သားဥကြွေဆေး
21-Dec-2019• (Clomid) 50mg ဆေးကို အမျိုးသမီးတွေ ကလေးမရနိုင်သေးတာအတွက် သုံးတယ်။
• တိတိကျကျ ပြောရရင် မျိုးဥမထွက်သူတွေအတွက်သုံးတာ ဖြစ်ပါတယ်။
• Irregular ovulation မျိုးဥထွက် မမှန်သူတွေ နဲ့ ကိုယ်ဝန်ကြောင့်မဟုတ်ဘဲ
ရာသီမလာသူတွေကိုလဲ ပေးနိုင်တယ်။ ဥပမာ တားဆေးကြောင့်ဖြစ်ရတာ နဲ့ Polycystic ovary
syndrome မျိုးဥအိမ်အကျိတ်တွေ ရှိသူတွေ။
• Clomiphene ခေါ်တဲ့ Selective oestrogen receptor modulator ဆေးဖြစ်တယ်။
ဒီဆေးကြောင့် ဦးနှောက်ထဲက (ဟိုက်ပိုသဲလ်မတ်စ်) ထဲမှာ Oestrogen receptor နဲ့
ပေါင်းစပ်ပြီး Oestrogen ရဲ့ ပြောင်းပြန်သတ္တိကို တားပေးမယ်။ (အီစထိုဂျင်)
နည်းလာရင် (ဟိုက်ပိုသဲလ်မတ်စ်) ကနေ (ပစ်ကျူထရီ-ဂလင်း) ကို (FSH) နဲ့ (LH)
ဟော်မုန်းတွေကို ပိုထုတ်ပေးအာင် နိုးဆွပေးမယ်။ ဒီ ဟော်မုန်း ၂ မျိုးဟာ
မျိုးဥထွက်ဘို့ လိုအပ်တယ်။
• ဘေးထွက်-ဆိုးကျိုးတွေကတော့ မျက်နှာနီမြန်းခြင်း၊ ဗိုက် နဲနဲအောင့်ခြင်း၊
လေပွခြင်း၊ မျိုးဥအိမ်ကြီးခြင်း၊ မျက်စိ မကြည်လင်ခြင်းတွေ ဖြစ်တယ်။
• နည်းနည်းသာ ဖြစ်တတ်တာတွေကတော့ ပျို့-အန်ခြင်ဖြစ်ခြင်း၊ စိတ်ကျခြင်း၊
အာယုတ်ခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊
ရင်သားတင်းခြင်း၊ ရာသီများခြင်း၊ ကြားရက်သွေးစို့ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊
အင်ပြင်ထွက်ခြင်း၊ အရေပြား အလာဂျီရခြင်း၊ ဆီးခဏခဏသွားခြင်း နဲ့ ဆံပင်ကျွတ်ခြင်းတွေ
ဖြစ်တယ်။
• ကိုယ်ဝန်ရှိနေသူ၊ အသည်းရောဂါရှိသူ၊ ရာသီသွေး မမှန်ဘဲ များနေသူ၊
စိတ်ကျရောဂါရှိသူ၊ မျိုးဥအိမ်အကျိတ်ရောဂါ မဟုတ်ဘဲ မျိုးဥအိမ်ကြီးနေသူတွေကို
မပေးရပါ။
• Clomid 50mg ကို တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်၊ ၅ ရက်၊
ဆေးသောက်ချိန်မှန်မှန်သောက်ပါ။ ရာသီရက် ပဉ္စမနေ့ကနေစသောက်ပါ။
• နောက် ၅ ရက်နေလို့မှ မျိုးဥမထွက်သေးရင် နောက်လတွေဆက်သောက်ဖို့ ညွှန်မယ်။
ဒါမှမဟုတ် ဆေးအဆ တိုးပေးမယ်။
• ယောကျ်ားတွေ သုက်ပိုးအရေအတွက်များစေပြီး ကလေးရလာနိုင်အောင် Fertomid 25mg
ပေးတယ်။
• ဒီနည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ ၁-၂%
သာရှိတယ်။ ကလေးအမွှာ ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ ၃ မွှာဆိုတာ ရှာမှရှား ဖြစ်နိုင်တယ်။
ဆေးက ကလေးကို ဒုက္ခမပေးပါ။
Credit : ဒေါက်တာတင့်ဆွေ