ချိုင်းကြားအနံ့ထွက်တာ ဘာကြောင့်လဲ
01-Mar-2017
ချိုင်းကြားအနံ့ နံစော်တတ်တာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ရတာမျိုးပါ။ ပထမတစ်မျိုးကတော့ ချွေးထွက်များတာကြောင့်ပါပဲ။ ချွေးထွက်များတာဟာ ကျန်းမာရေးကောင်းမွန်လို့ဖြစ်ရတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပေမယ့် ချိုင်းကြားလို နေရာတွေမှာဗက်တီးရီးယားပိုးမွှားတွေ ဖြစ်ပွားလာလေ့ရှိပါတယ်။ အဲဒီ ဗက်တီးရီးယားပိုးမွှားတွေဟာချွေးပေါက်တွေကို ပိတ်စေရုံမကဘဲ ချွေးမှာပါတဲ့ အငန်ဓာတ်နှင့် ပိုးမွှားတွေရဲ့ အဆပ်
အတောက်တွေ စုပုံကာ အနံ့ဆိုးထွက်လာတာပဲ ဖြစ်ပါတယ်။
ချိုင်းနံ့ထွက်ရခြင်းရဲ့ နောက်တစ်ချက်ကတော့ စားသုံးခဲ့တဲ့ အစားအစာတွေကြောင့်ပါပဲ။ ပူစပ်တဲ့ အစားအစာတွေကြောင့်ပါပဲ။ ပူစပ်တဲ့ အစားအစာတွေ၊ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့ အစာတွေ စားသုံးတာများခဲ့ရင်လည်း ချိုင်းချွေးနံ့ ထွက်တတ်ပါသေးတယ်။ အဲဒီလို အစာတွေ စားသုံးတဲ့သူကနေ ထွက်လာတဲ့ ချွေးနံ့ဟာ တခြားသူတွေရဲ့ ချွေးအနံ့ထက် ပိုပြီးဆိုးရွားပါတယ်။
ပုံမှန်အားဖြင့် ကျန်းမာရေးမကောင်းတဲ့ သူတွေဟာလည်း ဒီလို ချိုင်းချွေးနံ့ခပ်ပြင်းပြင်း ထွက်လေ့ရှိပါသေးတယ်။ ဒါကြောင့် ဒီလို မကျန်းမမာဖြစ်တဲ့ အချိန်တွေမှာဆိုရင် တခြားအချိန်တွေထက် တစ်ကိုယ်ရေသန့်ရှင်းမှုကို ပိုပြီးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဒီလိုအချိန်တွေမှာ အဝတ်အစားတွေကိုလည်း သေချာသန့်စင် လျှော်ဖွပ်ပေးဖို့ လိုအပ်ပါတယ်။
Credit:
အိန်ဂျယ်
Health for all magazine, February 2016, Pg.36
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

