ရေကျောက်နှင့် ရေယုန်ရောဂါ
16-Dec-2019
ရေကျောက်၊ ပဲသီတာ (chicken pox) နှင့် ရေယုန်
(shingles) ဟာ varicella zoster ဆိုတဲ့ virus တစ်မျိုးတည်းကြောင့်ဖြစ်တဲ့ ရောဂါတွေပါ။
ငယ်စဉ်ကလေးဘဝမှာ ရေကျောက်ပေါက်တဲ့အခါ
varicella zoster ဆိုတဲ့ virus ဟာ ရောဂါသည်ကလေးငယ်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပါတယ်။
ရေကျောက်ရောဂါကနေ ပြန်လည်သက်သာ
လာသည့်တိုင် varicella zoster virus ဟာ ခန္ဓာကိုယ်ကနေ ထွက်ခွာမလာဘဲ
အာရုံခံနာ့ဗ်ကြောတွေအထဲမှာ ပုန်းအောင်းနေတတ်ပါတယ်။ နောင်အသက်ကြီးလာချိန်မှာ ပုန်းအောင်းနေတဲ့
virus တွေဟာ တစ်ဖန် ပြန်လည်ထကြွလာပြီး ရေယုန် (shingles) ကို ဖြစ်စေတယ်။ ရေယုန်ဟာ စိတ်ဖိစီးမှုများတဲ့အချိန်၊
ကိုယ်ခံအားကျဆင်းနေချိန်မှာ မကြာမကြာ ပေါ်လာတတ်ပါတယ်။
ရေကျောက်ဟာ varicella zoster virus ရဲ့ primary
infection ဖြစ်ပြီး ရေယုန်ကတော့ secondary infection ဖြစ်ပါတယ်။ ရေကျောက်ကတော့ ခန္ဓာကိုယ်အနှံ့
ပေါက်တတ်ပါတယ်။ အဲဒါကြောင့် ရေယုန်ပေါက်ရင် နာကျင်မှုကိုခံရပါတယ်။ ရေကျောက်ပေါက်ပြီးနောင်အခါ
ရေယုန်မဖြစ်အောင် ဗိုင်းရပ်စ်ပိုးသေဆေး anti-viral drug တွေ သောက်ပြီး ကာကွယ်လို့ရပါသလား။
ဗိုင်းရပ်စ်ဆန့်ကျင်ဆေးတွေနဲ့ ကာကွယ်လို့ရပါတယ်။
ရေကျောက်ကာကွယ်ဆေးထိုးပြီး ဘယ်လောက်အကြာမှာ အဲဒီရောဂါကို
ခုခံကာကွယ်နိုင်စွမ်းအားတွေ ရလာပါသလဲ။ ၁ လ - ၂ လ အကြာမှာ ခုခံနိုင်စွမ်းအား(anti –
body level) ကို တိုင်းကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။
Credit : ဒေါက်တာငြိမ်းချမ်းအောင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
