အင်းဆက်ကိုက်ခြင်း
25-Dec-2019အင်းဆက်တွေက ပူတဲ့ အချိန်တွေမှာ ပိုပေါတတ်ပါတယ်။ အင်းဆက် အကိုက်ခံရရင်
လူအများစုမှာ သေးငယ်ပြီး ယားယံတဲ့ အဖုသေးတစ်ခု ထွက်လာ တတ်ပါတယ်။ အင်းဆက်ကိုက်တာက
မပြင်းထန်ဘူးဆိုရင် ဒဏ်ရာပေါ် ရေခဲဝတ်ကပ်ပေးရုံနဲ့ ရောင်ရမ်းနာကျင်မှု လျော့ကျစေနိုင်ပါတယ်။
ဟစ်စတာမင်းဆန့် ကျင်ဆေး (Anti-histamine pill) ကို သောက်ရင် ယားယံတာ သက်သာပြီး
အိပ်မောကျသွားပါလိမ့်မယ်။ အင်းဆက် နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေ
အင်းဆက်အကိုက်ခံရရင် ပိုဆိုးစေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ပူတာ၊ မျက်နှာရဲတာ၊
အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲတင်းကျပ်နေတာ စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ဒါဆိုရင်တော့
နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားပြသင့်ပါတယ်။
Credit : Mingalar
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။