ကိုယ်ခန္ဓာမှပြုလုပ်ပေးသော ထူးဆန်းဖွယ် အလိုအလျောက် တုံ့ပြန်ကာကွယ်မှုမျာ...
01-Mar-2017(၁) ဖျားနာခြင်း
ဖျားနာခြင်းသည် ကိုယ်ခန္ဓာကို မသက်မသာဖြစ်စေသော်လည်း များစွာသော ထိခိုက်နာကျင်မှုများကို ကိုယ်ခန္ဓာမှ တုံ့ပြန်ပေးသော အလိုအလျောက်စနစ်တစ်ခုဖြစ်သည်။ဖျားနာသည့်အခါတွင် ကိုယ်ခန္ဓာအပူချိန်တက်လာခြင်းသည် ဗိုင်းရပ်စ်ပိုးများနှင့် အခြားသောရောဂါပိုးများ ပွားများမှုကို လျော့ကျစေသည်။ (ဥပမာ-ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ တုပ်ကွေးမိခြငး်) ကိုယ်ခန္ဓာအတွင်းသို့ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပ်ိုးများဝင်ရောက်လာသောအခါ တစ်သျှူးများကို ပျက်စီးစေသည်။
ထိုအခါ ကိုယ်ခန္ဓာ၏ ခုခံအားစနစ်မှ pyrogen ဟုခေါ်သော အရာများကိုထုတ်ပေး၍ ခုခံသည်။ pyrogens များသည် ဦးနှောက်၏ခန္ဓာကိုယ် အပူချိန်ထိန်းချုပ်သောနေရာကို လှုံ့ဆော်သည်။ထိုအချိန်တွင် သင်သည်ပုံမှန်ထက် အေးလာသကဲ့သို့ခံစားရမည်။ထိုအခါ ဦးနှောက်မှ အပူချိန်တက်အောင် ပြန်လုပ်ပေးသည့်အခါတွင် ဖျားနာခြင်းဖြစ်ပေါ်လာသည်။
(၂) ပွန်းပဲ့ဒဏ်ရာ
သင်ချော်လဲထိခိုက်မိသည့်အခါ သင့်အရေပြားတွင် ပွန်းပဲ့ရာကို တွေ့ရပေလိမ့်မည်။ထိုအရာသည် ဒဏ်ရာထဲသို့ ဘက်တီးရီးယားနှင့် အခြားမျက်စိနှင့်မမြင်နိုင်သောရောဂါပိုးများ မဝင်နိုင်အောင် အရေပြားကိုအလျင်အမြန်ပိတ်၍ ကာကွယ်ပေးခြင်းဖြစ်သည်။ပွန်းပဲ့ရာသည် အရေပြားပေါ်ရိ်ှ အမျှင်ဓါတ်များနှင့် သွေးကြောထဲရှိသွေးဥမွှားများ စုပေါင်း၍ ဖြစ်ပေါ်လာသည်။
(၃) နှာချေခြင်း
နှာချေခြင်းသည်လည်း ကိုယ်ခန္ဓာမှ အလိုအလျောက် တုံ့ပြန်ကာကွယ်ပေးသော အရာတစ်ခြုဖစ်သည်။ နှာခေါင်းထဲတွင် ဖုန်မှုန် ့များ၊ အမှိုက်များ၊ တိရိစ္ဆာန်အမွှေးအမှင်များ၊ အခြားမျက်စိနှင့် မမြင်နိုင်သော ပိုးမွှားများနှင့် အခြားအရာများ များပြားလာသောအခါ နှာချေခြင်းဖြင့် ကိုယ်ခန္ဓာမှ စွန့်ထုတ်ပေးသည်။ နှာချေခြင်းသည် အအေးမိခြင်းနှင့် ဓါတ်မတည့်ခြင်းများ၏ ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ အချို့သောလူများသည် အစားများများစားမိလျှင်ဖြစ်စေ ၊ နေရောင်နှင့်ထိတွေ့လျှင်ဖြစ်စေ နှာချေတတ်ကြသည်။
နှာချေခြင်းမှထွက်လာသောလေ၏အရှိန်သည် ၁နာရီလျှင် မိုင်၁၀၀ နှုန်းထိသွားနိုင်သည်။ထိုအရာသည် နှာခေါင်းထဲရှိ ပိုးမွှားများကို အဝေးသို့ပျံ့စေသည်။ နှာချေသည့်အခါ မျက်စိ်အလိုအလျောက်ပိတ်သွားခြင်းသည်လည်း နှာချေခြင်းမှ ထွက်လာသည့် ရောဂါပိုးမွှားများမျက်လုံးထဲသို့ မဝင်ရန်ကာကွယ်ပေးခြင်းဖြစ်သည်။
(၄) ကြို့ထိုးခြင်း
အစားမြန်မြန်စားလျှင်ဖြစ်စေ၊ အစားများများ စားမိလျှင်ဖြစ်စေ၊ ထမင်းအလုတ်ကြီးကြီးစားမိလျှင်ဖြစ်စေ ကြို့ထိုးခြင်းကို ဖြစ်စေပါသည်။ ထိုသို့စားမိလျှင် အစာအိိမ်နှင့် ရင်ဝမ်းတားကြွက်သားကို ဆက်သွယ်ထားသော အာရုံကြောကို လှုံ့ဆော်ပေးသည်။ ထိုအခါ ကြို့ထိုးခြင်းဖြစ်ပေါ်လာသည်။ ထို့ကြောင့် ကြို့ထိုးခြင်းဖြစ်ပေါ်လျှင် သင့်ကို အစာကိုမြန်မြန်မစားရန်နှင့်အစားစာတာများနေပြီဖြစ်ကြောင်းကို ကိုယ်ခန္ဓာမှ သတိပေးနေခြင်းဖြစ်သည်။
(၅) လက်ချောင်းများ ပဲကြီးရေခွံတွန့်ခြင်း
သင့်ခန္ဓာကိုယ်သည် ရေ သို့မဟုတ် အေးသောရာသီဥတု နှင့်ထိတွေ့ရသော အချိန်ကြာလာသောအခါ သင့်လက်ချောင်းရှိအရေပြားများတွန့်သွားသည်ကို သင်ကြုံတွေ့ဖူးမည်ဖြစ်သည်။ထိုသို့ဖြစ်ခြင်းသည် သင်ထိတွေ့နေသောပတ်ဝန်းကျင်သည် သာမာန်ထက်ပို၍ အေးမြစိုစွတ်ပြီး ချောမွေ ့နေပြီဟု သင့်ဦးနှောက်မှ သင့်ကိုသတ်ိပေးလိုက်ခြင်းဖြစ်သည်။အရေတွန် ့နေသောလက်ချောင်းများသည် ချောမွေ့သောအရာများ၊ မျက်နှာပြင်များကို ပို၍ မြဲမြံစွာ ဆုပ်ကိုင်နိုင်သည်။ ထိုအခါ မတော်တဆမှုများ သက်သာလျော့နည်းသွားမည်ဖြစ်သည်။
Ref: Top 10 Home Remedies