နှစ်မိနစ်ဖြင့် ဘဝအမောပြေစေမည့်နည်းလမ်းများ
01-Mar-2017အရမ်းကိုပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားနေရချိန်မျိုးမှာ ပင်ပန်းမှုနဲ့မောပန်းမှုတွေကို ပြေပျောက်စေဖို့ အချိန်နှစ်မိနစ်နဲ့သက်သာစေမယ့်နည်းလမ်းလေးတွေရှိပါတယ်။
၁။ အကြင်နာပေးပါ
နှစ်မိနစ်လောက်နှုတ်ခမ်းချင်းအကြင်နာပေးတာဟာ တခြားနှာခေါင်း၊ လက်နဲ့ပါးတွေကို အကြင်နာပေးတာထက် ပျော်ရွှင်မှုကိုပိုစေကာ ခံစားမှုကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ ကယ်လိုရီလောက် လောင်ကျွမ်းစေတယ်လို့ Stanford တက္ကသိုလ်မှ လေ့လာမတွေအရ ဆိုပါတယ်။
၂။ သာယာလှပသော ကားချပ်များကိုကြည့်ပါ
ရေတံခွန်လို၊ စမ်းချောင်းလေးတွေလို၊ တောတောင်လေးတွေလို၊ ကြယ်တံခွန်လေးတွေလို ကားချပ်တွေကို စက္ကန့် ၆၀ လောက်စိုက်ကြည့်နေရုံနဲ့ သင့်စိတ်ကိုကြည်လင်လာစေတယ်လို့ ဆိုပါတယ်။
၃။ ဖိအားပေးပါ
မျက်လုံးနှစ်လုံးကြားက မျက်ခုံးနေရာကို သင့်လက်ချောင်းလေးတွေနဲ့ ဖိနှိပ်ပေးတာကြောင့် သင့်စိတ်ကိုသက်သာရာရစေတယ်လို့ဆိုပါတယ်။ တစ်ကြိမ်မှာတစ်မိနစ်၊ တစ်နေ့ကိုနှစ်ကြိမ်လောက်ဖိနှိပ်ပေးပါ။
၄။ သန့်ရှင်းသပ်ရပ်သောအိပ်ရာ ဖန်တီးပါ
သေးငယ်တဲ့အိပ်ရာမျိုးလေးပဲဖြစ်ပါစေ သန့်ရှင်းသပ်ရပ်ပြီး ဓာတ်မတည့်မှုကင်းအောင် ပြင်ဆင်ထားတာကြောင့် အဲလိုအိပ်ရာမျိုးမှာ နှစ်မိနစ်လောက်လဲလျောင်းလိုက်ရင် စိတ်ကြည် လင်ကာ၊ အမောပြေစေပါတယ်။
၅။ အိမ်မွေးတိရစ္ဆာန်လေးများနှင့် ကစားပါ
ကိုယ်ချစ်တဲ့အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ နှစ်မိနစ်လောက် ကစားလိုက်တာကြောင့် သင့်စိတ်ကို ပျော်ရွှင်လာစေပါတယ်။
၆ ။ ခြေထောက်ကို နှိပ်နယ်ပါ
လက်ဖဝါးနှစ်ဖက်နဲ့ သင့်ခြေဖဝါးတွေကို နှစ်မိနစ်လောက်နှိပ်နယ်ပေးရင် စိတ်ဖိစီးမှုဖြစ်စေတာကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
၇။ ယုံကြည်မှုကို မှတ်သားပါ
ဘာသာရေးအရဖြစ်စေ သင်ယုံကြည်အားထားရာကျေးဇူးတော်တစ်ခုခုကို မှတ်သားလိုက်ပြီး၊ အဲဒီ့အတိုင်းလိုက် နာလိုက်တာကြောင့် ဘဝအမောကိုပြေစေတယ်လို့ Harvardဆေးတက္ကသိုယ်မှလေ့လာမှုတွေက ဆိုပါတယ်။
၈။ ပခုံးကို နှိပ်နယ်ပါ
ပခုံးနေရာကို သင့်လက်ချောင်းတွေနဲ့နှစ်မိနစ်လောက်နှိပ်နယ်ပေးတာကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။
