သွားကြိတ်ခြင်း၊ အံကြိတ်ခြင်း
01-Mar-2017သွားကြိတ်ခြင်း၊ အံကြိတ်ခြင်းသည် နေ့အခါတွင် မိမိကိုယ်မိမိသတိမထားဘဲဖြစ်နိုင်သကဲ့သို့ ညဘက်အိပ်နေသောအချိန်မှာလည်း ဖြစ်နိုင်ပါသည်။ အကယ်၍ ညဘက်အိပ်နေချိန်တွင်ဖြစ်ပါက ဟောက်ခြင်း၊ အသက်ရှူ ခဏရပ်သွားခြင်းများနှင့်လည်းတွဲ၍ဖြစ်တတ်ပါသည်။
လက္ခဏာများ
- သွားကြိတ်ခြင်းသည် အိပ်ပျော်နေရာမှ နိုးလောက်အောင် ကျယ်လောင်ခြင်း
- သွားများ အက်ခြင်း၊ ပဲ့ခြင်း၊ နဲ့လာခြင်း
- သွားများ၏ အပေါ်ကြွေလွှာ ပျက်စီးခြင်း
- သာမန်ထက်ပို၍ သွားကျဉ်ခြင်း
- မျက်နှာ/ မေးရိုးရှိ ကြွက်သားများ နာခြင်း၊ တင်းခြင်း၊ ကိုက်ခဲခြင်း
- နားထင်နားတဝိုက် ခေါင်းကိုက်ခြင်း
- ပါးစပ်အတွင်းသားများကို ကိုက်မိပြီး ဒဏ်ရာရခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားရသည့် အကြောင်းအရင်းကို တိတိကျကျ မပြောနိုင်ပေ။ ဖြစ်နိုင်ချေရှိသော အကြောင်းများမှာ
- သွားပုံစံအနေအထား မမှန်ခြင်း
- အိပ်နေစဉ် အသက်ရှူရပ်သွားခြင်း
- အစာချေရည် လျှံတက်ခြင်း
- ကလေးငယ်များတွင် နားကိုက်ခြင်း၊ သွားပေါက်ခြင်းတို့မှ နာကျင်မှုကို တုံ့ပြန်ခြင်း
ဖြစ်နိုင်ချေများသူများ
- စိတ်ဖိစီးမှုများသူများ
- ယှဉ်ပြိုင်မှုများပြီး တတ်တတ်ကြွကြွလုပ်ဆောင်တတ်သော ကိုုယ်ရည်ကိုယ်သွေးရှိသူများ
- အံကြိတ်ခြင်းကို အလေ့အကျင့်ဖြစ်နေသူများ
- စိတ်ကျရောဂါ သက်သာဆေး၊ အတတ်ရောဂါသက်သာဆေး သောက်နေသူများ
- ဆေးလိပ်၊ အရက်၊ ကဖင်းဓာတ်ပါသောအရည်များကို အလွန်အကျွံသောက်သူများ
- စိတ်ကြွဆေးသုံးစွဲသူများ
နောက်ဆက်တွဲ ပြဿနာများ
- သွားများပျက်စီး၍ ပြုပြင်ရခြင်း
- မကြာခဏခေါင်းကိုက်ခြင်း
- မျက်နှာရှိ ကြွက်သားများနာကျင်ခြင်း
- ပါးစပ် အဖွင့်၊ အပိတ်တွင် မေးရိုးနေရာ (Temporo-mandibular Joint) မှ အသံမြည်ခြင်း
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- သွားများ ပျက်စီးလာခြင်း၊ သာမန်ထက်ပို၍ သွားကျဉ််လာခြင်း
- မျက်နှာ၊ မေးရိုး၊ နားများ ကိုက်ခြင်း၊ နာကျင်လာခြင်း
- သင့်သွားကြိတ်သံကြောင့် တူတူအိပ်နေသူများ နိုးလာခြင်း
- ပါးစပ် အဖွင့်၊ အပိတ် ပြုလုပ်၍မရတော့ခြင်း
စစ်ဆေးမှုများ
သွားဆရာဝန်နှင့် ၆လ တကြိမ် သွားစစ်ဆေးမှုပြုလုပ်ခြင်းဖြင့် သွားကြိတ်ခြင်းကြောင့်ဖြစ်သော လက္ခဏာများ ရှိ/မရှိကို သိရှိမှာဖြစ်ပါသည်။
ကုသခြင်း
သွားကြိတ်တတ်သူအများစုမှာ ကုသမှုခံယူရန် မလိုအပ်ပါ။ သွားကြိတ်ခြင်း အလွန်ဆိုးရွားလျှင် သွားဆရာဝန်နှင့်ပြသ၍ ကုသမှုခံယူခြင်း၊ စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု ပြုလုပ်ခြင်း၊ ဆရာဝန်နှင့် တိုင်ပင်၍ ဆေးကုသမှုခံယူခြင်းများ ပြုလုပ်နိုင်ပါသည်။
ကာကွယ်ခြင်း
- စိတ်ဖိစီးမှုကို လျှော့ချပါ။
- ညနေပိုင်းတွင် ကဖင်းပါသော အရည်များ၊ ဆေးလိပ်နှင့် အရက်သောက်ခြင်းများကို
ရှောင်ကြဉ်ပါ။
- တနေ့အိပ်ချိန် ၈နာရီ ပြည့်အောင် အိပ်ပါ။
- အနည်းဆုံး ၆လတခါ သွားဆရာဝန်နှင့် သွားစစ်ဆေးမှု ပြုလုပ်ပါ။
အခြားသိသင့်သော အချက်များ
သွားကြိတ်တတ်သောအကျင့်ရှိပါက လျှာထိပ်ကို အပေါ်သွားနှင့်အောက်သွားကြားတွင် ဖွဖွလေးကိုက်ထားခြင်းဖြင့် သွားကြိတ်တတ်သည့် အကျင့်ပျောက်အောင်လေ့ကျင့်နိုင်ပါသည်။
Ref: Mayo clinic
Dr.Jink