ခြေဖဝါးတော်နုနု နာရတဲ့အကြောင်းရင်း
01-Dec-2019
နာကို အခံရခက်စွာ ခံစားရစေနိုင်ပါတယ်။
ဘာကြောင့်ဖြစ်ရလဲဆိုတော့ ရှူးဖိနပ်ကျပ်ကျပ်ကြီးစီးပြီး
ရှိုးထုတ်တာတို့၊ ဒါမှမဟုတ် အလွန်မြင့်တဲ့ ဒေါက်ဖိနပ်ကြီးတွေ အကြာကြီးစီးထားရပြီး ဂိုက်ပေးရသော
စီလီဘရီတီ မော်ဒယ်လ်၊ ကုမ္ပဏီဝန်ထမ်းမမတွေမှာ သူတို့ရဲ့ဖိနပ်ကြောင့် ဒုက္ခရောက် ရတာဖြစ်တယ်။
သူတို့တင်မကပါ။ အပြေးသမားများ၊ တန်းကျော်၊ တန်းခုန် (သို့) လမ်းလျှောက်တဲ့အခါ စီးရတဲ့
ဖိနပ်များနှင့် မကိုက်ပါက ခြေထောက်များအား ထုပ်စည်း ထားသလိုဖြစ်ကာ နာကျင်ရောင်ရမ်းတဲ့
ဒဏ်ခံရခြင်းဖြစ်သည်။ အထူးသဖြင့် ခြေဖဝါး အလယ်အောက်မှာ နာလေ့ရှိတယ်။ ဒါကြောင့် ရှူးဖိနပ်လှလှလေးမြင်တိုင်း
အလျင်အမြန် မဝယ်ယူဘဲ ကိုယ့်ခြေထောက်နဲ့ ကိုက်၏ မကိုက်၏ အရင်စီးကြည့်ပါ။ မကိုက်ရင်
ပိုက်ဆံအကုန်မခံပါနှင့်။ ခြေဖဝါးအရိုးရောင်ရမ်းနာတာပါ အဆစ်ရလိမ့်မယ်တဲ့။
Credit :မေ
Health Digest Journal
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။