တွေ့ရာလူနှင့် လိင်ဆက်ဆံခြင်း
27-Jan-2020ယောကျ်ားကလေးများတွင် လိင်စိတ်ပြင်းသည့်ရောဂါ ရှိတတ်သော်လည်း တွေ့ရာလူနှင့်
ဆက်ဆံသည့် ရောဂါကိုမူ မိန်းကလေးများရော ယောကျ်ားလေးများတွင်ပါ တွေ့ရတတ်သည်။ လူပေါင်းစုံနှင့်
လိင်ဆက်ဆံမှု ရှိခြင်းသည် ညှိယူလွဲသည့် အပြုအမူ တစ်ရပ်ဖြစ်၏။ တွေ့ရာလူနှင့်
ဆက်ဆံသည့် အပြုအမူမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ငယ်စဉ်က မိဘများ၏
ငြင်းပယ်မှု ခံခဲ့ရခြင်းသည် အကြောင်းရင်းတစ်ခု ဖြစ်၏။ ထိုသူတို့အတွက်
လိင်ဆက်ဆံမှုဆိုသည်မှာ လိုလားမှုရခြင်း၊ ချစ်ခင်မှုရခြင်း ဖြစ်ပေသည်။
အချစ်ငတ်နေသူတို့အဖို့ မည်သူ့ထံမှ ချစ်ခင်လိုလားမှုကိုမဆို ရယူလိုပေမည်။
အချို့မှာမူ အစွမ်းအစမရှိသူဟု ကိုယ်တိုင်ခံစား နေရခြင်းကြောင့် ဖြစ်နိုင်သည်။
ဤသို့ ဆက်ဆံခြင်းဖြင့် အရေးပါလှသော လူကြီးတစ်ယောက်အဖြစ် ခံစားရသည်။ အချို့မှာ
ဖိနှိပ်ထားသော ရန်လိုမှုကြောင့် ဖြစ်တတ်သည်။ မိဘများက စည်းကမ်းတင်းကျပ်လွန်းခြင်း၊
ချုပ်ချယ်လွန်းခြင်းကြောင့် သူသည် လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားသည့်
စည်းကမ်းတို့အား ချိုးဖောက်၍ ဆန့်ကျင် တုံ့ပြန်နေခြင်းလည်း ဖြစ်နိုင်သည်။
ဤပြဿနာမှာလည်း ယေဘုယအားဖြင့် စိတ်ကြောင်းရင်းခံဖြစ်ရာ ပြဿနာအရင်းအမြစ်အား
ရှာဖွေဖြေရှင်းသင့်လှပေသည်။
Credit : ခင်မောင်သန်း (စိတ်ပညာ)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။