Twin Pregnancy အမွှာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ
03-Dec-2019
သုတေသနလုပ်သူတွေက ကိုယ်ဝန်ဆောင် ၁၈% ဟာ ကိုယ်ဝန်ဆောင်ကာစမှာ အမွှာနဲ့စခဲ့ပြီး၊
နောက်မှကလေး တစ်ယောက်တည်း ဖြစ်သွားကြတယ်လို့ သံသယရှိကြတယ်။ ကိုယ်ဝန်ဆောင်စမှာ (အာလ်ထွာဆောင်း)
ရိုက်တော့သန္ဓေသား နှစ်ခုတွေ့ပြီး နောက်ပိုင်းမှာ တစ်ခုတည်းဖြစ်တာကို Vanishing
twin syndrome လို့ခေါ်တယ်။ Conjoined twins (Siamese) ကိုယ်ချင်းဆက်အမွှာဆိုတာက Monozygotic twins (ဇိုင်ဂုတ်)
တစ်ခုတည်းကဖြစ်တဲ့ အမွှာအမျိုးဘဲ။ ကိုယ်နှစ်ခုက ကွဲမထွက်လို့ ဆက်နေတယ်။ ကိုယ်ဝန် ၅
သောင်းမှာသာ တစ်ယောက် ဖြစ်တတ်တယ်။မိသားစုထဲမှာ အမွှာမွေးဘူးသူရှိရင် အမွှာကိုယ်ဝန် ပိုဖြစ်နိုင်ခြေများတယ်။ Fraternal
twins ထပ်တူ မဟုတ်တဲ့အမွှာ နဲ့ Identical twins ထပ်တူဖြစ်တဲ့အမွှာ ဆိုပြီး (၂)
မျိုးရှိတယ်။ မတူတဲ့ အမျိုးအစားက ပိုများတယ်။ အမွှာကိုယ်ဝန်ဖြစ်နေတာကို ဆရာဝန်ကနေ
ဗိုက်ကိုလက်နဲ့၊ နားကြပ်နဲ့ စမ်းတာနဲ့လဲ သိနိုင်တယ်။ သေချာအောင် Ultrasound
(အာလ်ထွာဆောင်း) ရိုက်ရမယ်။
• အမွှာဆိုရင် ကိုယ်ဝန်ရိုးရိုးထက် ကိုယ်အလေးချိန် ပိုများနေမယ်။ ကိုယ်ဝန်ရှိကာစ
တပတ်မှာ ၁ ပေါင်တိုးတယ်။ နေ့စေ့လစေ့မှာ ပုံမှန်ကိုယ်ဝန်ဆိုရင် ၂ဝ-၃ဝ
ပေါင်တိုးလာမယ်။ အမွှာကိုယ်ဝန်က ၃ဝ-၄ဝ ပေါင် တိုးနေမယ်။
• အလေးချိန်များလို့ အနေရခက်မယ်။ ပိုပြီး အနားယူရမယ်။ ခြေတွေကို
အခုအခံပေါ်မှာတင်ထားပြီး နားသင့်တယ်။ အလုပ်လုပ်သူဆိုရင် မီးဖွါးခွင့်ကို မမွေးခင်
၆ ပတ်ထက်နောက်ကျပြီးယူတာ မလုပ်သင့်ဘူး။
• အမွှာကိုယ်ဝန်ဆောင် မိခင်ဟာ တစ်နေ့မှာ၂၇ဝဝ ကယ်လိုရီ စားသောက်သင့်တယ်။
• ကလေးတစ်ယောက်တည်း ကိုယ်ဝန်နဲ့ စာရင် အားဆေးတွေ ပိုလိုမယ်။ ဗီတာမင် (ဘီ) အုပ်စု
သောက်ရမယ်။
• သွေးအားနည်းတာ ပိုဖြစ်နိုင်လို့ သံဓါတ်အားဆေး သောက်ကိုသောက်သင့်တယ်။
ဖေါလစ်အက်စစ်လဲ လိုတယ်။
