ဘယ်လိုသားဆက်ခြားနည်းလမ်းတွေက စိတ်ချရသလဲ
21-Jan-2020သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုနေပေမဲ့ ကိုယ်ဝန်ဆောင်သွားတာကို တွေ့ဖူးပါတယ်။ ဘယ်လို သားဆက်ခြားနည်းလမ်းတွေက စိတ်ချရသလဲ။ ၁၀၀ ရာခိုင်နှုန်းအပြည့်စိတ်ချရတဲ့ သားဆက်ခြားနည်းရယ်လို့တော့ မရှိပါဘူး။ နည်းမှန်လမ်းမှန် အသုံးပြုနေပေမယ့် အနည်းနဲ့အများတော့ ကိုယ်ဝန်ရနိုင်ချေ ရှိပါတယ်။ ၃ လခံထိုးဆေး Depo-provera ကို သုံးနေတဲ့ အမျိုးသမီး ၁၀၀ မှာ ဝ.၁ ယောက်ကနေ ၂ ယောက်ဟာ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေ ရှိပါတယ်။ ဟော်မုန်း ၂ မျိုးပါတဲ့ သောက်ဆေးကို သုံးနေတဲ့ အမျိုးသမီး ၁၀၀ ယောက်မှာ ဝ.၁ ယောက်ကနေ ၁ ယောက်ဟာ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေ ရှိပါတယ်။ လက်မောင်းထဲ ပစ္စည်းထည့်တဲ့ သားဆက်ခြားတဲ့ (Implanon သုံးတဲ့) အမျိုးသမီး ၁၀၀၀ မှာ ၁ ယောက်က တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ သားအိမ်ထဲ ပစ္စည်းထည့်ပြီး ကိုယ်ဝန်တားနေတဲ့ အမျိုးသမီး ၁၀၀ မှာ ၁ ယောက်ကနေ ၂ ယောက်ဟာ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေ ရှိပါတယ်။ သာကြောဖြတ်တဲ့ အမျိုးသမီး ၁၀၀ မှာ ဝ.၁၃ ယောက်ဟာ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။ (သားကြောဖြတ်ထားတဲ့ အမျိုးသမီး ၁၀၀၀၀ မှာ ၁၃ ယောက်ဟာ တစ်နှစ်အတွင် ကိုယ်ဝန်ရရှိနိုင်ပါတယ်) အမျိုးသားရဲ့ သုက်ကောင်လွတ်တဲ့အကြော (သားကြော ဖြတ်ထားတဲ့ စုံတွဲတွေမှာဆိုရင် အမျိုးသမီး ၁၀၀၀၀ မှာ ၂ ယောက်ဟာ တစ်နှစ်အတွင်း ကိုယ်ဝန်ရရှိနိုင်ပါတယ်။ အထက်ပါပြောပြခဲ့တဲ့ ကိုယ်ဥန်ရနိုင်ခြေ (Failure rate) ကို ကြည့်ပြီး ဘယ်နည်းလမ်းက ပိုပြီးစိတ်ချရနိုင်တယ်ဆိုတာ မိမိကိုယ်တိုင် တွက်ချက်ကြည့်နိုင်ပါတယ်။
Credit : ဒေါက်တာငြိမ်းချမ်းအောင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။