Print

ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာ ( ၅ ) မျိုး

  24-Dec-2019
Preview Image

အစားအသောက် စားတယ်ဆိုတာဟာ အရသာရှိတာတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ အာဟာရ ရရှိဖို့နဲ့ သင့်ရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စေဖို့ကိုလည်း ကြည့်ရပါမယ်။ သင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပြီး သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုလည်း မြှင့်တင်ပေးနိုင်သလို သင့်ဆီ ရောက်လာနိုင်တဲ့
ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်မယ့် အစားအစာကို ရွေးချယ်ရပါလိမ့်မယ်။

၁။ ပန်းသီး

ပန်းသီးဟာ Free Radical တွေကို ဖန်တီးပေးနိုင်တဲ့ အန်တီအောက်ဆီုဒန့် ပါဝင်မှု အများဆုံး အစားအစာပဲ ဖြစ်ပါတယ်။ Free Radicals တွေဟာ ရောဂါ အချို့ နဲ့ အိုမင်းရင့်ရော်စေတဲ့ ရောဂါတွေ ဖြစ်ပေါ်စေတဲ့ ခန္ဓာကိုယ်တွင်း က ဘက်တီးရီးယားတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ခဲ့တဲ့ လေ့လာမှု အချို့အရတော့ ပန်းသီး မှာပါဝင်တဲ့ Poluphenols ဆိုတဲ့ အန်တီအောက်စီဒန့်စ်ဟာ အသက် ရှည်စေနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

၂။ ပန်းဂေါ်ဖီစိမ်း


ပန်းဂေါ်ဖီစိမ်းတွေဟာ ဖိုက်ဘာ ၊ ကယ်လ်ဆီယမ် ၊ ပိုတက်ဆီယမ် ၊ ဖိုလိတ် နဲ့ ဖိုင်တိုနျူထရီးရန့် တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နှလုံးရောဂါ ၊ ဆီးချို ၊ သွေးချို ရောဂါ နဲ့ ကင်ဆာ ရောဂါ အချို့ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် စီ ပါဝင်တဲ့အတွက်လည်း ကိုယ်ခံအား ကောင်းမွန်မှုအတွက် အထူးသင့်လျော်ပါတယ်။

၃။ ငါး

ဆယ်လ်မွန် ၊ ထရောက် ၊ မက်ကီရယ်လ် ၊ ဟာရင်း ၊ ဆာဒင်း နဲ့ အန်ချိုဗီ အစရှိတဲ့ သါးတွေဟာ သူတို့ရဲ့ တစ်သျှူးတွေမှာ အဆီတွေပါဝင်ကြပါတယ်။ ထိုအဆီတွေကို omega-3 Fatty Acid လို့ခေါ်ပြီး နှလုံးကျန်းမာရေးနဲ့ အာရုံကြောစနစ်အတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် အဆီများတဲ့ ငါးတွေမှာ ဗီတာမင် အေ နဲ့ ဗီတာမင် ဒီ တို့လည်း ပါဝင်တဲ့အတွက် ကင်ဆာရောဂါ အချို့ကိုတော့ ပျံ့နှံ့မှု နှုန်းတွေ လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။

၄။ အစိမ်းရောင်အရွက်များ


လေ့လာမှုတွေကနေ ဖော်ပြခဲ့ဖူးတာကတော့ အရောင်ရင့်ရင့် အသီးအရွက်တွေဖြစ်တဲ့ ဟင်းနုနွယ်နဲ့ ဂေါ်ဖီတို့ဟာဆီးချိုသွေးချို ဖြစ်နိုင်ချေကို လျော့ကျစေနိုင်တယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ။ ဟင်းနုနွယ်လို အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေဟာ အန်တီအောက်ဆီဒန့်စ် အလွန်ကြွယ်ဝပြီး ဗီတာမင် အေ ၊ ဘီဆစ် ၊ စီ ၊ အီး ၊ ကေ စတဲ့ ဗီတာမင်တွေလည်းများစွာပါဝင်ပြီး ဆီလီနီယမ် ၊ နီယာဆင် ၊ ဖော့စဖောရပ်စ် ၊ ကော့ပါး ၊ ဖောလစ် အက်ဆစ် ၊ ပိုတက်ဆီယမ် ၊ ကယ်လ်ဆီယမ် စတာတွေလည်း ပါဝင်ပါသေးတယ်။

၅။ အာလူး

အာလူးဟာ အစာချေဖျက်နိုင်တဲ့ ဖိုက်ဘာ ၊ ဘီတာကာရိုတင်းန် ၊ ကာဘွန်ဟိုက်ဒြိတ် ၊ ဗီတာမင် စီ ၊ ဗီတာမင် ဘီဆစ် တို့ ကြွယ်ဝစွာပါဝင်ပါတယ်။

Credit : Mario


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18