲရန် (Behavioral Changes) လိုအပ်သလို ၎င်းကဲ့သို့ပြုပြင်ပြောင်းလဲ၍ နေထိုင်ရန် ပတ်ဝန်းကျင်ဆိုင်ရာ လူမှုရေးအကြောင်း အချက်ပြောင်းလဲမှုများပါ လုပ်ဆောင်နိုင်မှ ပိုမိုဖြစ်မြောက်အောင်မြင်နိုင်မည် ဖြစ်ပါသည်။
Credit:
ပါမောက္ခဦးတင့်ဆွေ
ဆီးချိုသွေးချိုရောဂါနှင့် အထွေထွေရောဂါကုဆရာဝန်ကြီး