၉။ အချဉ်ဓာတ်သုံးပါ
အရမ်းကိုပျင်းရိငြီးငွေ့နေတယ်လို ့ခံစားနေရချိန်မျိုးမှာ သံပရာသီးတစ်လုံးကိုခြမ်းလိုက်ပြီး သင့်ပါးစပ်ထဲကိုအရည်ညှစ်ချလိုက်ပါ။
၁၀။ အခန်းတွင်း အစိမ်းရောင်အပင်စိုက်ပါ
ရုံးခန်းမှာဖြစ်စေ၊ သင့်အိပ်ခန်းမှာဖြစ်စေ အစိမ်းရောင်အပင်လေးတွေစိုက်ထားတာကြောင့် သင့်စိတ်ကိုကြည်လင်လန်းဆန်းစေတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိခဲ့ပါတယ်။ အခန်းတွင်းမှာ အပင်လေးနှစ်ပင်လောက်တော့စိုက်ထားပါ။
၁၁။ ခုန်ပါ
လေ့လာမှုတွေအရ ၁၅ စက္ကန့်လောက် ဆက်တိုက်ခုန်ပေါက်လိုက်တာကြောင့် စွမ်းအင်ပါဝင်တဲ့အချိုရည်တစ်လုံးသောက်လိုက်သလိုပဲ လူကိုလန်းဆန်းသွားစေတယ်လို့ဆိုပါတယ်။
၁၂။ ထမင်းမစားမီ ရေသောက်ပါ
ရေသောက်တာကြောင့် ရေဓာတ်ခန်းခြောက်မှုကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်ပါတယ်။ ဗာဂျီးနီးယားမှ လေ့လာမှုအရ ထမင်းအနပ်ကြီးမစားခင်မှာ ရေနှစ်ခွက်လောက်သောက်ပေးတာကြောင့် ခန္ဓာကိုယ်အလေးချိန်ထိန်းကာ စားနေသူတွေအတွက် ပိုထိ ရောက်တယ်လို့ဆိုပါတယ်။
၁၃။ လက်ဆေးပါ
စိတ်ထဲမှာပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားနေရချိန်မျိုးမှာ လက်ဆေးတဲ့ဘေစင်ကိုသွားပြီး ဆပ်ပြာနဲ့ရေကိုသုံးကာ အမြှုပ်များများထအောင် လက်ကိုပွတ်သပ်ပြီး ဆေးကြောလိုက်ပါ။ နှစ်မိနစ်လောက် စိတ်ကျေနပ်တဲ့အထိ လက်ကိုဆေးလိုက်တာကြောင့် သင့်လက်ကိုသန့်စင်စေတဲ့အပြင် စိတ်ကိုပါလန်းဆန်းသွားစေပါတယ်။
၁၄။ လှေကားထစ် အနည်းငယ် တက်ပါ
လှေကားထစ်အနည်းငယ်ကိုတက်ပေးတာဟာ သင့်ခြေထောက်ကသွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် ခေါင်းကြည်စေတဲ့အာနိသင်လည်းရှိပါတယ်။ နှစ်မိနစ်လောက်လှေကား ထစ်မှာ လမ်းလျှောက်ပေးတာကြောင့် သင့်စိတ်ကိုကြည်လင်သွားစေပါတယ်။ တစ်ပတ်မှာ မိနစ် ၁၅၀ လောက်လှေကားတက်ပေးသင့်ပါတယ်။
၁၅။ လမ်းလျှောက်ပေးပါ
လေ့လာမှုတွေအရ လူတွေဟာ သူတို့ရဲ့အချိန်တွေထဲက ၇၀ ရာခိုင်နှုန်းဟာ ထိုင်နေတာနဲ့ အချိန်ကုန်တတ်ကြတယ်လို့ဆိုပါတယ်။ အလုပ်ကြမ်းလုပ်နေရသူတွေသာ လှုပ်ရှားမှုရှိကြပြီး အထိုင်များတဲ့သူတွေက တစ်နေ့ကိုနှစ်မိနစ်လောက်ခြေကျင်လမ်းလျှောက်ပေး
တာကြောင့် စိတ်ဖိစီးမှုတွေကို လျော့ပါးစေတယ်လို့ဆိုပါတယ်။
Credit : သဲသဲ
by Good Health