Print

၃ရက် နဲ့တစ်ပတ်အတွင်းမှာ ဝက်ခြံအမာရွတ်တွေ သူ့အလိုလို ပျောက်သွားနိုင်တဲ့...

  10-Jan-2020
Preview Image

ဆယ်ကျော်သက်ရွယ်ကစလို့၊ သွေးဆုံးပြီးနောက် ၃ နှစ်ခန့်တိုင်အောင် ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့် အမျိုးသား၊ အမျိုးသမီး ၁ဝ ဦးမှာ ပျမ်းမျှအားဖြင့် ၉.၉၉ ဦးခန့် အနည်းနဲ့အများဆိုသလို ဝက်ခြံမပေါက်ဖူးတဲ့သူရယ်လို ့မရှိကြပါဘူး။ ကျန် ဝ.ဝ၁ ဦး ကတော့ ရှားပါးလွန်းတဲ့ အသားအရေကံထူးရှင်တွေလို့ဆိုနိုင်ပါတယ်။ အသင့်အတင့် ဝက်ခြံပေါက်ပြီး နောက် ၃ ရက် နဲ့၁ ပတ် အတွင်းမှာ အမာရွတ်တွေ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အချို့အသားအရေ ပိုင်ရှင်တွေမှာတော့ ရုပ်အလှပျက်လောက်အောင် ဝက်ခြံအမာရွတ်တွေ စွဲကျန် နေရစ်ခဲ့ရှာတုန်းပါဘဲ။ အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးနည်းလမ်း (၅) သွယ်ထဲက တစ်ခုခုနဲ့ အဆင်ပြေသွားပြီ ဆိုရင်တော့ သင့်မျက်နှာပေါ် ဝက်ခြံအမာရွတ်တွေကို ….. တာ့တာလို့သာ ဆိုလိုက်ပါတော့နော်။

( ၁ ) နံ့သာဖြူမှုန့်နဲ့ နှင်းဆီရည်

နံ့သာဖြူမှုန့်နဲ့နှင်းဆီရေကို ပျစ်ပျစ်ဖျော်စပ်ပြီး၊ အမာရွတ်ပေါ်တိုက်ရိုက် လိမ်းပေးပါ။ အချိန် ၁ နာရီကျော်ထားပါ ( သို့မဟုတ် ) တစ်ညလုံးလိမ်း အိပ်နိုင်ပါတယ်။ ပြီးရင် ရေအေးဖြင့် မျက်နှာသစ်လိုက်ပါ။ အသားအရေအေးမြတဲ့ ခံစားမှုကို ချက်ချင်း သိရမှာပါ။ အမာရွတ်တွေ သိသိသာသာ လျော့ပါးသက်သာ လာစေပါတယ်။ ( Rosewater လို့ခေါ်တဲ့ နှင်းဆီရေကို အလှကုန် ပစ္စည်းဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ် )

( ၂ ) သံလွင်ဆီ

သံလွင်ဆီနဲ့အမာရွတ်ကို နေ့စဉ်လိမ်းပေး ကြည့်ပါနော်။ အစိုဓာတ်ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီ အစွမ်းကြောင့် အသားအရေ နူးညံ့ချောမွတ်ကာ အမာရွတ်တွေလည်း ပြေပျောက်သွားနိုင်ပြီပေါ့ရှင်။

( ၃ ) သခွားသီး


အသားအရေထိန်း အလှကုန်ပစ္စည်းတွေကို ဘာ့ကြောင့် သခွားသီးနဲ့ဖော်စပ်ထုတ်လုပ် ထားရပါသလဲ၊ အဖြေကတော့ ရှင်းရှင်းလေးပါ။ သခွားရည်က အသားရေကို နူးညံ့ချောမွေ ့အေးမြစေပြီး၊ ဝက်ခြံ အမာရွတ်တွေကိုလည်း ပျောက်ကင်းသက်သာ စေလို့ပါဘဲ။

( ၄ ) ရှားစောင်းလက်ပက်


ရှေးယခင်ကစလို့ ရှားစောင်းလက်ပက်ပင်ရဲ့ ဂျယ်လီတွေကို အသားအရေအတွက် အိမ်တွင်း သမားတော်အဖြစ် သုံးစွဲလာခဲ့ကြပါတယ်။ သူကမျက်နှာ အသားအရေကို ကျန်းမာသိပ်သည်းကြံ့ခိုင်စေပြီး တင်းတိပ်၊ ဝက်ခြံ နဲ့ဝက်ခြံကြောင့်
စွဲကျန်ရစ်တဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်း စေတယ်နော်။

( ၅ ) ရေ

တစ်နေ့ကို သောက်ရေဖန်ခွက် ၈ ခွက် စာထက်မနဲသောက်ဖြစ်အောင် သောက်ကြနော်။ ရေသောက်ခြင်းက ခန္ဒာကိုယ် အရေပြားရှိ အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်စေပြီး၊ အရေပြားဆဲလ် အသစ်များကို မွေးဖွားပေးကာ၊ ဝက်ခြံကြောင့် ဖြစ်တဲ့ ဆဲလ်အသေတွေ၊ အမာရွတ်တွေကို ဖယ်ရှားသန့်စင်စေပေးတယ်လေ။

Credit : Daily Health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18