Depo ထိုးဆေးတွေ ထိုးနေပါသလား။ ဘယ်လိုအားသာချက်တွေရှိပါသလဲ
03-Dec-2019
Depo ထိုးဆေးတွေဟာ သောက်ဆေးပုံမှန်သောက်ဖို့ အခက်အခဲရှိသူတွေအတွက် အဆင်ပြေတဲ့
ထိုးဆေးဖြစ်ပါတယ်။ ၁၂ ပတ် တစ်ကြိမ် ( ၃ပတ်တစ်ကြိမ် ) ပုံမှန်ထိုးဖို့လိုပါတယ်။
Depo ထိုးဆေးဟာ Failure rate (ကိုယ်ဝန်ရရှိနိုင်ခြေ) နည်းပြီး အကုန်အကျသက်သာတဲ့
သားဆက်ခြားဆေး တစ်မျိုးဖြစ်တဲ့အပြင် ရာသီလာစဉ်ကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။
Depo ထိုးဆေးတွေ ထိုးနေပါတယ်။ ဘယ်လို အားနည်းချက်ရှိပါသလဲ။
Depo ခန္ဓာကိုယ်အတွင်းရှိ Estrogen ဟော်မုန်းပမာဏကို လျော့ချစေပြီး အရိုးရဲ့
သိပ်သည်းဆကို လျော့ကျစေပါတယ်။ (အရိုးပွစေနိုင်တယ်) ကိုယ်အလေးချိန် တက်စေတယ်။
(တစ်နှစ်မှ ၅ ပေါင်ကျော်လောက် တိုးစေတယ်) ရာသီသွေးက မူမမှန်ဖြစ်လာတယ်။ (များသောအားဖြင့်
ရာသီမဆင်းတော့ဘဲ ပျောက်နေတတ်တယ်) ဆေးဖြတ်ပြီးသွားရင် ကလေးရဖို့ ကြန့်ကြာနေတတ်တယ်။
(ဆေးဖြတ်ပြီးနောက်ကို ၆ လလောက် ကြာနိုင်ပါတယ်)။
Ref:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နုတ်ထားပါသည်။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။