ပိန်သူဝဖြိုး အလှတိုးစေဖို့
05-Dec-2019
ခုခေတ်ကပိန်ပိန်သွယ်သွယ် မော်ဒယ်ခေတ်ဆိုပေမယ့် အရမ်းကြီးပိန်ကပ်နေ
လွန်းနေရင်လည်း ဘယ်လှတော့မလဲနော်။ နဲနဲတော့ ပြည့်ဖြိုးဖြိုးလေး
ရှိနေမှပေါ့။ ပြီးတော့ ဝတဲ့သူကသာ ပိန်ချင်ပေမယ့် ပိန်တဲ့သူတွေကတော့ ဝဝလှလှလေး ဖြစ်ချင်ကြတာ။
ဒီတော့ ဝချင်နေတဲ့ သူငယ်ချင်းတွေအတွက် နည်းလမ်းကောင်းလေးတွေ
ပြောပြမယ်နော်။
Calculate Calories
ပိန်တဲ့သူတော်တော်များများက ကိုယ်လက်လလှုပ်ရှားများတဲ့သူတွေ
အစားနဲတဲ့သူတွေပဲနော်။ ခန္ဓာကိုယ်က စွမ်းအင်ကို သုံးသလောက် ဖြည့်မပေးဘူးဆိုရင် ပိန်လာတော့မှာပေါ့။
အဲဒီတော့ ကိုယ်လက်လလှုပ်ရှားမှုများတဲ့သူတွေဟာ အစားအစာကိုလည်း များများစားပေးဖို့ လိုတယ်နော်။
Aim for three large meals and eat often
လူတွေက စားတဲ့ပုံစံမှားနေတယ်နော်။ မနက်စာကို စားချင်မှစားကြတာ၊
နေ့လည်စာနဲ့ ညစာကိုမှ အသားကုန်စားတာလေ။ တကယ်က တစ်နေ့တာအတွက် လုံလောက်တဲ့ စွမ်းအင်ရဖို့
မနက်စာကိုပဲ သေချာစားရမှာပါ။ ပြီးတော့ နေ့လည်စာကိုလည်း များများစား၊ ညစာကိုတော့ သင့်တော်ရုံစားပါ။
ညစာကို များများစားမယ်ဆိုရင်တော့ ညနေ ၆ နာရီ မတိုင်ခင်စားတာ
အကောင်းဆုံးပဲနော်။ အိပ်ချိန်နဲ့နီးနေရင် အစာမကြေဖြစ်တတ်တယ်လေ။ တစ်နေ့ကို (၃) ကြိမ်တော့ သေချာစားပေးနော်။ ပြီးတော့ ခဏခဏလည်း
စားပေးပါ။
Drink
ရေများများသောက်ပါ။ ပြီးတော့ ကော်ဖီ၊ လက်ဘက်ရည်နဲ့ အချိုရည်တွေသောက်မယ့်အစား
နွားနို့တို့၊ သစ်သီးဖျော်ရည်တို့ သောက်ပေးပါ။
Food
- ပေါင်မုန့်ကို ထူထူလေးတွေ လှီးပြီး ထောပတ်၊ ပျားရည်၊
ယိုတွေနဲ့ စားရင် စားလို့လည်းကောင်း အာဟာရလည်းဖြစ် ခန္ဓာကိုယ်လည်း ပြည့်ဖြိုးလာနိုင်တယ်နော်။
- အသီးအရွက်တွေမှာတော့ အာလူး၊ မြေပဲ၊ ပြောင်းဖူး၊ မုန်လာဥ၊
သခွားမွှေးသီးတွေကို များများစားပေးပါ။
- သစ်သီးတွေမှာလည်း လိမ္မော်သီး၊ ဇီးသီးတို့ထက် ငှက်ပျောသီး၊
ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီးတွေကို များများစားပေးဖို့ လိုတယ်နော်။
- ဟင်းချက်တဲ့အခါ ဆီကိုလည်း သင့်တော်ရုံလေးတော့ ထည့်သုံးပါ။
ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ပဲဆီ၊ သံလွင်ဆီတို့ကို သုံးပေါ့နော်။
Avoid unhealthy, hight calorie foods
ဝလာအောင်ဆိုပြီးတော့ အဆီအဆိမ့်တွေ အချိူတွေ အကြော်တွေ
စွတ်စွက်ပြီး မစားလိုက်နဲ့နော်။ ဝလာတာကနဲနဲ ရောဂါက အများကြီးတိုးလာမှာလေ။ ချောကလက်တွေ
ပူတင်းတွေကတော့ စားလို့ရပါတယ်။ ကိတ်မုန့်၊ ကွတ်ကီးတွေ၊ အသင့်စားနိုင်
တဲ့စားစရာတွေကတော့ ကျန်းမာရေးနဲ့ မညီညွှတ်လို့ အများကြီးမစားနဲ့နော်။
Eat More Protein
ခန္ဓာကိုယ်က အဆီကြောင့်မဟုတ်ဘဲ ဝလာဖို့ဆိုရင် ကြွက်သားတွေ
ကြီးလာမှပေါ့။ ကြွက်သားကြီးလာဖို့ အတွက်တော့ အသားများများစားဖို့လိုတယ်နော်။ အသားမစားတဲ့
သူတွေဆိုရင်လဲ အသားဓာတ်ပါတဲ့ အစားအစာတွေ (ပဲအမျိူးမျိူး)
Amino acids တွေပါတဲ့ အားဆေးတွေ သောက်ပေးရမှာပါ။
Add nutes to your diet
နေ့စဉ်စားတဲ့ အစားအစာထဲမှာ ပဲပါအောင်တော့ ဂရုစိုက်ပေးနော်။
Try a nutritional Supplement
အားဆေးတမျိူးမျိူးကိုလည်း သောက်ကြည့်ပါအုံး။ ကိုယ်က အာဟာရစုံအောင်
စားဖြစ်ချင်မှ စားဖြစ်မှာလေ။ အဲဒီတော့ အာဟာရအစုံပါတဲ့
အားဆေးလည်း တစ်ခါတစ်လေတော့ သောက်ပေးပါ။ အမြဲသောက်ရင် အရမ်းများသွားမှာ စိုးလို့ပါ။
Sleep enough
တကယ်လှလှဝဝဖြစ်ဖို့ဆိုရင် အိပ်ရေးဝဝအိပ်ဖို့ မမေ့နဲ့နော်။
Warning
- ဘာမဆို တန်ဆေးလွန်ဘေးဆိုတာကို သတိရနော်။ အဲဒီတော့ ဘာကိုမှ
အလွန်အကျွံမစားပါနဲ့။ အထူးသဖြင့် အချိုနဲ့ အဆီတွေကိုပါ။ အစားအစာအားလုံးကို မျှမျှတတဖြစ်အောင်စားပါ။
- ရုတ်တရက်ကြီးလည်း ဝုန်းဒိုင်းဝလာအောင် မလုပ်ပါနဲ့။ အကြောပြတ်ရာတွေ
ဖြစ်လာနိုင်တယ်လေ။
- ပြည့်ပြည့်ဖြိုးဖြိုးလေးက ကြည့်ကောင်းတယ်ဆိုပေမယ့် အရမ်းကြီးဝမလာအောင်တော့
သတိထားနော်။ ပုံမှန်အနေအထားပဲ ကောင်းတယ်လေ။ ပုံမှန်ထက်ဝလာရင် ပုံမှန်မဟုတ်တဲ့ရောဂါတွေ
ဝင်လာနိုင်တယ်လေ။
Credit : ရင်နှင်း
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
