Print

Hallucination ထင်ယောင်ထင်မှားဖြစ်ခြင်း

  05-Jan-2020
Preview Image

အမှန်တကယ်မရှိသော အရာကိုရှိသည်၊ ဖြစ်သည်ဟု ထင်မြင်နေခြင်းကို Hallucination ဟုခေါ်သည်။ ထင်ယောင်ထင်မှားဖြစ်ရာ၌ မရှိသည်ကိုမြင်ခြင်း၊ မရှိသောအရာနှင့် ထိတွေ့သည်ဟု ခံစားမိခြင်း၊ မကြားရဘဲနှင့် ကြားယောင်နေခြင်း စသဖြင့် အမျိုးမျိုးရှိသည်။ ထိုသို့ဖြစ်ခြင်းသည် ဖျားနာခြင်းနှင့် ကယောင်ကတမ်းဖြစ်ခြင်းတို့၌လည်း တွေ့ရသော်လည်း အဓိကအားဖြင့် စိတ်ရောဂါဝေဒနာရှင်များတွင်သာ ဖြစ်လေ့ရှိပါသည်။ (Delirium နှင့် mental illness တို့တွင် ဖတ်ရှုပါ။) စိတ်ရောဂါများအနက် စိတ်ကစဉ်ပကလျားရောဂါ (Schizophrenia) ကြောင့် သော်လည်းကောင်း၊ ဆေးဝါးများကြောင့် သော်လည်းကောင်းဖြစ်နိုင်သည်။ (ဥပမာ - LSD) ထင်ယောင်ထင်မှားဖြစ်ခြင်း (hallucination) သည်တစ်ခါ

တစ်ရံတွင် ယုံမှားလွန်ခြင်း (Delusion) နှင့် ဆင်တူသည်ကို တွေ့ရသည်။ Delusion မှာ အမှန်တကယ်ရှိသော အရာကို ထင်မှတ်မှုမှားယွင်းခြင်း ဖြစ်၏။ နံရံလွတ်တစ်ခုကိုစိုက်ကြည့်ပြီး ကနေသောရုပ်ပုံများ မြင်နေရသည်ဆိုသောလူနာများ Hallucination ရောဂါရှင်ဖြစ်ပြီး ဈေးသည်နှင့် စကားပြောနေသောဇနီးသည်ကို ယောကျ်ားတစ်ယောက်နဲ့ တွေ့ဆုံရန် ချိန်းဆိုနေသကဲ့သို့ ကြားယောင်နေသော လူနာသည်ကား Delusion ဝေဒနာရှင် တစ်ဦးဖြစ်၏။


Credit : ဒေါက်တာမေမိုးနွယ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18