လက်မောင်းတုတ်ခြင်း (Flabby arms)
31-Dec-2019
ဟော်မုန်းပြဿနာ
- တက်စထရိုစတီရုန်း Testosterone
Testosterone
ဟာ အမျိုးသားဟော်မုန်းသက်သက် မဟုတ်ပါဘူး။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ Adrenal အကျိတ်နဲ့
မမျိုးဥအိမ်ကနေ Testosterone ပမာဏအနည်းငယ် ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီဟော်မုန်းက ကြွက်သားနဲ့
အရိုးသန်မာမှု၊ ဦးနှောက်လုပ်ငန်းနဲ့ လိင်စိတ်မြင့်အားအောင် ကူညီပေးပါတယ်။ သင့်မှာ ဒီဟော်မုန်းလုံလုံလောက်လောက်
မရှိခဲ့ရင် လက်မောင်းအပေါ်ပိုင်းနဲ့ နောက်ကျောနေရာမှာ အဆီတွေစုနေတတ်ပါတယ်။ အမျိုးသားတွေမှာ
ဒီလိုကျွဲပုခုံးပြဿနာမဖြစ်တာက သူတို့ရဲ့ Testosterone အဆင့် မြင့်မားနေတာကြောင့်ပါ။
အသက် ၄ဝ အရွယ်ရောက်သွားတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ အသက် ၂ဝ မှာရှိတဲ့
Testosterone ပမာဏရဲ့ ထက်ဝက်သာကျန်ရှိနေပြီး မီးယပ်သွေးဆုံးပြီး နောက်ပိုင်း
Testosterone အဆင့်တွေ သိသိသာသာ လျော့ကျသွားတာကြောင့် လိင်စိတ်သားစိတ်လျော့နည်းသွားရတာပါ။
ဖြေရှင်းနည်း
-
သွေးတွင်းသကြားဓာတ်မြင့်မားတာက Testosterone ထုတ်လုပ်မှုကို လျော့ကျစေနိုင်တဲ့အတွက်
အချိုစာတွေကို ရှောင်ပါ။
-
အိုမီဂါ ၃ အဆီများများစားပါ။ ဒီအဆီက Testosterone ထုတ်လုပ်မှုအတွက် လိုအပ်တာကြောင့်ပါ။
ဆယ်လ်မွန်၊ ငါးသလောက်၊ ငါးသေတ္တာလိုမျိုး အစာတွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်စားပေးပါ။
-
အလေးနဲ့ လေ့ကျင့်ခန်းလုပ်ပါ။ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို အသုံးပြုရတဲ့ လမ်းလျှောက် လေ့ကျင့်ခန်းတွေကလည်း
အရိုးနဲ့ ကြွက်သားပေါ်မှာ ဖိအားသက်ရောက်မှု ရှိနိုင်တဲ့အတွက် ကြွက်သားတွေမှ စွမ်းအင်တွေ
ပိုမိုရရှိဖို့ Testosterone တွေ ပိုထွက်လာနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံးသုံးကြိမ်
အလေးမလေ့ကျင့်ခန်းပြုလုပ်ပါ။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
