Print

ဗီတာမင်စီလွန်ကဲခြင်း

  12-Jan-2020
Preview Image

- အစားအစာများမှရရှိသည့် ဗီတာမင်စီကြောင့် လွန်ကဲသွားသည်ဟု မရှိပါ။ သို့သော် ဗီတာမင်စီဆေးပြားများကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ပါသည်။

- ဗီတာမင်စီကို နေ့စဉ် ၁၀၀၀ မီလီဂရမ်မှ ၂၀၀၀ မီလီဂရမ် သောက်သုံးခြင်းဖြင့် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်နိုင်ပါသည်။

- ဗီတာမင်စီသည် သံဓာတ်စုပ်ယူမှုကို အားပေးသဖြင့် ခန္ဓာကိုယ်အတွင်း သံဓာတ်များပြားနေသည့် ရောဂါရှိသူများသည် ဗီတာမင်စီအမြောက်အမြား ပါဝင်သောဆေးများကို မမှီဝဲသင့်ပါ။

- ကျောက်ကပ်တွင် ကျောက် (Oxalate stone and urate sone) တည်သည့်ရောဂါရှိ သူများသည်လည်း ဗီတာမင်စီ အမြောက်မြားပါဝင်သော ဆေးများကို မမှီဝဲသင့်ပါ။

- ဗီတာမင်စီ အများအပြားစားသုံးပါက ဆီးတွင် သကြားဓာတ်ပမာဏကို ဓာတ်ခွဲ စစ်ဆေးခြင်း၊ မစင်တွင် သွေး (Ocult blood) ပါ မပါ ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများမှ မှားယွင်းသောအဖြေများ ထွက်နိုင်ပါသည်။

- ဗီတာမင်စီကို ရက်ရှည်လများ ကြာမြင့်စွာ အမြောက်အမြားစားသုံးနေရာမှ တိခနဲ ရပ်လိုက်လျှင် Scurvy လက္ခဏာများ ဖြစ်လာနိုင်ပါသည်။ ထိုအခြေအနေကို Rebound scurvy ဟု ခေါ်ပါသည်။

- ကိုယ်ဝန်ဆောင်မိခင်သည် ဗီတာမင်စီကို ရက်ရှည်လများ ကြာမြင့်စွာ အမြောက်အမြား စားသုံးပါက မွေးလာသည့် ကလေးသည် မွေးကင်းစအရွယ်တွင် Rebound scurvy လက္ခဏာများ ခံစားရနိုင်ပါသည်။

Credit : ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18