• ကိုယ်ဝန်ဆောင် စောင့်ရှောက်တာကို ပိုဂရုစိုက်ရမယ်။ ဆရာဝန်ကနေ (အာလ်ထွာဆောင်း)
နဲ့ ရေမြွာရည်လည်း စစ်မယ်။ ကလေးအခြေအနေကိုလဲ စစ်မယ်။ အချင်းကိုလဲ စစ်မယ်။
• ၁၈-၂၄ ပတ်ကနေစပြီး သားအိမ်ဝကို တိုင်းတာတာလဲလုပ်မယ်။
• မွေးလမ်းကြောင်း စမ်းပြီး သားအိမ်ဝကိုလဲ စစ်မယ်။ Incompetent cervix သားအိမ်ဝ
မလုံတာ မဟုတ်ဖို့ သေချာချင်လို့ ဖြစ်တယ်။ ၅% မှာအဲလို ဖြစ်တတ်တယ်။ ဖြစ်ရင်
သားအိမ်ဝကို မမွေးမချင်း ချုပ်ထားပေးရတယ်။
• Ultrasound ပိုရိုက်ရမယ်။ တချို့ဆရာဝန်တွေက တလတခါ ရိုက်တတ်တယ်။
အချင်းကိုစစ်ချင်တယ်။ ၁၆-၁၈-၂ဝ-၂၂-၂၄ ပတ်တွေမှာ Twin-twin-transfusion syndrome
မဟုတ်တာ သေခြာချင်လို့ရိုက်တယ်။ ၂၄ ပတ် နောက်ပိုင်းတော့ တစ်လတစ်ခါသာ ရိုက်ပါမယ်။
• Preterm labor စောမွေးတာ ၅၅% ရှိတယ်။
• Premature rupture of membranes ရေမြွာစောပေါက်တာ၊ Uneven growth ကလေးနှစ်ယောက်
ဖွံ့ထွားမှု မတူတာ၊ High blood pressure သွေးတိုးရှိတာ၊ Preeclampsia ကိုယ်ဝန်သွေးဆိပ်တက်တာ
နဲ့ Diabetes ဆီးချိုရှိလာတာတွေ ပိုဖြစ်တတ်တယ်။
• ဂျာမန် သုတေသနတစ်ခုမှာ အမွှာကိုယ်ဝန်ဆောင်ပေါင်း ၄၁၁ဝ ကိုလုပ်ခဲ့တယ်။ ကလေစ်းတယောက်နဲ့
တစ်ယောက် မွေးလာတဲ့ အချိန်တွေကွာခြားတာကို လေ့လာတယ်။
- ပျမ်းမျှ ၁၃့၅ မိနစ် ကွာခြားတာတွေ့ရတယ်။
- ၁၅ မိနစ် = ၇၅့၈%၊
- ၁၆-၃ဝ မိနစ် = ၁၆့၄%၊
- ၃၁-၄၅ မိနစ် = ၄့၃%၊
- ၄၆-၆ဝ မိနစ် = ၁့၇% နဲ့
- တနာရီထက်မကကွာတာ (၇၂ ယောက်) = ၁့၆% ရှိတယ်။
• မွေးဖွါးချိန် ပိုကြာတတ်တယ်။
• C-section ဗိုက်ခွဲမွေးနိုင်တဲ့ ရာခိုင်နှုန်းပိုများတယ်။ အမွှာကိုယ်ဝန်တိုင်းကို
ခွဲမွေးရမယ်လို့ မဆိုလိုဘူး။
• မွေးပြီးရင် ကလေးတွေကို မိခင်နို့တိုက်ဘို့ ပြင်ဆင်ထားရမယ်။ ဒီအတွက်
စားသောက်တဲ့အခါ တစ်နေ့မှာ ကယ်လိုရီ ၅ဝဝ ပိုလိုမယ်။
Ref:
ဒေါက်တာတင့်ဆွေ
Sunday, August 24, 2014
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။