Print

မိမိကိုယ်တိုင်စိတ်ချမ်းသာဖို့

  23-Jan-2020
Preview Image

လူတိုင်း စိတ်ချမ်းသာလိုကြမည်ဖြစ်သည်။ စိတ်ချမ်းသာလိုလျှင် စိတ်ချမ်းသာအောင် နေတတ်ဖို့ အရေးကြီးသည်။ စိတ်ချမ်းသာစေရန် အောက်ဖော်ပြပါ အချက်များကို လိုက်နာဆောင်ရွက်ကြပါဟု အကြံပေးလိုက်ပါရစေ။
• အသေးအမွှားကိစ္စအတွက် စိတ်ညစ်မခံပါနှင့်၊ စိတ်ရှုပ်မခံပါနှင့်။
• မိမိကိုယ်မိမိ ချစ်တတ်ပါစေ။ မိမိကိုယ်မိမိ ချစ်တတ်မှ အခြားသူများကိုလည်း ချစ်တတ်ပါလိမ့်မည်။
• သင်ကိုယ်တိုင် ပျော်အောင်နေပါ။ သင်ပျော်မှသာလျှင် ပျော်ရွှင်တတ်သူများ သင့်ထံရောက်လာ ပါလိမ့်မည်။
• တစ်ခါတစ်ရံ ငြင်းပယ်ရန် အားမနာပါနှင့်။ စိတ်မပါဘဲ လိုက်နာဆောင်ရွက်ရခြင်းသည် စိတ်ချမ်းသာမှုအတွက် အနှောင့်အယှက်တစ်မျိုး ဖြစ်သည်။
• မိမိစွမ်းဆောင်နိုင်မှုကို အမှန်အတိုင်းသိပါစေ၊ သိအောင် ကြိုးစားထားပါ။
• မိမိအား နှိမ်ချပြောဆိုမှုမခံနိုင်ပါနှင့်။ ယင်းသို့ မဖြစ်အောင်လည်း ဂရုစိုက်ဆင်ခြင်နေထိုင်ပါ။
• တစ်ပတ်လျှင် တစ်ကြိမ် မိမိအနှစ်သက်ဆုံး၊ ကျေနပ်မှုအရှိဆုံး၊ ပျော်ရွှင်စရာအဖြစ်ဆုံး လုပ်ရပ်တစ်ခု လုပ်ဆောင်ပါ။
• တစ်စုံတစ်ရာ အဆိုးတစ်ခုဖြစ်လျှင်၊ ကြုံတွေ့ရလျှင် အကောင်းဘက်ကရှုမြင်တတ်အောင် ကြိုးစားပါ။
• မိမိခံစားချက်ကို ဖော်ထုတ်ပါ။ အတင်းအကြပ် မျိုသိပ်မထားပါနှင့်။
• မသေချာမှုအတွက် မဆုံးဖြတ်ပါနှင့်။ မသုံးသပ်ပါနှင့်။ ဆုံးဖြတ်ချက်ချရာ၌ တိကျသေချာမှု ရှိပါစေ။
• လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ပါ။ လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်သင့်သည်။

Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18